ဝိတ္တန္းႏွစ္ခုခ်န္ပီယံျဖစ္လာတဲ့ မာခါခ်က္ဗ္

ဝိတ္တန္းႏွစ္ခုခ်န္ပီယံျဖစ္လာတဲ့ မာခါခ်က္ဗ္
============
႐ုရွားMMAကစားသမား မာခါခ်က္ဗ္ဟာ ဝယ္လ္တာဝိတ္တန္းခ်န္ပီယံစိန္ေခၚပြဲမွာ လက္ရွိခ်န္ပီယံ ၾသစေၾတးလ်ကစားသမား မက္ဒါလီနာကို အႏိုင္ရၿပီးေနာက္ UFC ၿပိဳင္ပြဲရဲ႕ ၁၁ ဦးေျမာက္ ဝိတ္တန္းႏွစ္ခုခ်န္ပီယံ ျဖစ္လာခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ၿမိဳရွိ  Madison Square Garden မွာ ျမန္မာစံေတာ္ခ်ိန္ ႏိုဝင္ဘာ ၁၆ ရက္ နံနက္ပိုင္းက က်င္းပတဲ့ UFC 322 ၿပိဳင္ပြဲမွာ ခ်န္ပီယံစိန္ေခၚ ပြဲႏွစ္ပြဲ ထည့္သြင္းက်င္းပခဲ့ပါတယ္။

ေခါင္တြဲဆိုင္းအျဖစ္ ဝယ္လ္တာဝိတ္တန္းစိန္ေခၚပြဲ၊ ဒုေခါင္တြဲဆိုင္းအျဖစ္ အမ်ိဳးသမီး ဖလိုင္းဝိတ္ တန္းစိန္ေခၚပြဲ က်င္းပခဲ့တာျဖစ္တယ္။

လိုက္ဝိတ္တန္း (၁၅၅ ေပါင္)ခ်န္ပီယံ ခါးပတ္စြန႔္လႊတ္၍ ဝယ္လ္တာဝိတ္တန္း (ေပါင္ ၁၇၀)ကို တန္းတက္ထိုးသတ္သူ မာခါခ်က္ဗ္ဟာ ပထမဆုံးပြဲမွာပဲ ပုံစံေကာင္း ျပသ၍ ခ်န္ပီယံခါးပတ္ ရယူႏိုင္ခဲ့ပါတယ္။

မာခါခ်က္ဗ္က သူ႔ပုံစံအတိုင္း Ground Strike အသားေပးကာ ပြဲခ်ိန္တစ္ေလွ်ာက္လုံး လႊမ္းမိုးထားႏိုင္ၿပီး လက္ရွိခ်န္ပီယံ မက္ဒါလီနာ ႐ုန္းကန္ခဲ့ရတယ္။

ငါးခ်ီျပည့္တဲ့အထိ အရႈးအႏိုင္မေပၚလို အမွတ္နဲ႔ ဆုံးျဖတ္ရာ ဒိုင္သုံးဦးစလုံးက ၅၀-၄၅ မွတ္စီနဲ႔ မာခါခ်က္ဗ္ကို အႏိုင္ေပးခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္သူ မာခါခ်က္ဗ္အေနနဲ႔ UFC ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ၁၁ ဦးေျမာက္ ဝိတ္တန္းႏွစ္ခုခ်န္ပီယံ ျဖစ္လာၿပီး ဘရာဇီးကစားသမားေဟာင္း အန္ဒါဆန္ေဆးလ္ဗားရဲ႕ ပြဲဆက္အမ်ားဆုံး
ႏိုင္ပြဲရစံခ်ိန္ျဖစ္တဲ့ ၁၆ ပြဲဆက္ အႏိုင္ရစံခ်ိန္ကိုလည္း အမီလိုက္ႏိုင္ခဲ့ပါတယ္။

