ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း ကူနှစ်လုံးဆည်အုပ်စုမှ ပြည်သူများနှင့်တွေ့ဆုံ


ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း ကူနှစ်လုံးဆည်အုပ်စုမှ ပြည်သူများနှင့်တွေ့ဆုံ
==========
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းသည် ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ကူနှစ်လုံးဆည်စုကျေးရွာအုပ်စု၊ဂွေးတောက်ရိုးကျေးရွာတွင်၊မဲ ဆန္ဒရှင်များနှင့်တွေ့ဆုံ၍ စွေးကောက်ပွဲဆိုင်ရာများ၊မဲပေးပုံနည်းစံနစ်များ၊ပါတီ၏ရွေးကောက်ပွဲ ကြေငြာစာတမ်းပါအချက်အလက်များအားရှင်းလင်းပြောကြားပြီး၊ မဲ ဆန္ဒရှင်များနှင့် အပြန်အလှန် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။
ထို့အပြင် Grade 12 ကျောင်းသား၊ကျောင်းသူ
များနှင့်လည်းသီးခြားတွေ့ဆုံကာ ပညာသင်ကြားမှုအခြေအနေနှင့်အနာဂတ်မျှော်မှန်းချက်များ
ဆွေးနွေးခဲ့ကြပါသည်။




