ျပည္ခိုင္ၿဖိဳးပါတီ ဒုတိယဥကၠ႒ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးမ်ိဳးေဇာ္သိမ္း ေပါက္ေခါင္ ၿမိဳ႕နယ္ပါတီစည္း႐ုံးေရးမႉးမ်ားႏွင့္ေတြ႕ဆုံ


ျပည္ခိုင္ၿဖိဳးပါတီ ဒုတိယဥကၠ႒ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးမ်ိဳးေဇာ္သိမ္း ေပါက္ေခါင္ ၿမိဳ႕နယ္ပါတီစည္း႐ုံးေရးမႉးမ်ားႏွင့္ေတြ႕ဆုံ
==================
ေပါက္ေခါင္း ႏိုတင္ဘာ ၃၀
ျပည္ခိုင္ၿဖိဳးပါတီ ဒုတိယဥကၠ႒၊ ေပါက္ေခါင္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးမ်ိဳးေဇာ္သိမ္းသည္ ေပါက္ေခါင္းၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးသန္းထူးေအာင္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးၿဖိဳးျမင့္သူတို႔ႏွင့္အတူ ၂၀၂၅ခုႏွစ္၊ ႏိုတင္ဘာလ ၃၀ရက္ေန႔တြင္ ေပါက္ေခါင္းၿမိဳ႕နယ္ အတြင္းရွိ ျပည္ခိုင္ၿဖိဳးပါတီစည္း႐ုံးေရးမႉးမ်ားႏွင့္ေတြ႕ဆုံ၍ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးကိစၥမ်ား ေဆြးေႏြးေျပာၾကားခဲ့ပါသည္။
အခမ္းအနားတြင္ ဒုတိယဥကၠ႒ႏွင့္ တက္ေရာက္လာၾကသူမ်ားက ေရွးဦးစြာ ႏိုင္ငံေတာ္သီခ်င္းအား သံၿပိဳင္သီဆိုခဲ့ၾကၿပီး ဒုတိယဥကၠ႒က အမွာစကားေျပာၾကားရာတြင္ ပါတီ၏ ေ႐ြးေကာက္ပြဲေၾကညာစာတမ္းပါ ေဒသႏွင့္အက်ဳံးဝင္ကိုက္ညီသည့္အခ်က္မ်ားအား ျပည္သူလူထု သိရွိႏိုင္ေရး၊ ျပည္သူမ်ားမဲေပးႏိုင္ရန္ မဲစာရင္းမ်ားပါရွိေရးစသည့္ ေဒသအတြင္း စည္း႐ုံးေရးေဆာင္႐ြက္ထားရွိမႈ အေျခအေနမ်ားႏွင့္ မဲ႐ုံနယ္ေျမမ်ားအလိုက္ ေဒသခံျပည္သူမ်ား၏ လိုအပ္ခ်က္အေျခအေနမ်ားအား ေဆြးေႏြးေျပာၾကားခဲ့ပါသည္။
ထို႔ေနာက္ ဒုတိယဥကၠ႒သည္ တက္ေရာက္လာၾကသူမ်ားမွ သိလိုသည့္ ေမးျမန္းမႈအေပၚ ျပန္လည္ေျဖၾကားခဲ့ၿပီး လိုအပ္သည္မ်ားေပါင္းစပ္ျဖည့္စြက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်သိမ်း ပေါက်ခေါင် မြို့နယ်ပါတီစည်းရုံးရေးမှူးများနှင့်တွေ့ဆုံ
==================
ပေါက်ခေါင်း နိုတင်ဘာ ၃၀
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်သိမ်းသည် ပေါက်ခေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းထူးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးမြင့်သူတို့နှင့်အတူ ၂၀၂၅ခုနှစ်၊ နိုတင်ဘာလ ၃၀ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ် အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူးများနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စများ ဆွေးနွေးပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် ဒုတိယဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက ရှေးဦးစွာ နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုခဲ့ကြပြီး ဒုတိယဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းပါ ဒေသနှင့်အကျုံးဝင်ကိုက်ညီသည့်အချက်များအား ပြည်သူလူထု သိရှိနိုင်ရေး၊ ပြည်သူများမဲပေးနိုင်ရန် မဲစာရင်းများပါရှိရေးစသည့် ဒေသအတွင်း စည်းရုံးရေးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မဲရုံနယ်မြေများအလိုက် ဒေသခံပြည်သူများ၏ လိုအပ်ချက်အခြေအနေများအား ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဥက္ကဋ္ဌသည် တက်ရောက်လာကြသူများမှ သိလိုသည့် မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ဖြည့်စွက်ခဲ့ကြောင်း သတင်းရရှိပါသည်။




