ကိုယ့္ကို ျပန္ေထာက္လွမ္းေနမယ့္ ေျမာက္ကိုရီးယားက “စမတ္ဖုန္း” မ်ား

ကိုယ့္ကို ျပန္ေထာက္လွမ္းေနမယ့္ ေျမာက္ကိုရီးယားက “စမတ္ဖုန္း” မ်ား
========================
ကမာၻေက်ာ္ နည္းပညာ YouTuber တစ္ဦးျဖစ္တဲ့ Mrwhosetheboss ဟာ ကမာၻ႔အထီးက်န္ဆုံးႏိုင္ငံျဖစ္တဲ့ ေျမာက္ကိုရီးယားကေန ခိုးထုတ္လာတဲ့ စမတ္ဖုန္းႏွစ္လုံးကို စမ္းသပ္ျပသခဲ့ပါတယ္။ Daily NK ရဲ႕ အကူအညီနဲ႔ ရရွိခဲ့တဲ့ ဒီဖုန္းေတြဟာ နည္းပညာပစၥည္းတစ္ခုဆိုတာထက္ ႏိုင္ငံေတာ္ရဲ႕ ထိန္းခ်ဳပ္မႈယႏၲရားတစ္ခုအျဖစ္ ဘယ္လိုပုံေဖာ္ထားတယ္ဆိုတာကို ကြင္းကြင္းကြက္ကြက္ ျမင္ေတြ႕ခဲ့ရပါတယ္။

ဖုန္းထဲမွာ စာ႐ိုက္တာကအစ အေတာ္ေလးကို တင္းၾကပ္ထားတာ ေတြ႕ရပါတယ္။ ဥပမာ – ေတာင္ကိုရီးယားလို႔ အဓိပၸာယ္ရတဲ့ “Namhan” လို စာလုံး႐ိုက္လိုက္ရင္ “႐ုပ္ေသး႐ုပ္ႏိုင္ငံ” ဆိုၿပီး အလိုအေလ်ာက္ ေျပာင္းသြားသလို၊ “Republic of Korea” လို စာလုံးမ်ိဳးဆိုရင္ေတာ့ ၾကယ္ပြင့္ေတြအျဖစ္ ေျပာင္းလဲပစ္ပါတယ္။ လူငယ္သုံးစကား “Oppa” လိုမ်ိဳးကို ႐ိုက္ရင္လည္း “ရဲေဘာ္” ဆိုတဲ့ စကားလုံးနဲ႔ အစားထိုးပစ္ၿပီး ႏိုင္ငံေခါင္းေဆာင္ရဲ႕ နာမည္႐ိုက္ရင္ေတာ့ စာလုံးအမည္း (Bold) ျဖစ္သြားတာမ်ိဳးေတြအထိ ထည့္သြင္းထားပါတယ္။

အင္တာနက္အသုံးျပဳမႈအပိုင္းမွာလည္း ကမာၻ႔အင္တာနက္လိုင္းေတြနဲ႔ လုံးဝခ်ိတ္ဆက္လို႔ မရေအာင္ ပိတ္ပင္ထားပါတယ္။ Wi-Fi စနစ္ပါေပမယ့္ သုံးလို႔မရေအာင္ လုပ္ထားၿပီး အစိုးရက ခြင့္ျပဳထားတဲ့ “Mirae” ဆိုတဲ့ ျပည္တြင္းကြန္ရက္ကိုပဲ ID ကတ္အသုံးျပဳၿပီး သုံးခြင့္ေပးထားပါတယ္။ App ေတြကလည္း ႏိုင္ငံတကာက နာမည္ႀကီး App ေတြကို ပုံတူကူးထားတာမ်ားၿပီး သုံးခ်င္ရင္ ဆိုင္ကိုသြားၿပီး လူကိုယ္တိုင္ ပိုက္ဆံေပး unlock လုပ္ရတဲ့ စနစ္မ်ိဳး က်င့္သုံးထားပါတယ္။

ေၾကာက္စရာအေကာင္းဆုံးကေတာ့ သုံးစြဲသူေတြကို ျပန္ၿပီးေထာက္လွမ္းေနတဲ့ စနစ္ပါပဲ။ ျပည္ပကဖိုင္ေတြကို အလိုအေလ်ာက္ဖ်က္ပစ္တဲ့ Red Flag စနစ္ပါဝင္သလို၊ ဖုန္းသုံးေနတဲ့အခ်ိန္မွာ Screen ကို Screenshot ေတြ ခိုး႐ိုက္ၿပီး မွတ္တမ္းတင္ထားတတ္ပါတယ္။ ဒီပုံေတြကို သုံးစြဲသူက ျပန္ၾကည့္လို႔မရ၊ ဖ်က္လို႔မရဘဲ အာဏာပိုင္ေတြက လိုအပ္တဲ့အခ်ိန္ စစ္ေဆးဖို႔အတြက္ သက္ေသအျဖစ္ က်န္ရွိေနမွာ ျဖစ္ပါတယ္။

