ကမာၻ႔ဖလားေျခစစ္ပြဲ ထပ္မံေအာင္ျမင္သြားတဲ့ ေပၚတူဂီနဲ႔ ေနာ္ေဝ

ကမာၻ႔ဖလားေျခစစ္ပြဲ ထပ္မံေအာင္ျမင္သြားတဲ့ ေပၚတူဂီနဲ႔ ေနာ္ေဝ
================
မေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ၂၀၂၆ ကမာၻ႔ဖလား ဥေရာပဇုန္ေျခစစ္ပြဲေတြမွာ ေပၚတူဂီနဲ႔ ေနာ္ေဝတို႔ ေျခစစ္ပြဲထပ္မံေအာင္ျမင္ခဲ့ေၾကာင္း သိရပါတယ္။
ေပၚတူဂီအသင္းက အာေမးနီးယားအသင္းကို (၉-၁)ဂိုးနဲ႔ အႏိုင္ရခဲ့တာေၾကာင့္ အိုင္ယာလန္ကို သုံးမွတ္ျဖတ္ကာ ေျခစစ္ပြဲေအာင္ျမင္ခဲ့တာျဖစ္ၿပီး ေနာ္ေဝက အီတလီကို (၄-၁)ဂိုးနဲ႔ အႏိုင္ရခဲ့တာေၾကာင့္ (၆)မွတ္ျဖတ္ၿပီး ေျခစစ္ပြဲေအာင္ျမင္ခဲ့တာပါ။
ေပၚတူဂီအသင္းက ကမာၻ႔ဖလားၿပိဳင္ပြဲကို (၇)ႀကိမ္ဆက္တိုက္ ယွဥ္ၿပိဳင္ခြင့္ရရွိတာျဖစ္ၿပီး ေနာ္ေဝအသင္းကေတာ့ ၁၉၉၈ ကမာၻ႔ဖလားၿပိဳင္ပြဲေနာက္ပိုင္း ပထမဆုံးအႀကိမ္ ယွဥ္ၿပိဳင္ခြင့္ျပန္ရလာခဲ့တာျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာ ၂၀၂၆ ကမာၻ႔ဖလားယွဥ္ၿပိဳင္ခြင့္ရတဲ့အသင္း (၃၂)သင္း အေျဖေပၚခဲ့ၿပီျဖစ္ၿပီး ဥေရာပဇုန္က ေျခစစ္ပြဲေအာင္တဲ့အသင္းကေတာ့ (၅)သင္းရွိလာခဲ့ပါၿပီ။
၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဥေရာပဇုန္က ဝင္ခြင့္ခြဲတမ္း (၁၆)ေနရာ ရရွိထားတာေၾကာင့္ ေနာက္ထပ္ တိုက္႐ိုက္ေျခစစ္ပြဲေအာင္မယ့္အသင္း (၇)သင္းနဲ႔ Play-offs ကေန ေျခစစ္ပြဲေအာင္မယ့္အသင္း (၄)သင္း ထြက္ေပၚလာမွာျဖစ္ပါတယ္။
ကမ္ဘာ့ဖလားခြေစစ်ပွဲ ထပ်မံအောင်မြင်သွားတဲ့ ပေါ်တူဂီနဲ့ နော်ဝေ
================
မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲတွေမှာ ပေါ်တူဂီနဲ့ နော်ဝေတို့ ခြေစစ်ပွဲထပ်မံအောင်မြင်ခဲ့ကြောင်း သိရပါတယ်။
ပေါ်တူဂီအသင်းက အာမေးနီးယားအသင်းကို (၉-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် အိုင်ယာလန်ကို သုံးမှတ်ဖြတ်ကာ ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီး နော်ဝေက အီတလီကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် (၆)မှတ်ဖြတ်ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။
ပေါ်တူဂီအသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲကို (၇)ကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့်ရရှိတာဖြစ်ပြီး နော်ဝေအသင်းကတော့ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ပြန်ရလာခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရတဲ့အသင်း (၃၂)သင်း အဖြေပေါ်ခဲ့ပြီဖြစ်ပြီး ဥရောပဇုန်က ခြေစစ်ပွဲအောင်တဲ့အသင်းကတော့ (၅)သင်းရှိလာခဲ့ပါပြီ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရောပဇုန်က ဝင်ခွင့်ခွဲတမ်း (၁၆)နေရာ ရရှိထားတာကြောင့် နောက်ထပ် တိုက်ရိုက်ခြေစစ်ပွဲအောင်မယ့်အသင်း (၇)သင်းနဲ့ Play-offs ကနေ ခြေစစ်ပွဲအောင်မယ့်အသင်း (၄)သင်း ထွက်ပေါ်လာမှာဖြစ်ပါတယ်။




