

=====================
နိုဝင်ဘာလ ၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အောင်လံမြို့နယ်၊ ရွာထောင်ရပ်ကွက် မြို့အဝင် ပြည်လမ်းမဘေးတွင် ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
=====================
နို၀င်ဘာလ ၆
ယနေ့နေ့လည် ၁၂နာရီအချိန်တွင် အောင်လံမြို့နယ်၊ရွာထောင်ရပ်ကွက် မြို့အ၀င် ပြည်လမ်းမဘေးတွင် ပါတီ ဆိုင်းဘုတ်တင်အခမ်းအနား ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့အောင်လံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး ဇေယျကျော်ထင် ဦးတင်အောင်ချစ်၊ အောင်လံမြို့နယ်တိုင်းဒေသကြီးလွှတ်တော်(FPTP)ကိုယ်စားလှယ်လောင်း ခရိုင်ပါတီဥက္ကဌ ဦးစန်းလွင် တို့မှ ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊အမွှေးနံ့သာရေများဖြင့်ပက်ဖျန်းခြင်း၊တက်ရောက်လာကြသော အောင်လံမြို့မှ မြို့မိမြို့ဖများမှ အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်းဖွင့်လှစ်ခဲ့ပြီး အောင်နိုင်ရေးကြွေးကြော်သံများသံပြိုင်ဟစ်ကြွေးခဲ့ကာ အခမ်းအနားပြီးဆုံးခဲ့ပါသည်။