Ref : economic times
#DigitalTimes


ကိုယ့်ကို ပြန်ထောက်လှမ်းနေမယ့် မြောက်ကိုရီးယားက “စမတ်ဖုန်း” များ
========================
ကမ္ဘာကျော် နည်းပညာ YouTuber တစ်ဦးဖြစ်တဲ့ Mrwhosetheboss ဟာ ကမ္ဘာ့အထီးကျန်ဆုံးနိုင်ငံဖြစ်တဲ့ မြောက်ကိုရီးယားကနေ ခိုးထုတ်လာတဲ့ စမတ်ဖုန်းနှစ်လုံးကို စမ်းသပ်ပြသခဲ့ပါတယ်။ Daily NK ရဲ့ အကူအညီနဲ့ ရရှိခဲ့တဲ့ ဒီဖုန်းတွေဟာ နည်းပညာပစ္စည်းတစ်ခုဆိုတာထက် နိုင်ငံတော်ရဲ့ ထိန်းချုပ်မှုယန္တရားတစ်ခုအဖြစ် ဘယ်လိုပုံဖော်ထားတယ်ဆိုတာကို ကွင်းကွင်းကွက်ကွက် မြင်တွေ့ခဲ့ရပါတယ်။

ဖုန်းထဲမှာ စာရိုက်တာကအစ အတော်လေးကို တင်းကြပ်ထားတာ တွေ့ရပါတယ်။ ဥပမာ – တောင်ကိုရီးယားလို့ အဓိပ္ပာယ်ရတဲ့ “Namhan” လို စာလုံးရိုက်လိုက်ရင် “ရုပ်သေးရုပ်နိုင်ငံ” ဆိုပြီး အလိုအလျောက် ပြောင်းသွားသလို၊ “Republic of Korea” လို စာလုံးမျိုးဆိုရင်တော့ ကြယ်ပွင့်တွေအဖြစ် ပြောင်းလဲပစ်ပါတယ်။ လူငယ်သုံးစကား “Oppa” လိုမျိုးကို ရိုက်ရင်လည်း “ရဲဘော်” ဆိုတဲ့ စကားလုံးနဲ့ အစားထိုးပစ်ပြီး နိုင်ငံခေါင်းဆောင်ရဲ့ နာမည်ရိုက်ရင်တော့ စာလုံးအမည်း (Bold) ဖြစ်သွားတာမျိုးတွေအထိ ထည့်သွင်းထားပါတယ်။

အင်တာနက်အသုံးပြုမှုအပိုင်းမှာလည်း ကမ္ဘာ့အင်တာနက်လိုင်းတွေနဲ့ လုံးဝချိတ်ဆက်လို့ မရအောင် ပိတ်ပင်ထားပါတယ်။ Wi-Fi စနစ်ပါပေမယ့် သုံးလို့မရအောင် လုပ်ထားပြီး အစိုးရက ခွင့်ပြုထားတဲ့ “Mirae” ဆိုတဲ့ ပြည်တွင်းကွန်ရက်ကိုပဲ ID ကတ်အသုံးပြုပြီး သုံးခွင့်ပေးထားပါတယ်။ App တွေကလည်း နိုင်ငံတကာက နာမည်ကြီး App တွေကို ပုံတူကူးထားတာများပြီး သုံးချင်ရင် ဆိုင်ကိုသွားပြီး လူကိုယ်တိုင် ပိုက်ဆံပေး unlock လုပ်ရတဲ့ စနစ်မျိုး ကျင့်သုံးထားပါတယ်။

ကြောက်စရာအကောင်းဆုံးကတော့ သုံးစွဲသူတွေကို ပြန်ပြီးထောက်လှမ်းနေတဲ့ စနစ်ပါပဲ။ ပြည်ပကဖိုင်တွေကို အလိုအလျောက်ဖျက်ပစ်တဲ့ Red Flag စနစ်ပါဝင်သလို၊ ဖုန်းသုံးနေတဲ့အချိန်မှာ Screen ကို Screenshot တွေ ခိုးရိုက်ပြီး မှတ်တမ်းတင်ထားတတ်ပါတယ်။ ဒီပုံတွေကို သုံးစွဲသူက ပြန်ကြည့်လို့မရ၊ ဖျက်လို့မရဘဲ အာဏာပိုင်တွေက လိုအပ်တဲ့အချိန် စစ်ဆေးဖို့အတွက် သက်သေအဖြစ် ကျန်ရှိနေမှာ ဖြစ်ပါတယ်။

Ref : economic times
#DigitalTimes