ေအာင္လအန္ဆန္ကို ONE ရဲ႕ Hall of Fame မွာ တရားဝင္ထည့္သြင္းဂုဏ္ျပဳမႈ

ေအာင္လအန္ဆန္ကို ONE ရဲ႕ Hall of Fame မွာ တရားဝင္ထည့္သြင္းဂုဏ္ျပဳမႈ
================
ONE Championship အဖြဲအစည္းက ျမန္မာ MMA ကစားသမား ေအာင္လအန္ဆန္ကို တရားဝင္ထည့္သြင္းဂုဏ္ျပဳတဲ့အခမ္းအနား ျပဳလုပ္ခဲ့ပါတယ္။
ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳမွာ က်င္းပတဲ့ ONE 173 ပြဲစဥ္အတြင္း ONE ဥကၠ႒ ခ်တ္ထရီက ေအာင္လအန္ဆန္ကို Hall of Fame ဆုတံဆိပ္ အပ္ႏွင္းခဲ့တာျဖစ္တယ္။
ေအာင္လအန္ဆန္အေနနဲ႔ ONE Championship မွာ ဒီမီထရီးယပ္စ္ဂြၽန္ဆင္၊ ဘီဘီယာႏိုဖာနန္ဒက္စ္ၿပီးေနာက္ Hall of Fame မွာ တတိယေျမာက္ ထည့္သြင္းဂုဏ္ျပဳခံရသူလည္း ျဖစ္ခဲ့ပါတယ္။
အသက္ ၄၀ ႏွစ္ရွိၿပီျဖစ္တဲ့ ေအာင္လအန္ဆန္ဟာ ONE လက္ေအာက္မွာ ၂၀၁၄ ခုႏွစ္ ဇြန္လက စတင္ထိုးသတ္ခဲ့ၿပီး ၁၁ ႏွစ္ၾကာ ONE နဲ႔ လက္တြဲခဲ့တာပါ။
ေအာင္လအန္ဆန္အေနနဲ႔ ONE ပြဲစဥ္ေပါင္း ၂၀ ထိုးသတ္ခဲ့ၿပီး ၁၅ ပြဲႏိုင္၊ ၅ ပြဲရႈးမွတ္တမ္း ရရွိခဲ့ပါတယ္။
ႏိုင္ပြဲ ၁၅ ပြဲမွာ ၈၇ ရာခိုင္ႏႈန္းျဖစ္တဲ့ ၁၃ ပြဲက အလဲထိုး၊ ဒိုင္ပြဲရပ္အလဲထိုးနဲ႔ ခ်ဳပ္ကြက္ေတြနဲ႔ အႏိုင္ယူခဲ့တာျဖစ္တယ္။
၎ဟာ ONE မွာ မစ္ဒယ္ဝိတ္နဲ႔ လိုက္ဟဲဗီးဝိတ္ခ်န္ပီယံ ျဖစ္ခဲ့ၿပီး မတူညီတဲ့ ဝိတ္တန္းႏွစ္ခုမွာ ခ်န္ပီယံျဖစ္တဲ့ တတိယေျမာက္အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
Photos: ONE Championship
အောင်လအန်ဆန်ကို ONE ရဲ့ Hall of Fame မှာ တရားဝင်ထည့်သွင်းဂုဏ်ပြုမှု
================
ONE Championship အဖွဲအစည်းက မြန်မာ MMA ကစားသမား အောင်လအန်ဆန်ကို တရားဝင်ထည့်သွင်းဂုဏ်ပြုတဲ့အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။
ဂျပန်နိုင်ငံ၊ တိုကျိုမြိုမှာ ကျင်းပတဲ့ ONE 173 ပွဲစဉ်အတွင်း ONE ဥက္ကဋ္ဌ ချတ်ထရီက အောင်လအန်ဆန်ကို Hall of Fame ဆုတံဆိပ် အပ်နှင်းခဲ့တာဖြစ်တယ်။
အောင်လအန်ဆန်အနေနဲ့ ONE Championship မှာ ဒီမီထရီးယပ်စ်ဂျွန်ဆင်၊ ဘီဘီယာနိုဖာနန်ဒက်စ်ပြီးနောက် Hall of Fame မှာ တတိယမြောက် ထည့်သွင်းဂုဏ်ပြုခံရသူလည်း ဖြစ်ခဲ့ပါတယ်။
အသက် ၄၀ နှစ်ရှိပြီဖြစ်တဲ့ အောင်လအန်ဆန်ဟာ ONE လက်အောက်မှာ ၂၀၁၄ ခုနှစ် ဇွန်လက စတင်ထိုးသတ်ခဲ့ပြီး ၁၁ နှစ်ကြာ ONE နဲ့ လက်တွဲခဲ့တာပါ။
အောင်လအန်ဆန်အနေနဲ့ ONE ပွဲစဉ်ပေါင်း ၂၀ ထိုးသတ်ခဲ့ပြီး ၁၅ ပွဲနိုင်၊ ၅ ပွဲရှုးမှတ်တမ်း ရရှိခဲ့ပါတယ်။
နိုင်ပွဲ ၁၅ ပွဲမှာ ၈၇ ရာခိုင်နှုန်းဖြစ်တဲ့ ၁၃ ပွဲက အလဲထိုး၊ ဒိုင်ပွဲရပ်အလဲထိုးနဲ့ ချုပ်ကွက်တွေနဲ့ အနိုင်ယူခဲ့တာဖြစ်တယ်။
၎င်းဟာ ONE မှာ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်ခဲ့ပြီး မတူညီတဲ့ ဝိတ်တန်းနှစ်ခုမှာ ချန်ပီယံဖြစ်တဲ့ တတိယမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
Photos: ONE Championship