ယခင္က UFC ၿပိဳင္ပြဲမွာ ဝိတ္တန္းႏွစ္ခုခ်န္ပီယံအျဖစ္ ရန္ဒီကူတူေရ (ဟဲဗီးဝိတ္၊ လိုက္ဟဲဗီးဝိတ္)၊ ဘီေဂ်ပန္း (ဝယ္လ္တာဝိတ္၊ လိုက္ဝိတ္)၊ မက္ဂရီေဂၚ (လိုက္ဝိတ္၊ ဖယ္သာ ဝိတ်)၊ စိန႔္ပီယာရီ (မစ္ဒယ္ဝိတ္၊ ဝယ္လ္တာ ဝိတ်)၊ ဒန္နီယဲလ္ေကာ္မီယာ (ဟဲဗီးဝိတ္၊ လိုက္ဟဲဗီးဝိတ္)၊ အာမန္ဒါႏူးနက္စ္ (အမ်ိဳးသမီး ဖယ္သာဝိတ္၊ ဘန္တမ္ဝိတ္)၊ စီဂ်ဴဒို (ဘန္တမ္ဝိတ္၊ ဖလိုင္းဝိတ္)၊ ဂြၽန္ဂ်ဳံးစ္ (ဟဲဗီးဝိတ္၊ လိုက္ဟဲဗီးဝိတ္)၊ အဲလက္စ္ပယ္ေရရာ (မစ္ဒယ္ဝိတ္၊ လိုက္ဟဲဗီးဝိတ္)၊ တိုပူရီယာ (ဖယ္သာဝိတ္၊ လိုက္ဝိတ္)တို ရရွိခဲ့ဖူးပါတယ္။

ဒုေခါင္းတြဲဆိုင္းျဖစ္တဲ့ အမ်ိဳးသမီး ဖလိုင္းဝိတ္တန္း ခ်န္ပီယံစိန္ေခၚပြဲမွာလည္း လက္ရွိခ်န္ပီယံ ကာဂ်စၥတန္-ပီ႐ူးႏြယ္ဖြား ရွက္ဗ္ခ်န္ကိုက စထေရာဝိတ္တန္းခ်န္ပီယံ တ႐ုတ္ႏိုင္ငံသူ က်န္းေဝလီကို အမွတ္နဲ႔အႏိုင္ရၿပီး ခ်န္ပီယံခါးပတ္ ကာကြယ္ႏိုင္ခဲ့ပါတယ္။

ရွက္ဗ္ခ်န္ကိုက ပြဲခ်ိန္တစ္ေလွ်ာက္လုံး လက္ရည္အသာနဲ႔ ထိုးသတ္ႏိုင္ခဲ့ၿပီး ဒိုင္သုံးဦးစလုံးက ၅၀-၄၅ မွတ္စီနဲ႔ ရွက္ဗ္ခ်န္ကိုကို အႏိုင္ေပးခဲ့တာျဖစ္တယ္။

အသက္ ၃၇ ႏွစ္ရွိၿပီျဖစ္သူ ရွက္ဗ္ခ်န္ကိုဟာ ဖလိုင္းဝိတ္ခ်န္ပီယံခါးပတ္ကို ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာကေန ၂၀၂၃ ခုႏွစ္ မတ္လအထိ ကာလရွည္ရယူႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ ၂၀၂၄ ခုႏွစ္ စက္တင္ဘာမွာ ဒုတိယအႀကိမ္ ခ်န္ပီယံခါးပတ္ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ #Eleven #Photos: UFC

==================

ဝိတ်တန်းနှစ်ခုချန်ပီယံဖြစ်လာတဲ့ မာခါချက်ဗ်
============
ရုရှားMMAကစားသမား မာခါချက်ဗ်ဟာ ဝယ်လ်တာဝိတ်တန်းချန်ပီယံစိန်ခေါ်ပွဲမှာ လက်ရှိချန်ပီယံ သြစတြေးလျကစားသမား မက်ဒါလီနာကို အနိုင်ရပြီးနောက် UFC ပြိုင်ပွဲရဲ့ ၁၁ ဦးမြောက် ဝိတ်တန်းနှစ်ခုချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြိုရှိ  Madison Square Garden မှာ မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက ကျင်းပတဲ့ UFC 322 ပြိုင်ပွဲမှာ ချန်ပီယံစိန်ခေါ် ပွဲနှစ်ပွဲ ထည့်သွင်းကျင်းပခဲ့ပါတယ်။

ခေါင်တွဲဆိုင်းအဖြစ် ဝယ်လ်တာဝိတ်တန်းစိန်ခေါ်ပွဲ၊ ဒုခေါင်တွဲဆိုင်းအဖြစ် အမျိုးသမီး ဖလိုင်းဝိတ် တန်းစိန်ခေါ်ပွဲ ကျင်းပခဲ့တာဖြစ်တယ်။

လိုက်ဝိတ်တန်း (၁၅၅ ပေါင်)ချန်ပီယံ ခါးပတ်စွန့်လွှတ်၍ ဝယ်လ်တာဝိတ်တန်း (ပေါင် ၁၇၀)ကို တန်းတက်ထိုးသတ်သူ မာခါချက်ဗ်ဟာ ပထမဆုံးပွဲမှာပဲ ပုံစံကောင်း ပြသ၍ ချန်ပီယံခါးပတ် ရယူနိုင်ခဲ့ပါတယ်။

