အလုပ္သမားေစလႊတ္မႈ လခ်ဳပ္စာရင္းေပးပို႔ရန္ ေအဂ်င္စီ ၄၀ အထိ က်န္ရွိေန

အလုပ္သမားေစလႊတ္မႈ လခ်ဳပ္စာရင္းေပးပို႔ရန္ ေအဂ်င္စီ ၄၀ အထိ က်န္ရွိေန
===================
၂၀၂၅ ခုႏွစ္ ေအာက္တိုဘာလအတြက္ ျပည္ပသို႔အလုပ္သမားေစလႊတ္မႈ လခ်ဳပ္စာရင္းေပးပို႔ရန္ ေအဂ်င္စီ ၄၀ အထိက်န္ရွိေနေၾကာင္း အလုပ္သမားဝန္ႀကီးဌာန၏ Safe migration မွ ထုတ္ျပန္ထားပါတယ္။
အဆိုပါ ေအဂ်င္စီ မ်ားအေနနဲ႔ ေစလႊတ္ျခင္း ရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ သက္ဆိုင္ရာသို႔ အခ်ိန္မီေပးပို႔ေပးရန္ လိုအပ္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဒါေၾကာင့္ က်န္ရွိေနတဲ့ ေအဂ်င္စီမ်ားအေနနဲ႔ dolmigrationsending@gmail.com သို႔ အခ်ိန္မီေပးပို႔ရန္ အသိေပးထားၿပီး သတ္မွတ္ရက္အတြင္း ေပးပို႔ျခင္းမရွိပါက ဒဏ္ေၾကးေပးေဆာင္ရမည္ျဖစ္ေၾကာင္း သိရပါတယ္။
ျမန္မာႏိုင္ငံမွာ အလုပ္သမားဝန္ႀကီးဌာနက တရားဝင္ခြင့္ျပဳထားတဲ့ ျပည္ပအလုပ္အကိုင္ေအဂ်င္စီမ်ားမွာ ၅၄၇ ခုရွိၿပီး ယင္းတို႔အနက္ အခ်ိဳ႕က လိုင္စင္ယာယီပိတ္သိမ္းခံ ထားရတဲ့ ျပည္ပအလုပ္အကိုင္ေအဂ်င္စီမ်ားလည္း ရွိပါတယ္။
အလုပ်သမားစေလွှတ်မှု လချုပ်စာရင်းပေးပို့ရန် အေဂျင်စီ ၄၀ အထိ ကျန်ရှိနေ
===================
၂၀၂၅ ခုနှစ် အောက်တိုဘာလအတွက် ပြည်ပသို့အလုပ်သမားစေလွှတ်မှု လချုပ်စာရင်းပေးပို့ရန် အေဂျင်စီ ၄၀ အထိကျန်ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာန၏ Safe migration မှ ထုတ်ပြန်ထားပါတယ်။
အဆိုပါ အေဂျင်စီ များအနေနဲ့ စေလွှတ်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သက်ဆိုင်ရာသို့ အချိန်မီပေးပို့ပေးရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ကျန်ရှိနေတဲ့ အေဂျင်စီများအနေနဲ့ dolmigrationsending@gmail.com သို့ အချိန်မီပေးပို့ရန် အသိပေးထားပြီး သတ်မှတ်ရက်အတွင်း ပေးပို့ခြင်းမရှိပါက ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်သမားဝန်ကြီးဌာနက တရားဝင်ခွင့်ပြုထားတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီများမှာ ၅၄၇ ခုရှိပြီး ယင်းတို့အနက် အချို့က လိုင်စင်ယာယီပိတ်သိမ်းခံ ထားရတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီများလည်း ရှိပါတယ်။




