မေလးရွားက အသက္ ၁၆ ႏွစ္ေအာက္မ်ားကို လူမႈမီဒီယာ အသုံးျပဳမႈ တားျမစ္မည္

မေလးရွားက အသက္ ၁၆ ႏွစ္ေအာက္မ်ားကို လူမႈမီဒီယာ အသုံးျပဳမႈ တားျမစ္မည္
========================
မေလးရွားႏိုင္ငံက အသက္ ၁၆ ႏွစ္ႏွင့္ ေအာက္ရွိသူမ်ားကို လူမႈမီဒီယာ အသုံးျပဳမႈတားျမစ္ရန္ လုပ္ေဆာင္သြားမည္ျဖစ္ၿပီး ယင္းတားျမစ္မႈကို ၂၀၂၆ ခုႏွစ္တြင္ စတင္အသက္သြင္းမည္ျဖစ္ေၾကာင္း ဆက္သြယ္ေရးဝန္ႀကီး ဖာမီဖတ္ေဇကေျပာသည္။
အစိုးရအေနျဖင့္ ကေလးငယ္မ်ား၏ အြန္လိုင္းလုံၿခဳံေရး တိုးတက္ေစရန္ ရည္႐ြယ္၍ ယခုအစီအစဥ္ကို အေကာင္အထည္ေဖာ္ျခင္းျဖစ္ေၾကာင္း၊ လူမႈမီဒီယာပလက္ေဖာင္းမ်ားသည္ ၎တို႔၏ပလက္ေဖာင္းကို အသုံးျပဳသူမ်ားအေပၚ စိစစ္မႈမ်ားလုပ္ေဆာင္သြားမည္ဟု ေမွ်ာ္လင့္ထားေၾကာင္း ဆက္သြယ္ေရးဝန္ႀကီးက ဆက္ေျပာသည္။
မေလးရွားအစိုးရအေနျဖင့္ ၂၀၂၆ ခုႏွစ္ဇန္နဝါရီလ ၁ ရက္မွစ၍ အြန္လိုင္းလုံၿခဳံေရး ဥပေဒကို စတင္အေကာင္အထည္ ေဖာ္သြားမည္ျဖစ္ၿပီး ထိုဥပေဒႏွင့္အတူ အသက္ ၁၆ ႏွစ္ေအာက္ကေလးမ်ားကိုပါ လူမႈမီဒီယာ အသုံးျပဳမႈ တားျမစ္သြားမည္ျဖစ္ေၾကာင္း ဆက္သြယ္ေရးဝန္ႀကီးက ေျပာသည္။
ဩစေၾတးလ်ႏိုင္ငံက လူမႈမီဒီယာ အသုံးျပဳသူမ်ားကို အသက္အ႐ြယ္ ကန႔္သတ္လိုက္ၿပီးေနာက္ မေလးရွားႏိုင္ငံအပါအဝင္ အျခားႏိုင္ငံမ်ားကပါ ဩစေၾတးလ် ႏိုင္ငံကဲ့သို႔ လိုက္ပါလုပ္ေဆာင္လာျခင္း ျဖစ္ေၾကာင္း သိရသည္။
မလေးရှားက အသက် ၁၆ နှစ်အောက်များကို လူမှုမီဒီယာ အသုံးပြုမှု တားမြစ်မည်
========================
မလေးရှားနိုင်ငံက အသက် ၁၆ နှစ်နှင့် အောက်ရှိသူများကို လူမှုမီဒီယာ အသုံးပြုမှုတားမြစ်ရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းတားမြစ်မှုကို ၂၀၂၆ ခုနှစ်တွင် စတင်အသက်သွင်းမည်ဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီး ဖာမီဖတ်ဇေကပြောသည်။
အစိုးရအနေဖြင့် ကလေးငယ်များ၏ အွန်လိုင်းလုံခြုံရေး တိုးတက်စေရန် ရည်ရွယ်၍ ယခုအစီအစဉ်ကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း၊ လူမှုမီဒီယာပလက်ဖောင်းများသည် ၎င်းတို့၏ပလက်ဖောင်းကို အသုံးပြုသူများအပေါ် စိစစ်မှုများလုပ်ဆောင်သွားမည်ဟု မျှော်လင့်ထားကြောင်း ဆက်သွယ်ရေးဝန်ကြီးက ဆက်ပြောသည်။
မလေးရှားအစိုးရအနေဖြင့် ၂၀၂၆ ခုနှစ်ဇန်နဝါရီလ ၁ ရက်မှစ၍ အွန်လိုင်းလုံခြုံရေး ဥပဒေကို စတင်အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ထိုဥပဒေနှင့်အတူ အသက် ၁၆ နှစ်အောက်ကလေးများကိုပါ လူမှုမီဒီယာ အသုံးပြုမှု တားမြစ်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီးက ပြောသည်။
ဩစတြေးလျနိုင်ငံက လူမှုမီဒီယာ အသုံးပြုသူများကို အသက်အရွယ် ကန့်သတ်လိုက်ပြီးနောက် မလေးရှားနိုင်ငံအပါအဝင် အခြားနိုင်ငံများကပါ ဩစတြေးလျ နိုင်ငံကဲ့သို့ လိုက်ပါလုပ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။




