
================
နိုဝင်ဘာ ၁၇





ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးမျိုးဇော်သိမ်း ပဲခူးတိုင်းဒေသကြီး(အ‌ရှေ့ပိုင်း)ဘုရားကြီးမြို့ရှိ ပါတီဝင်များ၊ ပါတီဝန်းရံသူများနှင့်တွေ့ဆုံ
================
နိုဝင်ဘာ ၁၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ‌ဒုတိယဥက္ကဌ၊ အောက်မြန်မာပြည်ပေါင်းစပ်ညှိနှိုင်းရေးမှူး ဦးမျိုးဇော်သိမ်းသည် ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ပဲခူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုး‌ဆွေဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲမြင့်ထွန်းတို့နှင့်အတူ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပဲခူးမြို့နယ်၊ဘုရားကြီးမြို့၌ ပါတီဝင်များ၊ ပါတီဝန်းရံသူများနှင့် တွေ့ဆုံခဲ့ပါသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး(အ‌ရှေ့ပိုင်း) ပါတီတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အလိုက်ပါတီကော်မတီဝင်များ၊ ရပ်ကျေးစည်းရုံးရေးမှုးများ၊ ပါတီဝင်များ၊ ပါတီဝန်းရံထောက်ခံသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

အဆိုပါ အခမ်းအနားတွင် ဒုတိယဥက္ကဌနှင့် တက်ရောက်လာကြသူများသည် ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုခဲ့ပါသည်။ ထို့နောက် ဒုတိယဥက္ကဌက ပါတီ၏ရွေးကောက်ပွဲကြေညာစာတမ်းနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ဦးမျိုးဆွေဝင်း၊ ဦးလှသိန်းနှင့် ဦးရဲမြင့်ထွန်းတို့မှ ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဥက္ကဌသည် တက်ရောက်လာကြသူများမှ သိလိုသည့် မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ဖြည့်စွက်ခဲ့ကြောင်း သတင်းရရှိပါသည်။