(၇၆)ရက္အတြင္း ဂုတ္ထိပ္တံတားျပင္ဆင္မႈ အလုံးစုံၿပီးစီးၿပီျဖစ္

(၇၆)ရက္အတြင္း ဂုတ္ထိပ္တံတားျပင္ဆင္မႈ အလုံးစုံၿပီးစီးၿပီျဖစ္
================
အၾကမ္းဖက္အဖြဲ႕မ်ား၏ ၾသဂုတ္ ၂၄ ရက္က မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးမႈေၾကာင့္ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့သည့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေနာင္ခ်ိဳၿမိဳ႕ နယ္ရွိ ေရွးေဟာင္းအေမြအႏွစ္ဂုတ္ထိပ္တံတားႀကီးအား ျမန္မာ့မီးရထားမွ အင္ဂ်င္နီယာမ်ားက ေရွးမူရင္းလက္ရာဒီဇိုင္းအတိုင္းေအာင္ျမင္စြာျပန္လည္ျပင္ဆင္ၿပီးစီးခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ ျပန္လည္ျပင္ဆင္ၿပီးျဖစ္၍ ဂုတ္ထိပ္တံတားႀကီးေပၚမွ ကုန္တန္ခ်ိန္(၂၀၉)တန္တင္ေဆာင္ထားသည့္ ရ ထားတြဲဆိုင္းျဖင့္ စမ္းသပ္ျဖတ္သန္းေမာင္းႏွင္ခဲ့ေၾကာင္း သိရသည္။
ဂုတ္ထိပ္တံတားအား အၾကမ္းဖက္အဖြဲ႕မ်ားကမိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခံခဲ့၍ တံတားႀကီး၏ လားရႈိးဘက္အျခမ္းကမ္းကပ္ခုံႏွင့္ တံတားတိုင္အမွတ္(၁၆) ၾကား တံတားသံေဘာင္ႏွစ္ဖက္စလုံးက်ိဳးက်ပ်က္စီးခဲ့သျဖင့္ ပ်က္စီးသြားေသာတံတားသံေဘာင္ေနရာမ်ားတြင္ ျမန္မာ့မီးရထား၊ အင္ဂ်င္နီယာဌာန၏ တံတားေဘာင္အလုပ္႐ုံ(ရန္ကုန္)မွထုတ္လုပ္သည့္ သံေဘာင္မ်ားျဖင့္ ရက္ေပါင္း(၇၆)ရက္အတြင္း ျပန္လည္အစား ထိုးတပ္ဆင္ကာ ေရွးမူမပ်က္ျပန္လည္ျပင္ဆင္ခဲ့ၾကေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေျပးဆြဲမႈယာယီရပ္နားထားေသာ ျပင္ဦးလြင္ဘူတာမွ ဂုတ္ထိပ္ဘူတာသို႔ ရႈခင္းၾကည့္ RBE ရ ထားမ်ားကိုလည္း မၾကာမီျပန္လည္ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
#Popular
(၇၆)ရက်အတွင်း ဂုတ်ထိပ်တံတားပြင်ဆင်မှု အလုံးစုံပြီးစီးပြီဖြစ်
================
အကြမ်းဖက်အဖွဲ့များ၏ သြဂုတ် ၂၄ ရက်က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ နယ်ရှိ ရှေးဟောင်းအမွေအနှစ်ဂုတ်ထိပ်တံတားကြီးအား မြန်မာ့မီးရထားမှ အင်ဂျင်နီယာများက ရှေးမူရင်းလက်ရာဒီဇိုင်းအတိုင်းအောင်မြင်စွာပြန်လည်ပြင်ဆင်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ပြင်ဆင်ပြီးဖြစ်၍ ဂုတ်ထိပ်တံတားကြီးပေါ်မှ ကုန်တန်ချိန်(၂၀၉)တန်တင်ဆောင်ထားသည့် ရ ထားတွဲဆိုင်းဖြင့် စမ်းသပ်ဖြတ်သန်းမောင်းနှင်ခဲ့ကြောင်း သိရသည်။
ဂုတ်ထိပ်တံတားအား အကြမ်းဖက်အဖွဲ့များကမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့၍ တံတားကြီး၏ လားရှိုးဘက်အခြမ်းကမ်းကပ်ခုံနှင့် တံတားတိုင်အမှတ်(၁၆) ကြား တံတားသံဘောင်နှစ်ဖက်စလုံးကျိုးကျပျက်စီးခဲ့သဖြင့် ပျက်စီးသွားသောတံတားသံဘောင်နေရာများတွင် မြန်မာ့မီးရထား၊ အင်ဂျင်နီယာဌာန၏ တံတားဘောင်အလုပ်ရုံ(ရန်ကုန်)မှထုတ်လုပ်သည့် သံဘောင်များဖြင့် ရက်ပေါင်း(၇၆)ရက်အတွင်း ပြန်လည်အစား ထိုးတပ်ဆင်ကာ ရှေးမူမပျက်ပြန်လည်ပြင်ဆင်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ပြေးဆွဲမှုယာယီရပ်နားထားသော ပြင်ဦးလွင်ဘူတာမှ ဂုတ်ထိပ်ဘူတာသို့ ရှုခင်းကြည့် RBE ရ ထားများကိုလည်း မကြာမီပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#Popular




