႐ုရွားသမၼတက အိႏၵိယႏိုင္ငံခရီးစဥ္အတြင္း ႏွစ္ႏိုင္ငံ အထူးမိတ္ဖက္ဆက္ဆံေရးတည္ေဆာက္ရန္ ေဆြးေႏြးမည္

႐ုရွားသမၼတက အိႏၵိယႏိုင္ငံခရီးစဥ္အတြင္း ႏွစ္ႏိုင္ငံ အထူးမိတ္ဖက္ဆက္ဆံေရးတည္ေဆာက္ရန္ ေဆြးေႏြးမည္
========================
အိႏၵိယႏိုင္ငံခရီးစဥ္အတြင္း ႐ုရွားသမၼတပူတင္ ႏွင့္ အိႏၵိယႏိုင္ငံဝန္ႀကီးခ်ဳပ္ နာရန္ဒရာမိုဒီ တို႔အေနျဖင့္ ႐ုရွားႏွင့္ အိႏၵိယႏွစ္ႏိုင္ငံအၾကား အထူးမိတ္ဖက္ဆက္ဆံေရး တည္ေဆာက္ရန္အတြက္ ေဆြးေႏြးမည္ဟု ႐ုရွား အစိုးရက ႏိုဝင္ဘာ ၂၈ ရက္တြင္ သတင္းထုတ္ျပန္ထားေၾကာင္း RT သတင္းဌာနက ေဖာ္ျပခဲ့သည္။
႐ုရွားသမၼတ ပူတင္ သည္ လာမည့္ရက္သတၱပတ္အတြင္း အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕သို႔ တရားဝင္ခရီးစဥ္ အျဖစ္ သြားေရာက္ရန္စီစဥ္ထားသည္။

အဆိုပါခရီးစဥ္သည္ ႐ုရွားႏိုင္ငံႏွင့္ အိႏၵိယႏိုင္ငံတို႔အတြက္ အေရးႀကီးသည့္ ခရီးစဥ္ျဖစ္ၿပီး ႏွစ္ႏိုင္ငံအၾကား အထူးမိတ္ဖက္ဆက္ဆံေရးပုံစံ တည္ေဆာက္ႏိုင္ေရးအတြက္ အခြင့္အလမ္းမ်ား ဖန္တီးေပးႏိုင္ဖြယ္ရွိေၾကာင္း ကရင္မလင္နန္းေတာ္ သတင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။

အိႏၵိယႏိုင္ငံသည္ ႐ုရွားေရနံမ်ားႏွင့္ လက္နက္ခဲယမ္းမ်ားကို အဓိကဝယ္ယူေနသည့္ႏိုင္ငံျဖစ္ၿပီး အစဥ္အလာအရ ႐ုရွားႏိုင္ငံႏွင့္ ဆက္ဆံေရးေကာင္းမြန္သည့္ ႏိုင္ငံျဖစ္သည္။

ဒီဇင္ဘာလ ၄ ရက္တြင္စတင္မည့္ ႏွစ္ရက္ၾကာ အိႏၵိယခရီးစဥ္အတြင္း ႐ုရွားသမၼတ ပူတင္ သည္ အိႏၵိယ သမၼတ ဒ႐ူပါဒီ မာမူး၊ ဝန္ႀကီးခ်ဳပ္ နာရန္ဒရာမိုဒီ တို႔ႏွင့္ သီးျခားစီေတြ႕ဆုံေဆြးေႏြးမည္ျဖစ္သည္။

႐ုရွားသမၼတ ပူတင္ သည္ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလက အိႏၵိယႏိုင္ငံသို႔ ေရာက္ရွိခဲ့ဖူးေၾကာင္း သိရသည္။


ရုရှားသမ္မတက အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံ အထူးမိတ်ဖက်ဆက်ဆံရေးတည်ဆောက်ရန် ဆွေးနွေးမည်
========================
အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း ရုရှားသမ္မတပူတင် နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီ တို့အနေဖြင့် ရုရှားနှင့် အိန္ဒိယနှစ်နိုင်ငံအကြား အထူးမိတ်ဖက်ဆက်ဆံရေး တည်ဆောက်ရန်အတွက် ဆွေးနွေးမည်ဟု ရုရှား အစိုးရက နိုဝင်ဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်ထားကြောင်း RT သတင်းဌာနက ဖော်ပြခဲ့သည်။
ရုရှားသမ္မတ ပူတင် သည် လာမည့်ရက်သတ္တပတ်အတွင်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဉ် အဖြစ် သွားရောက်ရန်စီစဉ်ထားသည်။

အဆိုပါခရီးစဉ်သည် ရုရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အတွက် အရေးကြီးသည့် ခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံအကြား အထူးမိတ်ဖက်ဆက်ဆံရေးပုံစံ တည်ဆောက်နိုင်ရေးအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ဖွယ်ရှိကြောင်း ကရင်မလင်နန်းတော် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံသည် ရုရှားရေနံများနှင့် လက်နက်ခဲယမ်းများကို အဓိကဝယ်ယူနေသည့်နိုင်ငံဖြစ်ပြီး အစဉ်အလာအရ ရုရှားနိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်သည့် နိုင်ငံဖြစ်သည်။

ဒီဇင်ဘာလ ၄ ရက်တွင်စတင်မည့် နှစ်ရက်ကြာ အိန္ဒိယခရီးစဉ်အတွင်း ရုရှားသမ္မတ ပူတင် သည် အိန္ဒိယ သမ္မတ ဒရူပါဒီ မာမူး၊ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ရုရှားသမ္မတ ပူတင် သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက အိန္ဒိယနိုင်ငံသို့ ရောက်ရှိခဲ့ဖူးကြောင်း သိရသည်။