စက္ဘီးစီးျခင္းက သက္ႀကီး႐ြယ္အိုမ်ားကို ပိုမိုက်န္းမာေစ

စက္ဘီးစီးျခင္းက သက္ႀကီး႐ြယ္အိုမ်ားကို ပိုမိုက်န္းမာေစ
====================
ဂ်ပန္ႏိုင္ငံရွိ ဆူကူဘာတကၠသိုလ္မွ သုေတသနအဖြဲ႕တစ္ခုက စက္ဘီးမွန္မွန္စီးျခင္းက သက္ႀကီး႐ြယ္အိုေတြရဲ႕ က်န္းမာေရးအေပၚ ဘယ္လိုသက္ေရာက္မႈရွိေစလဲဆိုတာကို ၁၀ ႏွစ္ၾကာ ေလ့လာမႈျပဳလုပ္ခဲ့ပါတယ္။
သူတို႔ရဲ႕ေတြ႕ရွိခ်က္အရ စက္ဘီးစီးတာဟာ အလုံးစုံက်န္းမာေရးကို တိုးတက္ေစၿပီး အထူးသျဖင့္ ယာဥ္ေမာင္းလိုင္စင္စြန႔္လႊတ္ထားတဲ့ ဂ်ပန္သက္ႀကီးပိုင္းေတြၾကားမွာ သက္တမ္းပိုရွည္ေစတယ္လို႔ သိရပါတယ္။
၂၀၁၃ ခုႏွစ္မွာ စက္ဘီးစီးတဲ့ သက္ႀကီး႐ြယ္အိုေတြဟာ စက္ဘီးမစီးတဲ့သူေတြထက္ေနာက္ ၁၀ ႏွစ္အတြင္း ေရရွည္က်န္းမာေရး ေစာင့္ေရွာက္မႈ လိုအပ္ျခင္းနဲ႔ ေသဆုံးႏိုင္ေျခပိုနည္းေၾကာင္း ပထမဆုံးေလ့လာမႈက ေတြ႕ရွိခဲ့ပါတယ္။ ၂၀၁၃ ခုႏွစ္မွ ၂၀၁၇ ခုႏွစ္အတြင္း ၄ ႏွစ္ဆက္တိုက္ စက္ဘီးစီးခဲ့တဲ့သူေတြဟာလည္း ေနာက္ပိုင္း ၆ ႏွစ္တာမွာ ေရာဂါျဖစ္ပြားမႈနဲ႔ ေသဆုံးႏိုင္ေျခ ပိုနည္းတယ္လို႔ ဒုတိယေလ့လာမႈက ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ စက္ဘီးဆက္တိုက္စီးသူေတြသာမက အသစ္စတင္စီးနင္းသူေတြပါ ေရရွည္က်န္းမာေရးေစာင့္ေရွာက္မႈ လိုအပ္ႏိုင္ေျခ ေလ်ာ့နည္း သြားတယ္ဆိုတာကို ေတြ႕ရွိရတယ္လို႔ သုေတသီမ်ားက ေျပာပါတယ္။
Ref: IE
စက်ဘီးစီးခြင်းက သက်ကြီးရွယ်အိုများကို ပိုမိုကျန်းမာစေ
====================
ဂျပန်နိုင်ငံရှိ ဆူကူဘာတက္ကသိုလ်မှ သုတေသနအဖွဲ့တစ်ခုက စက်ဘီးမှန်မှန်စီးခြင်းက သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိစေလဲဆိုတာကို ၁၀ နှစ်ကြာ လေ့လာမှုပြုလုပ်ခဲ့ပါတယ်။
သူတို့ရဲ့တွေ့ရှိချက်အရ စက်ဘီးစီးတာဟာ အလုံးစုံကျန်းမာရေးကို တိုးတက်စေပြီး အထူးသဖြင့် ယာဉ်မောင်းလိုင်စင်စွန့်လွှတ်ထားတဲ့ ဂျပန်သက်ကြီးပိုင်းတွေကြားမှာ သက်တမ်းပိုရှည်စေတယ်လို့ သိရပါတယ်။
၂၀၁၃ ခုနှစ်မှာ စက်ဘီးစီးတဲ့ သက်ကြီးရွယ်အိုတွေဟာ စက်ဘီးမစီးတဲ့သူတွေထက်နောက် ၁၀ နှစ်အတွင်း ရေရှည်ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ခြင်းနဲ့ သေဆုံးနိုင်ခြေပိုနည်းကြောင်း ပထမဆုံးလေ့လာမှုက တွေ့ရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ၄ နှစ်ဆက်တိုက် စက်ဘီးစီးခဲ့တဲ့သူတွေဟာလည်း နောက်ပိုင်း ၆ နှစ်တာမှာ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးနိုင်ခြေ ပိုနည်းတယ်လို့ ဒုတိယလေ့လာမှုက ဖော်ပြထားပါတယ်။ ဒါ့အပြင် စက်ဘီးဆက်တိုက်စီးသူတွေသာမက အသစ်စတင်စီးနင်းသူတွေပါ ရေရှည်ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နိုင်ခြေ လျော့နည်း သွားတယ်ဆိုတာကို တွေ့ရှိရတယ်လို့ သုတေသီများက ပြောပါတယ်။
Ref: IE




