ထိုင္းႏိုင္ငံေရာက္ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားကို CI မွ PJ ထုတ္ေပးေနတဲ့ဌာနခြဲ ရက္အကန႔္အသတ္မရွိ ယာယီ ရပ္ဆိုင္း

ထိုင္းႏိုင္ငံေရာက္ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားကို CI မွ PJ ထုတ္ေပးေနတဲ့ဌာနခြဲ ရက္အကန႔္အသတ္မရွိ ယာယီ ရပ္ဆိုင္း
================
ထိုင္းႏိုင္ငံေရာက္ အေထာက္ထားမဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားမ်ားအား ျမန္မာႏိုင္ငံသားျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ Certificates of Identification(CI) မွ ႏိုင္ငံကူးလက္မွတ္ (PJ) သို႔ ေျပာင္းလဲထုတ္ေပးေနတဲ့ ဌာနခြဲကို ရက္အကန႔္အသတ္မရွိ ရပ္ဆိုင္းမည္ျဖစ္ေၾကာင္း ဘန္ေကာက္အေျခစိုက္ ျမန္မာသံအရာရွိ႐ုံးက အသိေပးထုတ္ျပန္ထားတယ္လို႔ သိရပါတယ္။

အဆိုပါဌာနကို ႏိုဝင္ဘာလ ၁၅ ရက္မွစတင္ကာ ယာယီရပ္ဆိုင္းလိုက္ျခင္းျဖစ္ၿပီး ယာယီအခ်က္အလက္ ေကာက္ယူေရးဌာနခြဲျပန္လည္ဖြင့္လွစ္မည့္ ေန႔ရက္ကို ျပန္လည္ အသိေပးေၾကညာသြားမယ္လို႔ သိရပါတယ္။

လက္ရွိမွာ ကိုယ္ေရးေနာက္ေၾကာင္း စိစစ္ၿပီး၍ ႏိုင္ငံကူးလက္မွတ္ထုတ္ယူရန္ က်န္ရွိေနတဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားမ်ား အေနနဲ႔ မိမိတို႔၏ ႏိုင္ငံကူးလက္မွတ္မ်ားကို လာေရာက္ထုတ္ယူၾကရန္ အသိေပးထားတယ္လို႔ သိရပါတယ္။

အဆိုပါဌာနက ထိုင္းႏိုင္ငံရွိ မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ (Certificate of Identity -CI) ကိုင္ေဆာင္ထားတဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားမ်ား အနက္ ႏိုင္ငံသားအေထာက္အထား ျပည့္စုံမွန္ကန္သူမ်ားကို ႏိုင္ငံကူးလက္မွတ္ထုတ္ေပးႏိုင္ေရးအတြက္ ကိုယ္ေရးအခ်က္အလက္ ေကာက္ယူျခင္းကို ထိုင္းႏိုင္ငံ၊ မဟာခ်ိဳင္ၿမိဳ႕ရွိ ယာယီအခ်က္အလက္ေကာက္ယူေရးဌာနခြဲ (Temporary Data Collection Center – TDCC)မွာ ေဆာင္႐ြက္ေပးေနတဲ့ဌာနတစ္ခုလည္း ျဖစ္တယ္လို႔ သိရပါတယ္။


ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများကို CI မှ PJ ထုတ်ပေးနေတဲ့ဌာနခွဲ ရက်အကန့်အသတ်မရှိ ယာယီ ရပ်ဆိုင်း
================
ထိုင်းနိုင်ငံရောက် အထောက်ထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ် Certificates of Identification(CI) မှ နိုင်ငံကူးလက်မှတ် (PJ) သို့ ပြောင်းလဲထုတ်ပေးနေတဲ့ ဌာနခွဲကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာသံအရာရှိရုံးက အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

အဆိုပါဌာနကို နိုဝင်ဘာလ ၁၅ ရက်မှစတင်ကာ ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး ယာယီအချက်အလက် ကောက်ယူရေးဌာနခွဲပြန်လည်ဖွင့်လှစ်မည့် နေ့ရက်ကို ပြန်လည် အသိပေးကြေညာသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာ ကိုယ်ရေးနောက်ကြောင်း စိစစ်ပြီး၍ နိုင်ငံကူးလက်မှတ်ထုတ်ယူရန် ကျန်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ အနေနဲ့ မိမိတို့၏ နိုင်ငံကူးလက်မှတ်များကို လာရောက်ထုတ်ယူကြရန် အသိပေးထားတယ်လို့ သိရပါတယ်။

အဆိုပါဌာနက ထိုင်းနိုင်ငံရှိ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity -CI) ကိုင်ဆောင်ထားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ အနက် နိုင်ငံသားအထောက်အထား ပြည့်စုံမှန်ကန်သူများကို နိုင်ငံကူးလက်မှတ်ထုတ်ပေးနိုင်ရေးအတွက် ကိုယ်ရေးအချက်အလက် ကောက်ယူခြင်းကို ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ရှိ ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲ (Temporary Data Collection Center – TDCC)မှာ ဆောင်ရွက်ပေးနေတဲ့ဌာနတစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ်။