ေဒးဗစ္ဘက္ခမ္း ကို ခ်ားလ္စ္ဘုရင္က သူေကာင္းဘြဲ႕ခ်ီးျမႇင့္

ေဒးဗစ္ဘက္ခမ္း ကို ခ်ားလ္စ္ဘုရင္က သူေကာင္းဘြဲ႕ခ်ီးျမႇင့္
=================
အဂၤလန္ႏိုင္ငံအတြက္ ေဘာလုံး ပြဲ ၁၁၅ ပြဲ ကစားခဲ့ၿပီး ၂၀၀၀ ျပည့္ႏွစ္ ကေန ၂၀၀၆ ခုႏွစ္အထိ ေျခာက္ႏွစ္ၾကာ အဂၤလန္အသင္း ေခါင္းေဆာင္ျဖစ္ခဲ့တဲ့ ခ်ားလ္စ္ဘုရင္က သူေကာင္းဘြဲ႕ခ်ီးျမႇင့္တယ္လို႔ ႏိုင္ငံတကာသတင္းေတြအရ သိရပါတယ္။
ေဒးဗစ္ ဘက္ခမ္း ကို ေဘာလုံးအားကစား နဲ႔ ၿဗိတိသွ်လူ႔အဖြဲ႕အစည္းအေပၚ စြမ္းေဆာင္ေပးခဲ့တဲ့ လုပ္ေဆာင္မႈေတြအတြက္ ခ်ားလ္စ္ ဘုရင္မင္းျမတ္က (ၾဆာ) ဘြဲ႕ကိုခ်ီးျမႇင့္တာလို႔လည္း သိရပါတယ္။

အသက္ ၅၀ အ႐ြယ္ ဘက္ခမ္းကို ဘုရင္က ဝင္ဆာရဲတိုက္မွာ ႏိုဝင္ဘာ ၄ ရက္ေန႔က ခ်ီးျမႇင့္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

အေရွ႕လန္ဒန္မွာ ေမြးဖြားသူ ဘက္ခမ္းဟာ ၂၀၁၂ ခုႏွစ္ လန္ဒန္အိုလံပစ္ပြဲေတာ္ ကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ရရွိေရး အတြက္ ကူညီေဆာင္႐ြက္ႏိုင္ခဲ့သူျဖစ္တယ္လို႔လည္း သိရပါတယ္။
မန္ခ်က္စတာ ယူႏိုက္တက္ နဲ႔ ရီးယဲလ္ မက္ဒရစ္ ကြင္းလယ္လူေဟာင္း ျဖစ္တဲ့ ေဒးဗစ္ ဘက္ခမ္းဟာ ကမာၻ႔ဖလား သုံးႀကိမ္ နဲ႔ ဥေရာပဖလား ႏွစ္ႀကိမ္ ယွဥ္ၿပိဳင္ခဲ့သူ ျဖစ္ပါတယ္။


ဒေးဗစ်ဘက်ခမ်း ကို ချားလ်စ်ဘုရင်က သူကောင်းဘွဲ့ချီးမြှင့်
=================
အင်္ဂလန်နိုင်ငံအတွက် ဘောလုံး ပွဲ ၁၁၅ ပွဲ ကစားခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ကနေ ၂၀၀၆ ခုနှစ်အထိ ခြောက်နှစ်ကြာ အင်္ဂလန်အသင်း ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ချားလ်စ်ဘုရင်က သူကောင်းဘွဲ့ချီးမြှင့်တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
ဒေးဗစ် ဘက်ခမ်း ကို ဘောလုံးအားကစား နဲ့ ဗြိတိသျှလူ့အဖွဲ့အစည်းအပေါ် စွမ်းဆောင်ပေးခဲ့တဲ့ လုပ်ဆောင်မှုတွေအတွက် ချားလ်စ် ဘုရင်မင်းမြတ်က (ဆြာ) ဘွဲ့ကိုချီးမြှင့်တာလို့လည်း သိရပါတယ်။

အသက် ၅၀ အရွယ် ဘက်ခမ်းကို ဘုရင်က ဝင်ဆာရဲတိုက်မှာ နိုဝင်ဘာ ၄ ရက်နေ့က ချီးမြှင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အရှေ့လန်ဒန်မှာ မွေးဖွားသူ ဘက်ခမ်းဟာ ၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်ပွဲတော် ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိရေး အတွက် ကူညီဆောင်ရွက်နိုင်ခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက် နဲ့ ရီးယဲလ် မက်ဒရစ် ကွင်းလယ်လူဟောင်း ဖြစ်တဲ့ ဒေးဗစ် ဘက်ခမ်းဟာ ကမ္ဘာ့ဖလား သုံးကြိမ် နဲ့ ဥရောပဖလား နှစ်ကြိမ် ယှဥ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။