ဆီးဂိမ္းစ္ယွဥ္မယ့္ ျမန္မာအမ်ိဳးသမီး အၿပီးသတ္ကစားသမား (၂၃) ဦး ေ႐ြးခ်ယ္

ဆီးဂိမ္းစ္ယွဥ္မယ့္ ျမန္မာအမ်ိဳးသမီး အၿပီးသတ္ကစားသမား (၂၃) ဦး ေ႐ြးခ်ယ္
======================
၃၃ ႀကိမ္ေျမာက္ ထိုင္းဆီးဂိမ္းစ္ ေဘာလုံးၿပိဳင္ပြဲဝင္မယ့္ ျမန္မာအမ်ိဳးသမီးအသင္းနည္းျပခ်ဳပ္ျဖစ္သူ ဂ်ပန္ႏိုင္ငံသား ယုကီတက္ဆူ႐ိုဟာ အၿပီးသတ္ကစားသမား ၂၃ ဦး ေ႐ြးခ်ယ္ထုတ္ျပန္လိုက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။

ျမန္မာအမ်ိဳးသမီးအသင္းဟာ ၃၃ ႀကိမ္ေျမာက္ ထိုင္းဆီးဂိမ္းစ္ ေဘာလုံးၿပိဳင္ပြဲဝင္ဖို ဒီဇင္ဘာ၂ ရက္မွာ ရန္ကုန္ၿမိဳ႕ကေန ထိုင္းႏိုင္ငံကို ထြက္ခြာမွာသြားမည္ျဖစ္ပါတယ္။

ထိုင္းဆီးဂိမ္းစ္ အမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲကို မူလက အသင္းရွစ္သင္း ပါဝင္ယွဥ္ၿပိဳင္ဖို႔ရွိေသာ္လည္း ယခုအခါ ကေမာၻဒီးယားအမ်ိဳးသမီးအသင္း ႏုတ္ထြက္သြားတာေၾကာင့္ အသင္းခုနစ္သင္းသာ ပါဝင္ယွဥ္ၿပိဳင္ေတာ့မွာျဖစ္ပါတယ္။

ၿပိဳင္ပြဲဝင္ အသင္းခုနစ္သင္းကို အုပ္စုႏွစ္ခု ခြဲထားၿပီး အုပ္စု (A) မွာ အိမ္ရွင္ထိုင္း၊ စင္ကာပူ၊ အင္ဒိုနီးရွား၊ အုပ္စု (B) မွာ ဗီယက္နမ္၊ ျမန္မာ၊ ဖိလစ္ပိုင္၊ မေလးရွားအသင္းတို႔ ပါဝင္​ေနပါတယ္။

အမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲကို ေခ်ာင္ဘူရီၿမိဳရွိ ကြင္းႏွစ္ကြင္းမွာ က်င္းပမွာ​ ျဖစ္ပါတယ္။

ျမန္မာအမ်ိဳးသမီးအသင္းဟာ အုပ္စုပြဲမ်ားအျဖစ္ ဒီဇင္ဘာ ၅ ရက္၊ ျမန္မာစံေတာ္ခ်ိန္ ေန႔လယ္ (၃) နာရီခြဲမွာ ဖိလစ္ပိုင္အသင္း၊ ဒီဇင္ဘာ ၈ ရက္၊ ျမန္မာစံေတာ္ခ်ိန္ ေန႔လယ္ (၃) နာရီခြဲမွာ မေလးရွားအသင္း၊ ဒီဇင္ဘာ ၁၁ ရက္၊ ျမန္မာစံေတာ္ခ်ိန္ ေန႔လယ္ (၃) နာရီခြဲမွာ ဗီယက္နမ္အသင္းတို႔နဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။

ျမန္မာအမ်ိဳးသမီးအသင္းကို အုပ္ခ်ဳပ္သူအျဖစ္ ဦးၾကည္လြင္၊ နည္းျပခ်ဳပ္အျဖစ္ ဂ်ပန္ႏိုင္ငံသား ယုကီတက္ဆူ႐ို၊ လက္ေထာက္နည္းျပမ်ားအျဖစ္ ေဒၚသူဇာေထြး၊ ေဒၚစန္းစန္းသိန္း၊ ေဒၚသက္သက္ဝင္း၊ ဂိုးနည္းျပအျဖစ္ ဦးစိန္ေအးတို႔က တာဝန္ယူ ကိုင္တြယ္ေနေၾကာင္း သိရပါတယ္။

Photo- MFF


ဆီးဂိမ်းစ်ယှဉ်မယ့် မြန်မာအမျိုးသမီး အပြီးသတ်ကစားသမား (၂၃) ဦး ရွေးချယ်
======================
၃၃ ကြိမ်မြောက် ထိုင်းဆီးဂိမ်းစ် ဘောလုံးပြိုင်ပွဲဝင်မယ့် မြန်မာအမျိုးသမီးအသင်းနည်းပြချုပ်ဖြစ်သူ ဂျပန်နိုင်ငံသား ယုကီတက်ဆူရိုဟာ အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ ၃၃ ကြိမ်မြောက် ထိုင်းဆီးဂိမ်းစ် ဘောလုံးပြိုင်ပွဲဝင်ဖို ဒီဇင်ဘာ၂ ရက်မှာ ရန်ကုန်မြို့ကနေ ထိုင်းနိုင်ငံကို ထွက်ခွာမှာသွားမည်ဖြစ်ပါတယ်။

ထိုင်းဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲကို မူလက အသင်းရှစ်သင်း ပါဝင်ယှဉ်ပြိုင်ဖို့ရှိသော်လည်း ယခုအခါ ကမ္ဘောဒီးယားအမျိုးသမီးအသင်း နုတ်ထွက်သွားတာကြောင့် အသင်းခုနစ်သင်းသာ ပါဝင်ယှဉ်ပြိုင်တော့မှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင် အသင်းခုနစ်သင်းကို အုပ်စုနှစ်ခု ခွဲထားပြီး အုပ်စု (A) မှာ အိမ်ရှင်ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ အုပ်စု (B) မှာ ဗီယက်နမ်၊ မြန်မာ၊ ဖိလစ်ပိုင်၊ မလေးရှားအသင်းတို့ ပါဝင်​နေပါတယ်။

အမျိုးသမီးဘောလုံးပြိုင်ပွဲကို ချောင်ဘူရီမြိုရှိ ကွင်းနှစ်ကွင်းမှာ ကျင်းပမှာ​ ဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုပွဲများအဖြစ် ဒီဇင်ဘာ ၅ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် (၃) နာရီခွဲမှာ ဖိလစ်ပိုင်အသင်း၊ ဒီဇင်ဘာ ၈ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် (၃) နာရီခွဲမှာ မလေးရှားအသင်း၊ ဒီဇင်ဘာ ၁၁ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် (၃) နာရီခွဲမှာ ဗီယက်နမ်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းကို အုပ်ချုပ်သူအဖြစ် ဦးကြည်လွင်၊ နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား ယုကီတက်ဆူရို၊ လက်ထောက်နည်းပြများအဖြစ် ဒေါ်သူဇာထွေး၊ ဒေါ်စန်းစန်းသိန်း၊ ဒေါ်သက်သက်ဝင်း၊ ဂိုးနည်းပြအဖြစ် ဦးစိန်အေးတို့က တာဝန်ယူ ကိုင်တွယ်နေကြောင်း သိရပါတယ်။

Photo- MFF