၂၀၂၅ ခုႏွစ္အတြက္ Golden Boy ဆုကို PSG တိုက္စစ္ကစားသမား ဒူအီ ရရွိ


================
ဥေရာပအေကာင္းဆုံးလူငယ္ကစားသမားဆုအျဖစ္ သတ္မွတ္ခံရတဲ့ ၂၀၂၅ ခုႏွစ္အတြက္ Golden Boy ဆုကို PSG တိုက္စစ္ကစားသမား ဒူအီ ရရွိခဲ့ေၾကာင္း သိရပါတယ္။

Golden Boy ဆုကို အီတလီအားကစားသတင္းစာ Tuttosport က ဖန္တီးခ်ီးျမႇင့္တာျဖစ္ၿပီး ဥေရာပမွာ ယွဥ္ၿပိဳင္ကစားေနတဲ့ အသက္(၂၁)ႏွစ္ေအာက္ ကစားသမားေတြသာ အက်ဳံးဝင္တာျဖစ္ပါတယ္။

အသက္(၂၀)သာရွိေသးတဲ့ ျပင္သစ္ကစားသမား ဒူအီဟာ ၿပီးခဲ့တဲ့ ၂၀၂၄-၂၅ ေဘာလုံးရာသီမွာ PSG အသင္းနဲ႔အတူ ဖလားသုံးလုံးေအာင္ပြဲ ရရွိခဲ့သူျဖစ္ၿပီး ၿပိဳင္ပြဲစုံ(၆၁)ပြဲကစားကာ (၁၆)ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္ ျပင္သစ္လိဂ္ရဲ႕ အေကာင္းဆုံးလူငယ္ကစားသမားဆုနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးလူငယ္ကစားသမားဆုတို႔ ရရွိခဲ့သလို၊ ေႏြရာသီမွာ က်င္းပခဲ့တဲ့ ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း အေကာင္းဆုံးလူငယ္ကစားသမားဆု ရရွိခဲ့ပါတယ္။

အခု Golden Boy ဆုကို ထပ္မံသိမ္းပိုက္ႏိုင္ခဲ့တာျဖစ္ၿပီး PSG ကစားသမားေတြထဲမွာ ဘာေပရဲ႕ေနာက္ ဒုတိယေျမာက္ ရရွိသူ၊ ျပင္သစ္ကစားသမားေတြထဲမွာ ေပါ့ဘာ၊ မာစီယဲလ္၊ ဘာေပတို႔ရဲ႕ေနာက္ စတုတၳေျမာက္ရရွိသူအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။


၂၀၂၅ ခုနှစ်အတွက် Golden Boy ဆုကို PSG တိုက်စစ်ကစားသမား ဒူအီ ရရှိ
================
ဥရောပအကောင်းဆုံးလူငယ်ကစားသမားဆုအဖြစ် သတ်မှတ်ခံရတဲ့ ၂၀၂၅ ခုနှစ်အတွက် Golden Boy ဆုကို PSG တိုက်စစ်ကစားသမား ဒူအီ ရရှိခဲ့ကြောင်း သိရပါတယ်။

Golden Boy ဆုကို အီတလီအားကစားသတင်းစာ Tuttosport က ဖန်တီးချီးမြှင့်တာဖြစ်ပြီး ဥရောပမှာ ယှဉ်ပြိုင်ကစားနေတဲ့ အသက်(၂၁)နှစ်အောက် ကစားသမားတွေသာ အကျုံးဝင်တာဖြစ်ပါတယ်။

အသက်(၂၀)သာရှိသေးတဲ့ ပြင်သစ်ကစားသမား ဒူအီဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ PSG အသင်းနဲ့အတူ ဖလားသုံးလုံးအောင်ပွဲ ရရှိခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ(၆၁)ပွဲကစားကာ (၁၆)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒါကြောင့် ပြင်သစ်လိဂ်ရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုတို့ ရရှိခဲ့သလို၊ နွေရာသီမှာ ကျင်းပခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့ပါတယ်။

အခု Golden Boy ဆုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး PSG ကစားသမားတွေထဲမှာ ဘာပေရဲ့နောက် ဒုတိယမြောက် ရရှိသူ၊ ပြင်သစ်ကစားသမားတွေထဲမှာ ပေါ့ဘာ၊ မာစီယဲလ်၊ ဘာပေတို့ရဲ့နောက် စတုတ္ထမြောက်ရရှိသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။