ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ေဇယ်ာသီရိၿမိဳ႕နယ္ ပုပ္ပါးကုန်းရပ်ကွက်ရွိ မဲဆႏၵရွင္ျပည္သူမ်ားႏွင့္ေတြ႕ဆုံ

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ေဇယ်ာသီရိၿမိဳ႕နယ္ ပုပ္ပါးကုန်းရပ်ကွက်ရွိ မဲဆႏၵရွင္ျပည္သူမ်ားႏွင့္ေတြ႕ဆုံ
====================
ႏိုဝင္ဘာ ၁၃၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒၊ ေဇယ်ာသီရိၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးခင္ရီသည္ ၁၃-၁၁-၂၀၂၅ ရက္ေန႔ နံနက္ ၁၀၀၀ အခ်ိန္တြင္ ေဇယ်ာသီရိၿမိဳ႕နယ္၊ ပုပ္ပါးကုန်းရပ်ကွက်သို႔ သြားေရာက္ၿပီး မဲဆႏၵရွင္ျပည္သူ (၂၀၀)ခန႔္ ႏွင့္ေတြ႕ဆုံခဲ့ပါသည္။

ေတြ႕ဆုံရာတြင္ ပါတီဥကၠ႒ ဦးခင္ရီက မိမိအေနျဖင့္ ေဇယ်ာသီရိၿမိဳ႕နယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းတစ္ဦးအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း၊ မဲဆႏၵရွင္ျပည္သူမ်ားကလည္း ေ႐ြးေကာက္ပြဲတြင္ မပ်က္မကြက္ ဆႏၵမဲေပးေစလိုေၾကာင္း၊ မဲဆႏၵရွင္ျပည္သူမ်ား၏ အနာဂတ္ဘ၀မ်ား ပိုမိုဖြံ႕ၿဖိဳးတိုးတက္ခိုင္မာဖို႔ မိမိတို႔ပါတီမွ အဆင္သင့္ရွိေနပါေၾကာင္း၊ အရည္အခ်င္းရွိသူမ်ားစြာ အင္အားအျပည့္ျဖင့္ ေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ေသာ ပါတီျဖစ္သည့္အတြက္ ျပည္ခိုင္ၿဖိဳးပါတီကို မဲေပးေစလိုေၾကာင္း၊ အသည္းၾကားကလာေသာ ခံစားခ်က္ရွိသည့္ဆႏၵမဲထက္ ေသခ်ာစဥ္းစားဆုံးျဖတ္ၿပီးမွ အမွန္တကယ္လုပ္ေဆာင္ႏိုင္စြမ္းရွိသူကို ေ႐ြးခ်ယ္ၾကေစလိုေၾကာင္း ႏွင့္ ပါတီ၏ေ႐ြးေကာက္ပြဲေၾကညာစာတမ္းပါအခ်က္မ်ားအား ရွင္းလင္းေျပာၾကားၿပီး မဲေပးစက္ျဖင့္ ဆႏၵမဲေပးေသာ နည္းစနစ္မ်ားအား ရွင္းလင္းျပသပါသည္။

၎ေနာက္ ပါတီဥကၠ႒သည္ ေတြ႕ဆုံပြဲသို႔ တက္ေရာက္လာေသာ ပုပ္ပါးကုန်းရပ်ကွက် မဲဆႏၵရွင္မ်ား တင္ျပသည့္ ေရရရွိေရး၊ မီးရရွိေရး၊ ေက်းလက္လမ္းမ်ားႏွင့္ ေရေျမာင္းမ်ားေကာင္းမြန္ေစေရး၊ ပညာေရးက႑ႏွင့္ ေဒသဖြံ႕ၿဖိဳးေရးလိုအပ္ခ်က္မ်ားအား အျပန္အလွန္ညႇိႏႈိင္းေဆြးေႏြးၿပီး ေတြ႕ဆုံပြဲအား ေန႔လည္ ၁၂၁၅ အခ်ိန္တြင္ ႐ုတ္သိမ္းခဲ့ပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဇေယျာသီရိမြို့နယ် ပုပ်ပါးကုနျးရပျကှကျရှိ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ
====================
နိုဝင်ဘာ ၁၃၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီသည် ၁၃-၁၁-၂၀၂၅ ရက်နေ့ နံနက် ၁၀၀၀ အချိန်တွင် ဇေယျာသီရိမြို့နယ်၊ ပုပ်ပါးကုနျးရပျကှကျသို့ သွားရောက်ပြီး မဲဆန္ဒရှင်ပြည်သူ (၂၀၀)ခန့် နှင့်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီက မိမိအနေဖြင့် ဇေယျာသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများကလည်း ရွေးကောက်ပွဲတွင် မပျက်မကွက် ဆန္ဒမဲပေးစေလိုကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ၏ အနာဂတ်ဘ၀များ ပိုမိုဖွံ့ဖြိုးတိုးတက်ခိုင်မာဖို့ မိမိတို့ပါတီမှ အဆင်သင့်ရှိနေပါကြောင်း၊ အရည်အချင်းရှိသူများစွာ အင်အားအပြည့်ဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သော ပါတီဖြစ်သည့်အတွက် ပြည်ခိုင်ဖြိုးပါတီကို မဲပေးစေလိုကြောင်း၊ အသည်းကြားကလာသော ခံစားချက်ရှိသည့်ဆန္ဒမဲထက် သေချာစဉ်းစားဆုံးဖြတ်ပြီးမှ အမှန်တကယ်လုပ်ဆောင်နိုင်စွမ်းရှိသူကို ရွေးချယ်ကြစေလိုကြောင်း နှင့် ပါတီ၏ရွေးကောက်ပွဲကြေညာစာတမ်းပါအချက်များအား ရှင်းလင်းပြောကြားပြီး မဲပေးစက်ဖြင့် ဆန္ဒမဲပေးသော နည်းစနစ်များအား ရှင်းလင်းပြသပါသည်။

၎င်းနောက် ပါတီဥက္ကဋ္ဌသည် တွေ့ဆုံပွဲသို့ တက်ရောက်လာသော ပုပ်ပါးကုနျးရပျကှကျ မဲဆန္ဒရှင်များ တင်ပြသည့် ရေရရှိရေး၊ မီးရရှိရေး၊ ကျေးလက်လမ်းများနှင့် ရေမြောင်းများကောင်းမွန်စေရေး၊ ပညာရေးကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား အပြန်အလှန်ညှိနှိုင်းဆွေးနွေးပြီး တွေ့ဆုံပွဲအား နေ့လည် ၁၂၁၅ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။