ေကာင္းတဲ့ အစိုးရ၊ ေကာင္းတဲ့ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြနဲ႔ ေကာင္းတဲ့ ႏိုင္ငံေတာ္ကို တည္ေဆာက္ႏိုင္ေအာင္ ကြၽန္ေတာ္တို႔က ေကာင္းတဲ့လူေတြကို အခု ေ႐ြးေကာက္ပြဲမွာ ေ႐ြးေပးရမယ္လို႔ ဦးေသာင္းေအး ဆို


ေကာင္းတဲ့ အစိုးရ၊ ေကာင္းတဲ့ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြနဲ႔ ေကာင္းတဲ့ ႏိုင္ငံေတာ္ကို တည္ေဆာက္ႏိုင္ေအာင္ ကြၽန္ေတာ္တို႔က ေကာင္းတဲ့လူေတြကို အခု ေ႐ြးေကာက္ပြဲမွာ ေ႐ြးေပးရမယ္လို႔ ဦးေသာင္းေအး ဆို
၂၉-၁၁-၂၀၂၅
ျပည္သူေတြရဲ႕ ဆႏၵ သေဘာထားကို ေဖာ္ေဆာင္ေပးရတာဟာ လႊတ္ေတာ္ျဖစ္တဲ့အတြက္ေၾကာင့္ ကိုယ့္ကို လုပ္ေပးမယ့္သူေတြကို မွန္မွန္ကန္ကန္ ေ႐ြးေပးလိုက္ရင္ အဆင္ေျပသြားမယ္လို ျပည္ခိုင္ၿဖိဳးပါတီအေထြေထြအတြင္းေရးမႉးေပ်ာ္ဘြယ္ၿမိဳနယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေသာင္းေအးကေျပာပါတယ္။
“ျပည္သူေတြရဲ႕ အခြင့္အေရး၊ ျပည္သူေတြရဲ႕ ဆႏၵသေဘာထား၊ ျပည္သူေတြရဲ႕ လိုအပ္ခ်က္ကို လုပ္ေပးဖိုအတြက္ ဒီေ႐ြးေကာက္ပြဲ လုပ္တာျဖစ္တယ္။ အဲ့တာေၾကာင့္မလို ကိုယ္ကသာ ကိုယ့္ကို လုပ္ေပးမယ့္သူေတြကို မွန္မွန္ကန္ကန္ ေ႐ြးေပးလိုက္ရင္ စပါးေစ်းလည္း ေျပာစရာမလိုဘူး၊ ဆန္ေစ်းလည္း ေျပာစရာမလိုဘူး၊ လမ္းကိစၥလည္း ေျပာစရာမလိုဘူး၊ ေရကိစၥလည္း ေျပာစရာမလိုဘူး၊ မီးကိစၥလည္း ေျပာစရာမလိုဘူး၊ သူတိုေတြကေနၿပီးေတာ့ လႊတ္ေတာ္အတြင္းမွာ တရားဝင္ ႏိုင္ငံေတာ္အစိုးရကို ေျပာပိုင္ခြင့္၊ ေတာင္းဆိုပိုင္ခြင့္ ရွိတယ္” လို ေပ်ာ္ဘြယ္ၿမိဳနယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေသာင္းေအးကေျပာပါတယ္။
ဒီကေန႔ ေပ်ာ္ဘြယ္ၿမိဳနယ္မွာရွိတဲ့ ေက်း႐ြာေတြက မဲဆႏၵရွင္ေတြနဲ႔ေတြ႕ဆုံေဆြးေႏြးခ်ိန္မွာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ဦးေသာင္းေအးကဆက္ၿပီးေတာ့”ေ႐ြးေကာက္ပြဲလုပ္တယ္ဆိုတာက ျပည္သူေတြရဲ႕ကိုယ္စား အခုဒီမွာ ၾကက္သြန္ေစ်းေတြ က်ေနတယ္၊ စပါးေစ်းေတြ က်ေနတယ္၊ ေနာက္တစ္ခါ ေႁခြေလွ႔စက္ေတြ မရွိဘူး၊ ရိတ္သိမ္းစက္ေတြ လုံလုံေလာက္ေလာက္ မရွိဘူး။ ဒီျပႆနာေတြကို ကြၽန္ေတာ္တို ႐ြာထဲမွာပဲ ၿပီးသြားတယ္။ ကိုယ္စားလွယ္ေတြ ရွိတဲ့အခါက်ေတာ့ အဲ့ဒီ ကိုယ္စားလွယ္ေတြကို သိသြားေအာင္ လုပ္လိုက္ရင္ အဲ့ဒီ ကိုယ္စားလွယ္ေတြက ဘယ္မွာ ေျပာမလဲ။ လႊတ္ေတာ္ထဲမွာ ေျပာမယ္။ ကြၽန္ေတာ္တို ေပ်ာ္ဘြယ္မွာေတာ့ ၾကက္သြန္ေစ်းေတြ က်ေနၿပီ၊ အကုန္လုံး အရႈးေပၚေနၿပီ။ ေတာင္သူေတြ ေနာက္တစ္သီးစိုက္ဖိုအတြက္ အခက္အခဲရွိတယ္၊ ႏိုင္ငံေတာ္ကေနၿပီးေတာ့ ေထာက္ပံ့ေငြေလး ဘာေလး မေပးႏိုင္ဘူးလား။ ဒီလို ေမးလို မရဘူးလား။ အဲ့ေတာ့ ျပည္သူေတြရဲ႕ ဆႏၵ သေဘာထားကို ေဖာ္ေဆာင္ေပးရတာဟာ လႊတ္ေတာ္ပဲ”လို ဆိုပါတယ္။
