လႊတ္ေတာ္ထဲကိုရပ္က်ိဳး ႐ြာက်ိဳးကို ထမ္းေဆာင္ခ်င္တဲ့သူေတြ ေရာက္သြားဖို႔လိုအပ္



လႊတ္ေတာ္ထဲကိုရပ္က်ိဳး ႐ြာက်ိဳးကို ထမ္းေဆာင္ခ်င္တဲ့သူေတြ ေရာက္သြားဖို႔လိုအပ္
===============
၁၇.၁၁.၂၀၂၅
လႊတ္ေတာ္ထဲကိုရပ္က်ိဳး ႐ြာက်ိဳးကို ထမ္းေဆာင္ခ်င္တဲ့သူေတြ ေရာက္သြားဖို႔လိုအပ္တယ္လို႔ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေသာင္ေအးကေျပာပါတယ္။
“ အေရးႀကီးတာက လႊတ္ေတာ္ထဲကို လူေကာင္းသူေကာင္းေတြ ေရာက္သြားဖို႔လိုတယ္။ တကယ္ ရပ္က်ိဳး ႐ြာက်ိဳးကို ထမ္းေဆာင္ခ်င္တဲ့သူေတြ ေရာက္သြားဖို႔လိုတယ္။ တစ္ခ်ိဳ႕ေတြက ႏိုင္ငံေရးကို လုပ္စားတာ။ ႏိုင္ငံေရးမွာ ဒီလိုေနရာေတြရဖို႔အတြက္ကို လုပ္သြားတာ။ ဒီေဒသ၊ ဒီလူ၊ ဒီမိသားစုေတြအတြက္ စဥ္းစားလို႔ ဝင္လုပ္တာ မဟုတ္ဘူး။ အဲ့ေတာ့ အေရးႀကီးတာက ႏိုင္ငံေရးလုပ္မယ္ဆိုတာ ႏိုင္ငံေရးစိတ္ဓာတ္၊ ႏိုင္ငံ့အေရးကို စြမ္းစြမ္းတမံ လုပ္ခ်င္တဲ့ဆႏၵ၊ ပရဟိတစိတ္ ရွိမွရမယ္။ အတၱဟိတနဲ႔ ႏိုင္ငံေရးကို လာလုပ္ရင္ေတာ့ တစ္ပြဲတိုးပဲ ျဖစ္သြားမွာ”လို႔ ဦးေသာင္းေအးကေျပာပါတယ္။
ဦးေသာင္းေအးက “ ၿပီးသြားရင္လည္းပဲ ခုနက ကိုယ္စားလွယ္ဆိုတဲ့ တာဝန္ျဖစ္တဲ့ ျပည္သူ႔အသံ၊ ျပည္သူ႔ဆႏၵေတြကို လႊတ္ေတာ္ထဲကို မပို႔ႏိုင္တဲ့လူေတြဆိုရင္ ကြၽန္ေတာ္တို႔ ေ႐ြးလိုက္တာ အလကားပဲ ျဖစ္မွာ။ ဒါေလးကို ကြၽန္ေတာ္ အလ်ဥ္းသင့္လို႔ ေျပာျပခ်င္တာ” လို႔ေျပာပါတယ္။
ဒီကေန႔ ေပ်ာ္ဘြယ္ၿမိဳ႕ ျပည္သာယာရပ္ကြက္မွာ မဲဆႏၵရွင္နဲ႔ေတြ႕ဆုံ
ေဆြးေႏြးခ်ိန္မွာ ေျပာဆိုလိုက္တာျဖစ္ပါတယ္။
ဒီအျပင္ အခုက်င္းပမယ့္ပါတီစုံ ဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ ေအာင္ျမင္ေရးအတြက္ဝိုင္းဝန္းကူညီေဆာင္႐ြက္ရမယ္လို႔ ဆိုပါတယ္။
လွှတ်တော်ထဲကိုရပ်ကျိုး ရွာကျိုးကို ထမ်းဆောင်ချင်တဲ့သူတွေ ရောက်သွားဖို့လိုအပ်
===============
၁၇.၁၁.၂၀၂၅
လွှတ်တော်ထဲကိုရပ်ကျိုး ရွာကျိုးကို ထမ်းဆောင်ချင်တဲ့သူတွေ ရောက်သွားဖို့လိုအပ်တယ်လို့ ပျော်ဘွယ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်အေးကပြောပါတယ်။
“ အရေးကြီးတာက လွှတ်တော်ထဲကို လူကောင်းသူကောင်းတွေ ရောက်သွားဖို့လိုတယ်။ တကယ် ရပ်ကျိုး ရွာကျိုးကို ထမ်းဆောင်ချင်တဲ့သူတွေ ရောက်သွားဖို့လိုတယ်။ တစ်ချို့တွေက နိုင်ငံရေးကို လုပ်စားတာ။ နိုင်ငံရေးမှာ ဒီလိုနေရာတွေရဖို့အတွက်ကို လုပ်သွားတာ။ ဒီဒေသ၊ ဒီလူ၊ ဒီမိသားစုတွေအတွက် စဉ်းစားလို့ ဝင်လုပ်တာ မဟုတ်ဘူး။ အဲ့တော့ အရေးကြီးတာက နိုင်ငံရေးလုပ်မယ်ဆိုတာ နိုင်ငံရေးစိတ်ဓာတ်၊ နိုင်ငံ့အရေးကို စွမ်းစွမ်းတမံ လုပ်ချင်တဲ့ဆန္ဒ၊ ပရဟိတစိတ် ရှိမှရမယ်။ အတ္တဟိတနဲ့ နိုင်ငံရေးကို လာလုပ်ရင်တော့ တစ်ပွဲတိုးပဲ ဖြစ်သွားမှာ”လို့ ဦးသောင်းအေးကပြောပါတယ်။
ဦးသောင်းအေးက “ ပြီးသွားရင်လည်းပဲ ခုနက ကိုယ်စားလှယ်ဆိုတဲ့ တာဝန်ဖြစ်တဲ့ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒတွေကို လွှတ်တော်ထဲကို မပို့နိုင်တဲ့လူတွေဆိုရင် ကျွန်တော်တို့ ရွေးလိုက်တာ အလကားပဲ ဖြစ်မှာ။ ဒါလေးကို ကျွန်တော် အလျဉ်းသင့်လို့ ပြောပြချင်တာ” လို့ပြောပါတယ်။
ဒီကနေ့ ပျော်ဘွယ်မြို့ ပြည်သာယာရပ်ကွက်မှာ မဲဆန္ဒရှင်နဲ့တွေ့ဆုံ
ဆွေးနွေးချိန်မှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဒီအပြင် အခုကျင်းပမယ့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက်ဝိုင်းဝန်းကူညီဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။




