ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးတင္ဦးလြင္ ေအာင္ေဇယ်ရပ္ကြက္ရွိ မဲဆႏၵရွင္ျပည္သူမ်ားႏွင့္ေတြ႕ဆုံ

ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးတင္ဦးလြင္ ေအာင္ေဇယ်ရပ္ကြက္ရွိ မဲဆႏၵရွင္ျပည္သူမ်ားႏွင့္ေတြ႕ဆုံ
=============================
ဒီဇင္ဘာ ၁၊ ေဇယ်ာသီရိ

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ေဇယ်ာသီရိၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးခင္ရီ၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးတင္ဦးလြင္တို႔သည္ ၂၉-၁၁-၂၀၂၅ ရက္ေန႔ နံနက္ပိုင္းတြင္ ေဇယ်ာသီရိၿမိဳ႕နယ္ ေအာင္ေဇယ်ရပ္ကြက္သို႔ သြားေရာက္ၿပီး မဲဆႏၵရွင္မ်ားအား ေတြ႕ဆုံကာ မဲဆြယ္စည္း႐ုံးေဟာေျပာခဲ့ပါသည္။

ေရွးဦးစြာ ပါတီဥကၠ႒ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးခင္ရီက ကိုယ္စားလွယ္ေလာင္း၏ ကိုယ္ေရးအခ်က္အလက္မ်ား မိတ္ဆက္ၿပီး ေ႐ြးေကာက္ပြဲသည္ ျပည္သူမ်ား၏ အနာဂတ္အတြက္ အေရးပါအရာေရာက္မႈ၊ မဲေပးရမည့္ မဲဆႏၵရွင္မ်ားအားလုံး ျပည္သူတစ္ဦးေက်ပြန္ရမည့္ တာဝန္ျဖစ္သည့္ မပ်က္မကြက္ မဲေပးေရး၊ ေပးရာတြင္လည္း ေသခ်ာစဥ္းစားဆုံးျဖတ္ၿပီး အမွန္တကယ္ေဆာင္႐ြက္ႏိုင္ေသာသူ အေတြ႕အႀကဳံရွိေသာသူ အဆင္းေရာအခ်င္းေရာျပည့္စုံေသာသူကို ေ႐ြးခ်ယ္ေပးဖို႔လိုေၾကာင္း၊ မိမိအပါအဝင္ မိမိတို႔ပါတီက ဝင္ေရာက္အေ႐ြးခ်ယ္ခံၾကမည့္ ကိုယ္စားလွယ္ေလာင္းမ်ားဟာ အဆိုပါအရည္အခ်င္းမ်ားႏွင့္ ျပည့္စုံပါေၾကာင္း၊ ဒီေဇယ်ာသီရိၿမိဳ႕နယ္ ျပည္သူေတြရဲ႕ အနာဂတ္ေတြ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ ေဆာင္႐ြက္ေပးရန္အတြက္ မိမိတို႔ႏွစ္ဦးက အဆင္သင့္ရွိေနၿပီျဖစ္ေၾကာင္း၊ မိမိတို႔ ျပည္ခိုင္ၿဖိဳးပါတီ ျခေသၤ့တံဆိပ္အား ေ႐ြးခ်ယ္မဲေပးၾကရန္ ေျပာဆိုမဲဆြယ္စည္း႐ုံးခဲ့ပါသည္။

ဆက္လက္ၿပီး ပါတီဥကၠ႒ ဦးခင္ရီက ေ႐ြးေကာက္ပြဲတြင္ မဲေပးရမည့္ပုံစံႏွင့္ နည္းစနစ္မ်ားအား မဲေပးစက္ပုံစံတူျဖင့္ လက္ေတြ႕သ႐ုပ္ျပရွင္းလင္းျပသပါသည္။ ၎ေနာက္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးတင္ဦးလြင္မွ ကိုယ္စားလွယ္ေလာင္း၏ ကိုယ္ေရးအခ်က္အလက္မ်ားမိတ္ဆက္ျခင္း၊ ေ႐ြးေကာက္ပြဲတြင္ မဲ႐ုံသို႔သြားေရာက္၍ မိမိတို႔ႏွစ္ဦးအား ဆႏၵမဲေပးေရးကိစၥရပ္မ်ားအား ရွင္းလင္းေျပာၾကားခဲ့ပါသည္။


ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင် အောင်ဇေယျရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ
=============================
ဒီဇင်ဘာ ၁၊ ဇေယျာသီရိ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင်တို့သည် ၂၉-၁၁-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် အောင်ဇေယျရပ်ကွက်သို့ သွားရောက်ပြီး မဲဆန္ဒရှင်များအား တွေ့ဆုံကာ မဲဆွယ်စည်းရုံးဟောပြောခဲ့ပါသည်။

ရှေးဦးစွာ ပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီက ကိုယ်စားလှယ်လောင်း၏ ကိုယ်ရေးအချက်အလက်များ မိတ်ဆက်ပြီး ရွေးကောက်ပွဲသည် ပြည်သူများ၏ အနာဂတ်အတွက် အရေးပါအရာရောက်မှု၊ မဲပေးရမည့် မဲဆန္ဒရှင်များအားလုံး ပြည်သူတစ်ဦးကျေပွန်ရမည့် တာဝန်ဖြစ်သည့် မပျက်မကွက် မဲပေးရေး၊ ပေးရာတွင်လည်း သေချာစဉ်းစားဆုံးဖြတ်ပြီး အမှန်တကယ်ဆောင်ရွက်နိုင်သောသူ အတွေ့အကြုံရှိသောသူ အဆင်းရောအချင်းရောပြည့်စုံသောသူကို ရွေးချယ်ပေးဖို့လိုကြောင်း၊ မိမိအပါအဝင် မိမိတို့ပါတီက ဝင်ရောက်အရွေးချယ်ခံကြမည့် ကိုယ်စားလှယ်လောင်းများဟာ အဆိုပါအရည်အချင်းများနှင့် ပြည့်စုံပါကြောင်း၊ ဒီဇေယျာသီရိမြို့နယ် ပြည်သူတွေရဲ့ အနာဂတ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ပေးရန်အတွက် မိမိတို့နှစ်ဦးက အဆင်သင့်ရှိနေပြီဖြစ်ကြောင်း၊ မိမိတို့ ပြည်ခိုင်ဖြိုးပါတီ ခြင်္သေ့တံဆိပ်အား ရွေးချယ်မဲပေးကြရန် ပြောဆိုမဲဆွယ်စည်းရုံးခဲ့ပါသည်။

ဆက်လက်ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီက ရွေးကောက်ပွဲတွင် မဲပေးရမည့်ပုံစံနှင့် နည်းစနစ်များအား မဲပေးစက်ပုံစံတူဖြင့် လက်တွေ့သရုပ်ပြရှင်းလင်းပြသပါသည်။ ၎င်းနောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင်မှ ကိုယ်စားလှယ်လောင်း၏ ကိုယ်ရေးအချက်အလက်များမိတ်ဆက်ခြင်း၊ ရွေးကောက်ပွဲတွင် မဲရုံသို့သွားရောက်၍ မိမိတို့နှစ်ဦးအား ဆန္ဒမဲပေးရေးကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။