ျမန္မာႏိုင္ငံေတာ္ ယာယီသမၼတမွ အာရွဖလားေျခစစ္ပြဲေအာင္ျမင္ခဲ့သည့္ ျမန္မာအမ်ိဳးသား ယူ-၁၇ အသင္းကို ဂုဏ္ျပဳခ်ီးျမႇင့္ေငြက်ပ္သိန္း(၁,၀၀၀)ေပးအပ္

ျမန္မာႏိုင္ငံေတာ္ ယာယီသမၼတမွ အာရွဖလားေျခစစ္ပြဲေအာင္ျမင္ခဲ့သည့္ ျမန္မာအမ်ိဳးသား ယူ-၁၇ အသင္းကို ဂုဏ္ျပဳခ်ီးျမႇင့္ေငြက်ပ္သိန္း(၁,၀၀၀)ေပးအပ္
ျမန္မာႏိုင္ငံေတာ္ ယာယီသမၼတ၊ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိင္မွ ၂၀၂၆ ခုႏွစ္ အာရွဖလားေျခစစ္ ပြဲ ယူ-၁၇ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ၏ အုပ္စု(G)တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ေျခစစ္ပြဲေအာင္ျမင္ခဲ့သည့္ ျမန္မာအမ်ိဳးသား ယူ-၁၇ ေဘာလုံးအသင္းအား ဂုဏ္ျပဳခ်ီးျမႇင့္ေငြက်ပ္သိန္း(၁,၀၀၀)ေပးအပ္ခဲ့ပါတယ္။
ျမန္မာအမ်ိဳးသား ယူ-၁၇ ေဘာလုံးအသင္းသည္ ႏိုဝင္ဘာ ၃၀ ရက္ညေနပိုင္းက ရန္ကုန္ၿမိဳရွိ သုဝဏၰေဘာလုံးကြင္း၌ ဆီးရီးယားအသင္းႏွင့္ယွဥ္ၿပိဳင္ကစားၿပီးေနာက္ ၂ ဂိုးစီ သေရရလဒ္ထြက္ေပၚခဲ့ေသာ္လည္း အာရွဖလားေျခစစ္ပြဲကိုေအာင္ျမင္ခဲ့ပါတယ္။
ေျခစစ္ပြဲအဆုံးအျဖတ္သည္ အာရွဖလားဝင္ခြင့္ျဖင့္ ၁၉ ႏွစ္ၾကာ ေဝးကြာခဲ့ရသည့္ ျမန္မာ ယူ ၁၇ အသင္းအတြက္ အာရွဖလားဝင္ခြင့္ကိုျပန္လည္ရယူ ႏိုင္ခဲ့သည့္ သမိုင္းဝင္ေန႔ရက္တစ္ရက္ ျဖစ္ခဲ့ကာ ျမန္မာ ယူ ၁၇ အသင္းသည္ အုပ္စုပြဲစဥ္မ်ား တြင္ အာဖကန္နစၥတန္အသင္းကို ၃ ဂိုး-၁ ဂိုး၊ နီေပါအသင္းကို ၄ ဂိုး – ဂိုးမရွိ၊ အိုမန္အသင္းကို ၂ဂိုး- ဂိုးမရွိ၊ ဆီးရီးယားအသင္းကို ႏွစ္ဂိုးစီျဖင့္ သေရရလဒ္ထြက္ ေပၚကာ အုပ္စုတြင္းရမွတ္ ၁၀ မွတ္ျဖင့္ ေျခစစ္ပြဲေအာင္ျမင္ခဲ့ ျခင္းျဖစ္ပါတယ္။
၂၀၂၆ ခုႏွစ္၊ အာရွ ယူ-၁၇ ၿပိဳင္ပြဲကို ၂၀၂၆ ခုႏွစ္ ေမ ၇ ရက္မွ ၂၄ ရက္အထိ ေဆာ္ဒီအာေရဗ်ႏိုင္ငံက အိမ္ရွင္ အျဖစ္လက္ခံက်င္းပသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။
မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အာရှဖလားခြေစစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာအမျိုးသား ယူ-၁၇ အသင်းကို ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း(၁,၀၀၀)ပေးအပ်
မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်မှ ၂၀၂၆ ခုနှစ် အာရှဖလားခြေစစ် ပွဲ ယူ-၁၇ အမျိုးသားဘောလုံးပြိုင်ပွဲ၏ အုပ်စု(G)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာအမျိုးသား ယူ-၁၇ ဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း(၁,၀၀၀)ပေးအပ်ခဲ့ပါတယ်။
မြန်မာအမျိုးသား ယူ-၁၇ ဘောလုံးအသင်းသည် နိုဝင်ဘာ ၃၀ ရက်ညနေပိုင်းက ရန်ကုန်မြိုရှိ သုဝဏ္ဏဘောလုံးကွင်း၌ ဆီးရီးယားအသင်းနှင့်ယှဥ်ပြိုင်ကစားပြီးနောက် ၂ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သော်လည်း အာရှဖလားခြေစစ်ပွဲကိုအောင်မြင်ခဲ့ပါတယ်။
ခြေစစ်ပွဲအဆုံးအဖြတ်သည် အာရှဖလားဝင်ခွင့်ဖြင့် ၁၉ နှစ်ကြာ ဝေးကွာခဲ့ရသည့် မြန်မာ ယူ ၁၇ အသင်းအတွက် အာရှဖလားဝင်ခွင့်ကိုပြန်လည်ရယူ နိုင်ခဲ့သည့် သမိုင်းဝင်နေ့ရက်တစ်ရက် ဖြစ်ခဲ့ကာ မြန်မာ ယူ ၁၇ အသင်းသည် အုပ်စုပွဲစဉ်များ တွင် အာဖကန်နစ္စတန်အသင်းကို ၃ ဂိုး-၁ ဂိုး၊ နီပေါအသင်းကို ၄ ဂိုး – ဂိုးမရှိ၊ အိုမန်အသင်းကို ၂ဂိုး- ဂိုးမရှိ၊ ဆီးရီးယားအသင်းကို နှစ်ဂိုးစီဖြင့် သရေရလဒ်ထွက် ပေါ်ကာ အုပ်စုတွင်းရမှတ် ၁၀ မှတ်ဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ ခြင်းဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်၊ အာရှ ယူ-၁၇ ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် မေ ၇ ရက်မှ ၂၄ ရက်အထိ ဆော်ဒီအာရေဗျနိုင်ငံက အိမ်ရှင် အဖြစ်လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။




