
=======
နိုဝင်ဘာ(၆)ရက်




မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ ပြလို့အခြေစိုက်၊ တောင်နံ့သာ ကျေးရွာအုပ်စု၊ မြစ်နာကျေးရွာတွင် ပြည်သူများနဲ့တွေ့ဆုံပြီး မဲပေးပုံနည်းစနစ်များနှင့် ပါတီ၏ ရည်မှန်းချက် တာဝန်များအား ရှင်းလင်းပြောကြား
=======
နို၀င်ဘာ(၆)ရက််
ယနေ့ နေ့လည် ၁နာရီတွင် အောင်လံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တွဲဖက်အထွေထွေအတွင်းရေးမှူးဦးတင်အောင်ချစ်၊ အောင်လံခရိုင်ပါတီဥက္ကဌ ဦးစန်းလွင် နှင့် ခရိုင်၊မြို့နယ်ပါတီကော်မတီ၀င်များသည် မကွေးတိုင်းဒေသကြီး ၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ပြလို့အခြေစိုက် တောင်နံ့သာကျေးရွာအုပ်စု၊မြစ်နားကျေးရွာတွင် မဲဆွယ်စည်းရုံးရေးတွေ့ဆုံပွဲကျင်းပခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်အောင်ချစ် မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရည်မှန်းချက်နှင့် ယုံကြည်ချက်များ၊ပါတီမှရွေးကောက်ပွဲအတွက် ပေးအပ်ခဲ့သော ကတိက၀တျမြား၊ပါတီ၏မူဝါဒမြား၊ မိမိတို့ပါတီအား ပြည်သူလူထုမှ တာ၀န် ပေးအပ်လာပါက အောင်လံမြိုနယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသ၏အကျိုးစီးပွားတိုးတက်မြင့်မားလာအောင် အစွမ်းကုန် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပြီး “ပြည်သူလူထု၏မဲတစ်ပြားအား နှလုံးသားနှင့်မရွေးချယ်ပဲ ဦးနှောက်ဖြင့် စဉ်းစားဆုံးဖြတ်ပေးပါ” “ပေးသောကတိများကိုတည်စေရမည်”ဟု ပြောကြားခဲ့ပြောကြားခဲ့ပါသည်။

အောင်လံခရိုင်ပါတီဥက္ကဌ ဦးစန်းလွင်မှ မိမိတို့ပါတီမှအောင်လံမြို့နယ်အတွက် ဆောင်ရွက်ပေးခဲ့သော ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျေးရွာချင်းဆက်လမ်းများ၊မီးလင်းရေးကိစ္စများအား ရှင်းလင်း ပြောကြားခဲ့ကာ၊မြစ်နားကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းအစွမ်းကုန်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်သူလူထု၏အကျိုးစီးပွားအား တိုးတက်မြင့်မားအောင် ဆောင်ရွက်နိုင်စွမ်းရှိသော မိမိတို့၏ပါတီအား မဲပေးကြရန်နှင့် မဲပေးပုံနည်းစနစ်များကို တက်ရောက်လာသူများကိုရှင်းလင်းတင်ပြခဲ့ကာ တက်ရောက်လာကြသူများနှင့်အပြန်အလှန်ဆွေးနွေးပြီး နေ့လည် ၃း၃၀ နာရီတွင် တွေ့ဆုံပွဲအခမ်းအနား ပြီးဆုံးခဲ့ပါသည်။