ျပည္သူေတြရဲ႕ အခြင့္အေရး၊ ျပည္သူေတြရဲ႕ ဆႏၵသေဘာထား၊ ျပည္သူေတြရဲ႕ လိုအပ္ခ်က္ကို လုပ္ေပးဖိုအတြက္ ဒီေ႐ြးေကာက္ပြဲ လုပ္တာျဖစ္တယ္လို ဆိုပါတယ္။
“ေကာင္းတဲ့ အစိုးရ၊ ေကာင္းတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေကာင္းတဲ့ ႏိုင္ငံေတာ္ကို တည္ေဆာက္ႏိုင္ေအာင္ ကြၽန္ေတာ္တိုက ေကာင္းတဲ့လူေတြကို အခု ေ႐ြးေကာက္ပြဲမွာ ေ႐ြးေပးခဲ့ရမွာ ျဖစ္တယ္။ မေ႐ြးေပးရင္ တာဝန္မေက်တဲ့ မိဘ၊ တာဝန္မေက်တဲ့ အစ္ကို၊ တာဝန္မေက်တဲ့ အစ္မေတြ ျဖစ္သြားလိမ့္မယ္။ ကိုယ့္အတြက္တင္ မဟုတ္ဘူးေနာ္၊ ေနာက္ ငါးႏွစ္မွာကိုယ္ဘာျဖစ္မလဲ မသိဘူး။ သိုေသာ္လည္း ဒီကေလးေတြ ႀကီးလာလိမ့္မယ္။ သူတို ဒီျပႆနာေတြ ရင္ဆိုင္ရမယ္။ ဒါေၾကာင့္မလို ဒီေ႐ြးေကာက္ပြဲကို ေသေသခ်ာခ်ာ စိတ္ဝင္တစားနဲ႔ မဲေပးႏိုင္ဖို အတြက္ ကြၽန္ေတာ္တို အခုရွင္းျပတာေလးေတြကို ေသခ်ာနားေထာင္ေပးပါလို ေျပာခ်င္ပါတယ္”လို ေပ်ာ္ဘြယ္ၿမိဳနယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေသာင္းေအးကေျပာပါတယ္။
ကောင်းတဲ့ အစိုးရ၊ ကောင်းတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ကောင်းတဲ့ နိုင်ငံတော်ကို တည်ဆောက်နိုင်အောင် ကျွန်တော်တို့က ကောင်းတဲ့လူတွေကို အခု ရွေးကောက်ပွဲမှာ ရွေးပေးရမယ်လို့ ဦးသောင်းအေး ဆို
၂၉-၁၁-၂၀၂၅
ပြည်သူတွေရဲ့ ဆန္ဒ သဘောထားကို ဖော်ဆောင်ပေးရတာဟာ လွှတ်တော်ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ကို လုပ်ပေးမယ့်သူတွေကို မှန်မှန်ကန်ကန် ရွေးပေးလိုက်ရင် အဆင်ပြေသွားမယ်လို ပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်းရေးမှူးပျော်ဘွယ်မြိုနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးကပြောပါတယ်။
“ပြည်သူတွေရဲ့ အခွင့်အရေး၊ ပြည်သူတွေရဲ့ ဆန္ဒသဘောထား၊ ပြည်သူတွေရဲ့ လိုအပ်ချက်ကို လုပ်ပေးဖိုအတွက် ဒီရွေးကောက်ပွဲ လုပ်တာဖြစ်တယ်။ အဲ့တာကြောင့်မလို ကိုယ်ကသာ ကိုယ့်ကို လုပ်ပေးမယ့်သူတွေကို မှန်မှန်ကန်ကန် ရွေးပေးလိုက်ရင် စပါးစျေးလည်း ပြောစရာမလိုဘူး၊ ဆန်စျေးလည်း ပြောစရာမလိုဘူး၊ လမ်းကိစ္စလည်း ပြောစရာမလိုဘူး၊ ရေကိစ္စလည်း ပြောစရာမလိုဘူး၊ မီးကိစ္စလည်း ပြောစရာမလိုဘူး၊ သူတိုတွေကနေပြီးတော့ လွှတ်တော်အတွင်းမှာ တရားဝင် နိုင်ငံတော်အစိုးရကို ပြောပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့် ရှိတယ်” လို ပျော်ဘွယ်မြိုနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးကပြောပါတယ်။
