စီေရာ္နယ္လ္ဒိုရဲ႕ ပြဲပယ္ျပစ္ဒဏ္ကို ဆိုင္းငံ့ျပစ္ဒဏ္အျဖစ္ သတ္မွတ္လိုက္တာေၾကာင့္ ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲမွာ ပါဝင္ကစားႏိုင္မယ္

စီေရာ္နယ္လ္ဒိုရဲ႕ ပြဲပယ္ျပစ္ဒဏ္ကို ဆိုင္းငံ့ျပစ္ဒဏ္အျဖစ္ သတ္မွတ္လိုက္တာေၾကာင့္ ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲမွာ ပါဝင္ကစားႏိုင္မယ္
====================
ကမာၻ႔ေဘာလုံးအဖြဲခ်ဳပ္(ဖီဖာ)က ေပၚတူဂီအသင္းေခါင္းေဆာင္ တိုက္စစ္မႉး စီေရာ္နယ္လ္ဒိုရဲ႕ ပြဲပယ္ျပစ္ဒဏ္ကို ဆိုင္းငံ့ျပစ္ဒဏ္အျဖစ္ သတ္မွတ္လိုက္တာေၾကာင့္ စီေရာ္နယ္လ္ဒိုအေနနဲ႔ ၂၀၂၆ ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲမွာ ပါဝင္ကစားႏိုင္မယ္လို သိရပါတယ္။

စီေရာ္နယ္လ္ဒိုဟာ အိုင္ယာလန္နဲ႔ ယွဥ္ၿပိဳင္ခဲ့တဲ့ ကမာၻ႔ဖလားေျခစစ္ပြဲမွာ ၿပိဳင္ဘက္ေနာက္ခံလူကို တံေတာင္နဲ႔တြက္ခဲ့တာေၾကာင့္ အနီကတ္ျပခံခဲ့ရၿပီး ပုံမွန္အတိုင္းဆိုရင္ (၃)ပြဲပယ္ျပစ္ဒဏ္ က်ခံရမွာျဖစ္ေပမဲ့ အာေမးနီးယားနဲ႔ ပြဲကိုသာ လြဲေခ်ာ္ခဲ့ရၿပီး က်န္ႏွစ္ပြဲကို ဆိုင္းငံ့ျပစ္ဒဏ္အျဖစ္ သတ္မွတ္ခံရတာျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒိုအေနနဲ႔ တစ္ႏွစ္တာကာလအတြင္း အလားတူျပစ္မႈမ်ိဳး က်ဴးလြန္ခဲ့မယ္ဆိုရင္ ပြဲပယ္ျပစ္ဒဏ္ႏွစ္ပြဲကို ခ်က္ခ်င္းက်ခံရမွာျဖစ္ေၾကာင္း ဖီဖာက ေၾကညာခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ကလပ္အသင္းကစားသမားဘဝမွာ အနီကတ္(၁၃)ႀကိမ္ ျပသခံရဖူးေပမဲ့ လက္ေ႐ြးစင္အသင္းမွာေတာ့ (၂၂၆)ပြဲေျမာက္မွာမွ ပထမဆုံးအနီကတ္ ျပသခံရျခင္းျဖစ္ေၾကာင္း သိရပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲကို (၆)ႀကိမ္ေျမာက္ ကမာၻ႔ဖလားၿပိဳင္ပြဲအျဖစ္ ယွဥ္ၿပိဳင္ကစားမွာျဖစ္ပါတယ္။ #Eleven


စီရော်နယ်လ်ဒိုရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်လိုက်တာကြောင့် ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲမှာ ပါဝင်ကစားနိုင်မယ်
====================
ကမ္ဘာ့ဘောလုံးအဖွဲချုပ်(ဖီဖာ)က ပေါ်တူဂီအသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒိုရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်လိုက်တာကြောင့် စီရော်နယ်လ်ဒိုအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲမှာ ပါဝင်ကစားနိုင်မယ်လို သိရပါတယ်။

စီရော်နယ်လ်ဒိုဟာ အိုင်ယာလန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပြိုင်ဘက်နောက်ခံလူကို တံတောင်နဲ့တွက်ခဲ့တာကြောင့် အနီကတ်ပြခံခဲ့ရပြီး ပုံမှန်အတိုင်းဆိုရင် (၃)ပွဲပယ်ပြစ်ဒဏ် ကျခံရမှာဖြစ်ပေမဲ့ အာမေးနီးယားနဲ့ ပွဲကိုသာ လွဲချော်ခဲ့ရပြီး ကျန်နှစ်ပွဲကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ခံရတာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုအနေနဲ့ တစ်နှစ်တာကာလအတွင်း အလားတူပြစ်မှုမျိုး ကျူးလွန်ခဲ့မယ်ဆိုရင် ပွဲပယ်ပြစ်ဒဏ်နှစ်ပွဲကို ချက်ချင်းကျခံရမှာဖြစ်ကြောင်း ဖီဖာက ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ကလပ်အသင်းကစားသမားဘဝမှာ အနီကတ်(၁၃)ကြိမ် ပြသခံရဖူးပေမဲ့ လက်ရွေးစင်အသင်းမှာတော့ (၂၂၆)ပွဲမြောက်မှာမှ ပထမဆုံးအနီကတ် ပြသခံရခြင်းဖြစ်ကြောင်း သိရပါတယ်။

စီရော်နယ်လ်ဒိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၆)ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ #Eleven