ဂ်ပန္၏ကာကြယ္ေရးအသုံးစရိတ္ျမႇင့္တင္ရန္ ႀကိဳးပမ္းမႈေၾကာင့္ စိုးရိမ္မႈမ်ားျဖစ္ေပၚေစ

ဂ်ပန္၏ကာကြယ္ေရးအသုံးစရိတ္ျမႇင့္တင္ရန္ ႀကိဳးပမ္းမႈေၾကာင့္ စိုးရိမ္မႈမ်ားျဖစ္ေပၚေစ
=================
ဂ်ပန္ႏိုင္ငံက ကာကြယ္ေရးအသုံးစရိတ္ကို အရွိန္အဟုန္ျဖင့္ျမႇင့္တင္ရန္ ႀကိဳးပမ္းေနျခင္းသည္ ေဒသတြင္း ႏွင့္ ႏိုင္ငံတကာ၌ စိုးရိမ္ပူပန္မႈမ်ားျဖစ္ေပၚေစေၾကာင္း သိရသည္။
ဝန္ႀကီးခ်ဳပ္ဆာနာအီတာကာအီခ်ီက ၂၀၂၅ ဘ႑ာႏွစ္တြင္ ကာကြယ္ေရးအသုံးစရိတ္ကို GDP ၏ ၂ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ရန္ရည္မွန္းထားၿပီး သတ္မွတ္ရက္ ထက္ေစာ၍ ေဆာင္႐ြက္ရန္ ရည္႐ြယ္ထားသည္။
ထို႔ေၾကာင့္ ကာကြယ္ေရးအသုံးစရိတ္သည္ ယန္း ၁၁ ထရီလီယံ နီးပါးအထိတိုးျမင့္ သြားႏိုင္ေၾကာင္း ခန႔္မွန္းရသည္။
ဂ်ပန္၏လုံၿခဳံေရးႏွင့္ကာကြယ္ေရးဆိုင္ရာစာတမ္းအသစ္မ်ားတြင္ ရန္သူ႔အေျခစိုက္စခန္းကို တိုက္ခိုက္ ႏိုင္စြမ္းရွိေစေရးဟူသည့္အခ်က္ ကိုထည့္သြင္းထားျခင္းသည္ ႏိုင္ငံ၏ကာကြယ္ေရးကိုသာ ဦးတည္ေသာမူဝါဒကို ထိခိုက္ေစသည္ဟု ေဝဖန္မႈမ်ားရွိေနသည္။
ယာမာဂူခ်ီတကၠသိုလ္မွ ပါေမာကၡ အာဆူရွိကိုကဲဆုက ယခု တိုးျမႇင့္မႈ မ်ားသည္ ျပည္သူတို႔၏ အသက္ေမြးဝမ္းေက်ာင္းမႈကို လ်စ္လ်ဴရႈကာ စီးပြားေရးအေပၚ ဝန္ထုပ္ ဝန္ပိုးျဖစ္ေစသည္ ဟု ေျပာထားသည္။
ထို႔ျပင္ လက္နက္တင္ပို႔မႈဆိုင္ရာကန႔္သတ္ခ်က္မ်ားေျဖေလွ်ာ့ျခင္းအပါအဝင္ ဂ်ပန္၏ လုံၿခဳံေရး မူဝါဒမ်ားသည္ ႏိုင္ငံ၏ၿငိမ္းခ်မ္းေရးဝါဒီဟူေသာဂုဏ္ပုဒ္ကို ပိုမိုဆိုး႐ြားေစမည္ဟု ၎ကေျပာသည္ဟု ဆင္ဟြာ သတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။
ဂျပန်၏ကာကွယ်ရေးအသုံးစရိတ်မြှင့်တင်ရန် ကြိုးပမ်းမှုကြောင့် စိုးရိမ်မှုများဖြစ်ပေါ်စေ
=================
ဂျပန်နိုင်ငံက ကာကွယ်ရေးအသုံးစရိတ်ကို အရှိန်အဟုန်ဖြင့်မြှင့်တင်ရန် ကြိုးပမ်းနေခြင်းသည် ဒေသတွင်း နှင့် နိုင်ငံတကာ၌ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေကြောင်း သိရသည်။
ဝန်ကြီးချုပ်ဆာနာအီတာကာအီချီက ၂၀၂၅ ဘဏ္ဍာနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို GDP ၏ ၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန်ရည်မှန်းထားပြီး သတ်မှတ်ရက် ထက်စော၍ ဆောင်ရွက်ရန် ရည်ရွယ်ထားသည်။
ထို့ကြောင့် ကာကွယ်ရေးအသုံးစရိတ်သည် ယန်း ၁၁ ထရီလီယံ နီးပါးအထိတိုးမြင့် သွားနိုင်ကြောင်း ခန့်မှန်းရသည်။
ဂျပန်၏လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာစာတမ်းအသစ်များတွင် ရန်သူ့အခြေစိုက်စခန်းကို တိုက်ခိုက် နိုင်စွမ်းရှိစေရေးဟူသည့်အချက် ကိုထည့်သွင်းထားခြင်းသည် နိုင်ငံ၏ကာကွယ်ရေးကိုသာ ဦးတည်သောမူဝါဒကို ထိခိုက်စေသည်ဟု ဝေဖန်မှုများရှိနေသည်။
ယာမာဂူချီတက္ကသိုလ်မှ ပါမောက္ခ အာဆူရှိကိုကဲဆုက ယခု တိုးမြှင့်မှု များသည် ပြည်သူတို့၏ အသက်မွေးဝမ်းကျောင်းမှုကို လျစ်လျူရှုကာ စီးပွားရေးအပေါ် ဝန်ထုပ် ဝန်ပိုးဖြစ်စေသည် ဟု ပြောထားသည်။
ထို့ပြင် လက်နက်တင်ပို့မှုဆိုင်ရာကန့်သတ်ချက်များဖြေလျှော့ခြင်းအပါအဝင် ဂျပန်၏ လုံခြုံရေး မူဝါဒများသည် နိုင်ငံ၏ငြိမ်းချမ်းရေးဝါဒီဟူသောဂုဏ်ပုဒ်ကို ပိုမိုဆိုးရွားစေမည်ဟု ၎င်းကပြောသည်ဟု ဆင်ဟွာ သတင်းဌာနဖော်ပြချက်အရ သိရသည်။