ဒီကနေ့ ပျော်ဘွယ်မြိုနယ်မှာရှိတဲ့ ကျေးရွာတွေက မဲဆန္ဒရှင်တွေနဲ့တွေ့ဆုံဆွေးနွေးချိန်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဦးသောင်းအေးကဆက်ပြီးတော့”ရွေးကောက်ပွဲလုပ်တယ်ဆိုတာက ပြည်သူတွေရဲ့ကိုယ်စား အခုဒီမှာ ကြက်သွန်စျေးတွေ ကျနေတယ်၊ စပါးစျေးတွေ ကျနေတယ်၊ နောက်တစ်ခါ ခြွေလှေ့စက်တွေ မရှိဘူး၊ ရိတ်သိမ်းစက်တွေ လုံလုံလောက်လောက် မရှိဘူး။ ဒီပြဿနာတွေကို ကျွန်တော်တို ရွာထဲမှာပဲ ပြီးသွားတယ်။ ကိုယ်စားလှယ်တွေ ရှိတဲ့အခါကျတော့ အဲ့ဒီ ကိုယ်စားလှယ်တွေကို သိသွားအောင် လုပ်လိုက်ရင် အဲ့ဒီ ကိုယ်စားလှယ်တွေက ဘယ်မှာ ပြောမလဲ။ လွှတ်တော်ထဲမှာ ပြောမယ်။ ကျွန်တော်တို ပျော်ဘွယ်မှာတော့ ကြက်သွန်စျေးတွေ ကျနေပြီ၊ အကုန်လုံး အရှုးပေါ်နေပြီ။ တောင်သူတွေ နောက်တစ်သီးစိုက်ဖိုအတွက် အခက်အခဲရှိတယ်၊ နိုင်ငံတော်ကနေပြီးတော့ ထောက်ပံ့ငွေလေး ဘာလေး မပေးနိုင်ဘူးလား။ ဒီလို မေးလို မရဘူးလား။ အဲ့တော့ ပြည်သူတွေရဲ့ ဆန္ဒ သဘောထားကို ဖော်ဆောင်ပေးရတာဟာ လွှတ်တော်ပဲ”လို ဆိုပါတယ်။
ပြည်သူတွေရဲ့ အခွင့်အရေး၊ ပြည်သူတွေရဲ့ ဆန္ဒသဘောထား၊ ပြည်သူတွေရဲ့ လိုအပ်ချက်ကို လုပ်ပေးဖိုအတွက် ဒီရွေးကောက်ပွဲ လုပ်တာဖြစ်တယ်လို ဆိုပါတယ်။
“ကောင်းတဲ့ အစိုးရ၊ ကောင်းတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကောင်းတဲ့ နိုင်ငံတော်ကို တည်ဆောက်နိုင်အောင် ကျွန်တော်တိုက ကောင်းတဲ့လူတွေကို အခု ရွေးကောက်ပွဲမှာ ရွေးပေးခဲ့ရမှာ ဖြစ်တယ်။ မရွေးပေးရင် တာဝန်မကျေတဲ့ မိဘ၊ တာဝန်မကျေတဲ့ အစ်ကို၊ တာဝန်မကျေတဲ့ အစ်မတွေ ဖြစ်သွားလိမ့်မယ်။ ကိုယ့်အတွက်တင် မဟုတ်ဘူးနော်၊ နောက် ငါးနှစ်မှာကိုယ်ဘာဖြစ်မလဲ မသိဘူး။ သိုသော်လည်း ဒီကလေးတွေ ကြီးလာလိမ့်မယ်။ သူတို ဒီပြဿနာတွေ ရင်ဆိုင်ရမယ်။ ဒါကြောင့်မလို ဒီရွေးကောက်ပွဲကို သေသေချာချာ စိတ်ဝင်တစားနဲ့ မဲပေးနိုင်ဖို အတွက် ကျွန်တော်တို အခုရှင်းပြတာလေးတွေကို သေချာနားထောင်ပေးပါလို ပြောချင်ပါတယ်”လို ပျော်ဘွယ်မြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးကပြောပါတယ်။




