ထိုင္းႏွင့္ မေလးရွားႏိုင္ငံတို႔၌ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ပြား လူေပါင္းသန္းႏွင့္ခ်ီ ေရေဘးသင့္မႈႀကဳံ

ထိုင္းႏွင့္ မေလးရွားႏိုင္ငံတို႔၌ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ပြား လူေပါင္းသန္းႏွင့္ခ်ီ ေရေဘးသင့္မႈႀကဳံ
=======================
ရက္အတန္ၾကာ စံခ်ိန္တင္မိုးသည္းထန္စြာ႐ြာသြန္းမႈ ျဖစ္ပြားၿပီးေနာက္ ထိုင္းႏိုင္ငံေတာင္ပိုင္းရွိ ျပည္သူမ်ား သည္ ေရေဘးဒဏ္သင့္ကာ အခက္အခဲမ်ားႏွင့္ ရင္ဆိုင္ႀကဳံေတြ႕ေနၾကရေၾကာင္း NHK သတင္းဌာနတြင္ ေဖာ္ျပထားသည္။

အဆိုပါျဖစ္ရပ္မ်ားေၾကာင့္ ၃၃ ဦးထက္မနည္းေသဆုံးၿပီး အျခားလူေပါင္း ၂ ဒသမ ၅ သန္းေက်ာ္မွာ ေရေဘးဒဏ္သင့္မႈ ႀကဳံေတြ႕ေနရေၾကာင္း၊ စြန္ခလာႏွင့္ နာခြန္ဆီထမ္မာရတ္ အပါအဝင္ ေတာင္ပိုင္းျပည္နယ္ အမ်ားအျပားရွိ လမ္းမ်ား၊ အေဆာက္အအုံမ်ားမွာ ေရလႊမ္းမိုးလ်က္ရွိေၾကာင္း၊ လူေပါင္းအမ်ားအျပားမွာ ၎တို႔၏ ေနအိမ္မ်ားတြင္ ပိတ္မိေနၿပီး ေလွမ်ားျဖင့္ ေဘးလြတ္ရာသို႔ ကယ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

မိုးေလဝသဌာနတာဝန္ရွိသူမ်ားက မိုးပိုမို႐ြာသြန္းမည္ျဖစ္ေၾကာင္း သတိေပးထားၿပီး ႐ုတ္တရက္ေရႀကီး ေရလွ်ံမႈမ်ားႏွင့္ ေျမၿပိဳက်မႈမ်ားကို သတိျပဳေနထိုင္ၾကရန္ ျပည္သူမ်ားအား တိုက္တြန္းထားသည္။

ထိုင္းဝန္ႀကီးခ်ဳပ္ အႏုတင္ ခ်ာရန္ဗီရာကြန္ သည္ စြန္ခလာျပည္နယ္သို႔သြားေရာက္ၿပီး ကယ္ဆယ္ေရးႏွင့္ အကူအညီေပးေရးလုပ္ငန္း မ်ားကို အရွိန္ျမႇင့္လုပ္ေဆာင္ၾကရန္ တာဝန္ရွိသူမ်ားႏွင့္ စစ္ဘက္ဆိုင္ရာဝန္ထမ္းမ်ားကို ၫႊန္ၾကားထားသည္။

ထို႔ျပင္ အိမ္နီးခ်င္းမေလးရွားႏိုင္ငံတြင္လည္း မုတ္သုံမိုး႐ြာသြန္းမႈမ်ားေၾကာင့္ ေဒသအမ်ားအျပား ေရႀကီး ေရလွ်ံမႈ ျဖစ္ပြားလ်က္ရွိသည္။

ေဘးအႏၲရာယ္စီမံခန႔္ခြဲေရးတာဝန္ရွိသူမ်ားက လူေပါင္း ၂၄,၀၀၀ ေက်ာ္က ေနအိမ္မ်ားကိုစြန႔္ခြာၿပီး ေဘးလြတ္ရာသို႔ တိမ္းေရွာင္ေနၾကရေၾကာင္း ေျပာၾကားသည္ဟု NHK သတင္းဌာန ေဖာ္ျပခ်က္အရ သိရသည္။


ထိုင်းနှင့် မလေးရှားနိုင်ငံတို့၌ ရေကြီးရေလျှံမှုများဖြစ်ပွား လူပေါင်းသန်းနှင့်ချီ ရေဘေးသင့်မှုကြုံ
=======================
ရက်အတန်ကြာ စံချိန်တင်မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပြည်သူများ သည် ရေဘေးဒဏ်သင့်ကာ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း NHK သတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်ရပ်များကြောင့် ၃၃ ဦးထက်မနည်းသေဆုံးပြီး အခြားလူပေါင်း ၂ ဒသမ ၅ သန်းကျော်မှာ ရေဘေးဒဏ်သင့်မှု ကြုံတွေ့နေရကြောင်း၊ စွန်ခလာနှင့် နာခွန်ဆီထမ်မာရတ် အပါအဝင် တောင်ပိုင်းပြည်နယ် အများအပြားရှိ လမ်းများ၊ အဆောက်အအုံများမှာ ရေလွှမ်းမိုးလျက်ရှိကြောင်း၊ လူပေါင်းအများအပြားမှာ ၎င်းတို့၏ နေအိမ်များတွင် ပိတ်မိနေပြီး လှေများဖြင့် ဘေးလွတ်ရာသို့ ကယ်ထုတ်လျက်ရှိကြောင်း သိရသည်။

မိုးလေဝသဌာနတာဝန်ရှိသူများက မိုးပိုမိုရွာသွန်းမည်ဖြစ်ကြောင်း သတိပေးထားပြီး ရုတ်တရက်ရေကြီး ရေလျှံမှုများနှင့် မြေပြိုကျမှုများကို သတိပြုနေထိုင်ကြရန် ပြည်သူများအား တိုက်တွန်းထားသည်။

ထိုင်းဝန်ကြီးချုပ် အနုတင် ချာရန်ဗီရာကွန် သည် စွန်ခလာပြည်နယ်သို့သွားရောက်ပြီး ကယ်ဆယ်ရေးနှင့် အကူအညီပေးရေးလုပ်ငန်း များကို အရှိန်မြှင့်လုပ်ဆောင်ကြရန် တာဝန်ရှိသူများနှင့် စစ်ဘက်ဆိုင်ရာဝန်ထမ်းများကို ညွှန်ကြားထားသည်။

ထို့ပြင် အိမ်နီးချင်းမလေးရှားနိုင်ငံတွင်လည်း မုတ်သုံမိုးရွာသွန်းမှုများကြောင့် ဒေသအများအပြား ရေကြီး ရေလျှံမှု ဖြစ်ပွားလျက်ရှိသည်။

ဘေးအန္တရာယ်စီမံခန့်ခွဲရေးတာဝန်ရှိသူများက လူပေါင်း ၂၄,၀၀၀ ကျော်က နေအိမ်များကိုစွန့်ခွာပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ပြောကြားသည်ဟု NHK သတင်းဌာန ဖော်ပြချက်အရ သိရသည်။