ႏိုဝင္ဘာလ ၇ ရက္မွာ သန္႔ဇင္ နဲ႔ ထိုင္းဖိုက္တာ ခြန္ပြန္ႏြိဳင္ ထိုးသတ္မည္

ႏိုဝင္ဘာလ ၇ ရက္မွာ သန္႔ဇင္ နဲ႔ ထိုင္းဖိုက္တာ ခြန္ပြန္ႏြိဳင္ ထိုးသတ္မည္
================
ျမန္မာဖိုက္တာ သန္႔ဇင္ ဟာ ႏိုဝင္ဘာလ ၇ ရက္မွာက်င္းပမယ့္ ONE Friday Fights (132) ၿပိဳင္ပြဲမွာ ထိုင္းဖိုက္တာ ခြန္ပြန္ႏြိဳင္နဲ႔ ထိုးသတ္သြားမွာျဖစ္ေၾကာင္း ONE Championship က အတည္ျပဳထုတ္ျပန္ထား ပါတယ္။

အသက္ ၃၂ ႏွစ္ရွိၿပီျဖစ္တဲ့ ဝါရင့္ေမြထိုင္းဖိုက္တာ ခြန္ပြန္ႏြိဳင္ဟာ ONE Friday Fightsမွာ ၉ ပြဲထိုးထားၿပီး ၇ ပြဲႏိုင္၊ ၂ ပြဲသာရႈံးနိမ့္ထား ပါတယ္။

ခြန္ပြန္ႏြိဳင္ ဟာ ျမန္မာဖိုက္တာေတြျဖစ္တဲ့ ဆြန္ရက္နဲ႔ မိုးထက္ေအာင္ တို႔ကိုလည္း အႏိုင္ရထားသူျဖစ္ပါတယ္။ ခြန္ပြန္ႏြိဳင္ ဟာ ေနာက္ဆုံးပြဲကို ၿပီးခဲ့တဲ့ၾသဂုတ္လတုန္းက ေမာ္႐ိုကိုဖိုက္တာနဲ႔ ထိုးသတ္ထားၿပီး အမွတ္နဲ႔ အႏိုင္ရရွိထား ပါတယ္။

အသက္ ၂၁ ႏွစ္သာရွိေသးတဲ့ သန္႔ဇင္ က ONE Friday Fights မွာ ၅ ပြဲထိုးသတ္ထားၿပီး ၂ ပြဲႏိုင္၊ ၃ ပြဲ ရႈံးနိမ့္ထားပါတယ္။ သန္႔ဇင္ ဟာ ONE Friday Fights မွာ ၃ ပြဲဆက္တိုက္ရႈံးနိမ့္ထားတာေၾကာင့္ အခုပြဲမွာသာ ဆက္ၿပီး ရႈံးပြဲႀကဳံေတြ႕ခဲ့မယ္ဆိုရင္ ေနာက္ထပ္ပြဲရဖို႔က ခက္ခဲသြားႏိုင္ပါတယ္။


နိုဝင်ဘာလ ၇ ရက်မှာ သန့်ဇင် နဲ့ ထိုင်းဖိုက်တာ ခွန်ပွန်နွိုင် ထိုးသတ်မည်
================
မြန်မာဖိုက်တာ သန့်ဇင် ဟာ နိုဝင်ဘာလ ၇ ရက်မှာကျင်းပမယ့် ONE Friday Fights (132) ပြိုင်ပွဲမှာ ထိုင်းဖိုက်တာ ခွန်ပွန်နွိုင်နဲ့ ထိုးသတ်သွားမှာဖြစ်ကြောင်း ONE Championship က အတည်ပြုထုတ်ပြန်ထား ပါတယ်။

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဝါရင့်မွေထိုင်းဖိုက်တာ ခွန်ပွန်နွိုင်ဟာ ONE Friday Fightsမှာ ၉ ပွဲထိုးထားပြီး ၇ ပွဲနိုင်၊ ၂ ပွဲသာရှုံးနိမ့်ထား ပါတယ်။

ခွန်ပွန်နွိုင် ဟာ မြန်မာဖိုက်တာတွေဖြစ်တဲ့ ဆွန်ရက်နဲ့ မိုးထက်အောင် တို့ကိုလည်း အနိုင်ရထားသူဖြစ်ပါတယ်။ ခွန်ပွန်နွိုင် ဟာ နောက်ဆုံးပွဲကို ပြီးခဲ့တဲ့သြဂုတ်လတုန်းက မော်ရိုကိုဖိုက်တာနဲ့ ထိုးသတ်ထားပြီး အမှတ်နဲ့ အနိုင်ရရှိထား ပါတယ်။

အသက် ၂၁ နှစ်သာရှိသေးတဲ့ သန့်ဇင် က ONE Friday Fights မှာ ၅ ပွဲထိုးသတ်ထားပြီး ၂ ပွဲနိုင်၊ ၃ ပွဲ ရှုံးနိမ့်ထားပါတယ်။ သန့်ဇင် ဟာ ONE Friday Fights မှာ ၃ ပွဲဆက်တိုက်ရှုံးနိမ့်ထားတာကြောင့် အခုပွဲမှာသာ ဆက်ပြီး ရှုံးပွဲကြုံတွေ့ခဲ့မယ်ဆိုရင် နောက်ထပ်ပွဲရဖို့က ခက်ခဲသွားနိုင်ပါတယ်။