၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲဟာ ေနာက္ဆုံးၿပိဳင္ပြဲ ျဖစ္လာမယ္လို႔ စီေရာ္နယ္လ္ဒို အတည္ျပဳ

၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲဟာ ေနာက္ဆုံးၿပိဳင္ပြဲ ျဖစ္လာမယ္လို႔ စီေရာ္နယ္လ္ဒို အတည္ျပဳ
=====================
ေပၚတူဂီလက္ေ႐ြးစင္အသင္းေခါင္းေဆာင္ တိုက္စစ္မႉး စီေရာ္နယ္လ္ဒိုက ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲဟာ သူ႔အတြက္ လက္ေ႐ြးစင္ကစားသမားဘဝ ေနာက္ဆုံးၿပိဳင္ပြဲ ျဖစ္လာမယ္လို႔ အတည္ျပဳေျပာၾကားခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ လက္ရွိအခ်ိန္မွာ ၂၀၂၆ ကမာၻ႔ဖလားေျခစစ္ပြဲ ယွဥ္ၿပိဳင္ကစားဖို႔ ေပၚတူဂီႏိုင္ငံကို ေရာက္ရွိေနေပမဲ့ ေဆာ္ဒီမွာျပဳလုပ္တဲ့ ကမာၻ႔ခရီးသြားကြန္းဖရန႔္ကို အြန္လိုင္းက တက္ေရာက္ေနစဥ္မွာ CNN က အနားယူမယ့္အခ်ိန္ကို ေမးျမန္းခဲ့တာျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ကမာၻ႔ဖလားၿပိဳင္ပြဲကို (၅)ႀကိမ္ ယွဥ္ၿပိဳင္ခဲ့သူျဖစ္တာေၾကာင့္ လာမယ့္ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲက သူ႔အတြက္ (၆)ႀကိမ္ေျမာက္ ျဖစ္လာမွာပါ။

ေပၚတူဂီအသင္းက ေလာေလာဆယ္ ေျခစစ္ပြဲမေအာင္ေသးေပမဲ့ ႏွစ္ပြဲအလိုမွာ ဒုတိယေနရာကအသင္းကို (၅)မွတ္ျဖတ္ထားတာေၾကာင့္ အိုင္ယာလန္၊ အာေမးနီးယားတို႔နဲ႔ ရင္ဆိုင္ရမယ့္ႏွစ္ပြဲမွာ ႏွစ္မွတ္ရ႐ုံနဲ႔ ေျခစစ္ပြဲ ေအာင္ေတာ့မည္။ #Eleven


၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နောက်ဆုံးပြိုင်ပွဲ ဖြစ်လာမယ်လို့ စီရော်နယ်လ်ဒို အတည်ပြု
=====================
ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့အတွက် လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲ ဖြစ်လာမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားဖို့ ပေါ်တူဂီနိုင်ငံကို ရောက်ရှိနေပေမဲ့ ဆော်ဒီမှာပြုလုပ်တဲ့ ကမ္ဘာ့ခရီးသွားကွန်းဖရန့်ကို အွန်လိုင်းက တက်ရောက်နေစဉ်မှာ CNN က အနားယူမယ့်အချိန်ကို မေးမြန်းခဲ့တာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၅)ကြိမ် ယှဉ်ပြိုင်ခဲ့သူဖြစ်တာကြောင့် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက သူ့အတွက် (၆)ကြိမ်မြောက် ဖြစ်လာမှာပါ။

ပေါ်တူဂီအသင်းက လောလောဆယ် ခြေစစ်ပွဲမအောင်သေးပေမဲ့ နှစ်ပွဲအလိုမှာ ဒုတိယနေရာကအသင်းကို (၅)မှတ်ဖြတ်ထားတာကြောင့် အိုင်ယာလန်၊ အာမေးနီးယားတို့နဲ့ ရင်ဆိုင်ရမယ့်နှစ်ပွဲမှာ နှစ်မှတ်ရရုံနဲ့ ခြေစစ်ပွဲ အောင်တော့မည်။ #Eleven