ေဟာင္ေကာင္ရွိ အထပ္ျမင့္တိုက္မ်ား မီးေလာင္မႈ ေသဆုံးသူ ၁၂၈ ဦးအထိရွိလာ

ေဟာင္ေကာင္ရွိ အထပ္ျမင့္တိုက္မ်ား မီးေလာင္မႈ ေသဆုံးသူ ၁၂၈ ဦးအထိရွိလာ
=====================
ေဟာင္ေကာင္ေဒသရွိ အထပ္ျမင့္လူေနတိုက္မ်ား မီးေလာင္မႈအတြင္း ႏိုဝင္ဘာလ ၂၉ ရက္အထိ ေသဆုံးသူ အေရအတြက္မွာ ၁၂၈ ဦးအထိ ျမင့္တက္လာေၾကာင္းႏွင့္ ေဒသခံျပည္သူမ်ားအေနျဖင့္ ေသဆုံးသူမ်ားအတြက္ ဈာပနအခမ္းအနား က်င္းပရန္ျပင္ဆင္ေနေၾကာင္း သိရသည္။

ယခုမီးေလာင္မႈသည္ ေဟာင္ေကာင္၏ ေခတ္သစ္သမိုင္းေၾကာင္းတြင္ လူေသဆုံးမႈ အမ်ားဆုံးေသာ မီးေလာင္မႈတစ္ခုျဖစ္လာေၾကာင္းႏွင့္ ယင္းမီးေလာင္မႈအတြင္း လူေပါင္းမ်ားစြာမွာ ေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္း ေဒသတြင္း သတင္းဌာနမ်ားက ေဖာ္ျပထားသည္။အလားတူ အဆိုပါမီးေလာင္မႈႏွင့္ပတ္သက္၍ လူရွစ္ဦးကို အက်င့္ပ်က္ျခစားမႈ တိုက္ဖ်က္ေရးတာဝန္ရွိသူမ်ားက ႏိုဝင္ဘာလ ၂၈ ရက္တြင္ ဖမ္းဆီးထိန္းသိမ္းထားသည္။ မီးေလာင္မႈသည္ တိုင္ပိုနယ္ေျမရွိ Wang Fuk Court အထပ္ျမင့္လူေနအိမ္ရာ၌ ႏိုဝင္ဘာလ ၂၆ ရက္တြင္ ျဖစ္ပြားျခင္းျဖစ္သည္။

အဆိုပါအိမ္ရာအတြင္းရွိ တိုက္မ်ားသည္ ျပင္ဆင္မြမ္းမံမႈ လုပ္ေနသည့္တိုက္မ်ားျဖစ္ၿပီး မီးေလာင္မႈက ဝါးျငမ္းမ်ားမွ စတင္ျခင္းျဖစ္ေၾကာင္းႏွင့္ တိုက္ရွစ္လုံးအနက္ ခုနစ္လုံး မီးေလာင္သြားေၾကာင္း တာဝန္ရွိသူမ်ားက ေျပာသည္။


ဟောင်ကောင်ရှိ အထပ်မြင့်တိုက်များ မီးလောင်မှု သေဆုံးသူ ၁၂၈ ဦးအထိရှိလာ
=====================
ဟောင်ကောင်ဒေသရှိ အထပ်မြင့်လူနေတိုက်များ မီးလောင်မှုအတွင်း နိုဝင်ဘာလ ၂၉ ရက်အထိ သေဆုံးသူ အရေအတွက်မှာ ၁၂၈ ဦးအထိ မြင့်တက်လာကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့် သေဆုံးသူများအတွက် ဈာပနအခမ်းအနား ကျင်းပရန်ပြင်ဆင်နေကြောင်း သိရသည်။

ယခုမီးလောင်မှုသည် ဟောင်ကောင်၏ ခေတ်သစ်သမိုင်းကြောင်းတွင် လူသေဆုံးမှု အများဆုံးသော မီးလောင်မှုတစ်ခုဖြစ်လာကြောင်းနှင့် ယင်းမီးလောင်မှုအတွင်း လူပေါင်းများစွာမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနများက ဖော်ပြထားသည်။အလားတူ အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ လူရှစ်ဦးကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးတာဝန်ရှိသူများက နိုဝင်ဘာလ ၂၈ ရက်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်။ မီးလောင်မှုသည် တိုင်ပိုနယ်မြေရှိ Wang Fuk Court အထပ်မြင့်လူနေအိမ်ရာ၌ နိုဝင်ဘာလ ၂၆ ရက်တွင် ဖြစ်ပွားခြင်းဖြစ်သည်။

အဆိုပါအိမ်ရာအတွင်းရှိ တိုက်များသည် ပြင်ဆင်မွမ်းမံမှု လုပ်နေသည့်တိုက်များဖြစ်ပြီး မီးလောင်မှုက ဝါးငြမ်းများမှ စတင်ခြင်းဖြစ်ကြောင်းနှင့် တိုက်ရှစ်လုံးအနက် ခုနစ်လုံး မီးလောင်သွားကြောင်း တာဝန်ရှိသူများက ပြောသည်။