မာခါချက်ဗ်က သူ့ပုံစံအတိုင်း Ground Strike အသားပေးကာ ပွဲချိန်တစ်လျှောက်လုံး လွှမ်းမိုးထားနိုင်ပြီး လက်ရှိချန်ပီယံ မက်ဒါလီနာ ရုန်းကန်ခဲ့ရတယ်။

ငါးချီပြည့်တဲ့အထိ အရှုးအနိုင်မပေါ်လို အမှတ်နဲ့ ဆုံးဖြတ်ရာ ဒိုင်သုံးဦးစလုံးက ၅၀-၄၅ မှတ်စီနဲ့ မာခါချက်ဗ်ကို အနိုင်ပေးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အသက် ၃၄ နှစ်ရှိပြီဖြစ်သူ မာခါချက်ဗ်အနေနဲ့ UFC ပြိုင်ပွဲသမိုင်းတစ်လျှောက် ၁၁ ဦးမြောက် ဝိတ်တန်းနှစ်ခုချန်ပီယံ ဖြစ်လာပြီး ဘရာဇီးကစားသမားဟောင်း အန်ဒါဆန်ဆေးလ်ဗားရဲ့ ပွဲဆက်အများဆုံး
နိုင်ပွဲရစံချိန်ဖြစ်တဲ့ ၁၆ ပွဲဆက် အနိုင်ရစံချိန်ကိုလည်း အမီလိုက်နိုင်ခဲ့ပါတယ်။

ယခင်က UFC ပြိုင်ပွဲမှာ ဝိတ်တန်းနှစ်ခုချန်ပီယံအဖြစ် ရန်ဒီကူတူရေ (ဟဲဗီးဝိတ်၊ လိုက်ဟဲဗီးဝိတ်)၊ ဘီဂျေပန်း (ဝယ်လ်တာဝိတ်၊ လိုက်ဝိတ်)၊ မက်ဂရီဂေါ် (လိုက်ဝိတ်၊ ဖယ်သာ ဝိတျ)၊ စိန့်ပီယာရီ (မစ်ဒယ်ဝိတ်၊ ဝယ်လ်တာ ဝိတျ)၊ ဒန်နီယဲလ်ကော်မီယာ (ဟဲဗီးဝိတ်၊ လိုက်ဟဲဗီးဝိတ်)၊ အာမန်ဒါနူးနက်စ် (အမျိုးသမီး ဖယ်သာဝိတ်၊ ဘန်တမ်ဝိတ်)၊ စီဂျူဒို (ဘန်တမ်ဝိတ်၊ ဖလိုင်းဝိတ်)၊ ဂျွန်ဂျုံးစ် (ဟဲဗီးဝိတ်၊ လိုက်ဟဲဗီးဝိတ်)၊ အဲလက်စ်ပယ်ရေရာ (မစ်ဒယ်ဝိတ်၊ လိုက်ဟဲဗီးဝိတ်)၊ တိုပူရီယာ (ဖယ်သာဝိတ်၊ လိုက်ဝိတ်)တို ရရှိခဲ့ဖူးပါတယ်။

ဒုခေါင်းတွဲဆိုင်းဖြစ်တဲ့ အမျိုးသမီး ဖလိုင်းဝိတ်တန်း ချန်ပီယံစိန်ခေါ်ပွဲမှာလည်း လက်ရှိချန်ပီယံ ကာဂျစ္စတန်-ပီရူးနွယ်ဖွား ရှက်ဗ်ချန်ကိုက စထရောဝိတ်တန်းချန်ပီယံ တရုတ်နိုင်ငံသူ ကျန်းဝေလီကို အမှတ်နဲ့အနိုင်ရပြီး ချန်ပီယံခါးပတ် ကာကွယ်နိုင်ခဲ့ပါတယ်။

ရှက်ဗ်ချန်ကိုက ပွဲချိန်တစ်လျှောက်လုံး လက်ရည်အသာနဲ့ ထိုးသတ်နိုင်ခဲ့ပြီး ဒိုင်သုံးဦးစလုံးက ၅၀-၄၅ မှတ်စီနဲ့ ရှက်ဗ်ချန်ကိုကို အနိုင်ပေးခဲ့တာဖြစ်တယ်။

အသက် ၃၇ နှစ်ရှိပြီဖြစ်သူ ရှက်ဗ်ချန်ကိုဟာ ဖလိုင်းဝိတ်ချန်ပီယံခါးပတ်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာကနေ ၂၀၂၃ ခုနှစ် မတ်လအထိ ကာလရှည်ရယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာမှာ ဒုတိယအကြိမ် ချန်ပီယံခါးပတ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ #Eleven #Photos: UFC