မာရဝိဇယ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးကိုလာေရာက္ဖူးေမွ်ာ္သူ ၃ သန္းေက်ာ္ရွိ

မာရဝိဇယ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးကိုလာေရာက္ဖူးေမွ်ာ္သူ ၃ သန္းေက်ာ္ရွိ
======================
ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္ရွိ ဗုဒၶဥယ်ာဥ္ဝတၳဳကံေတာ္မွာ တည္ထားပူေဇာ္တဲ့ မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးကို လာေရာက္ဖူးေျမႇာ္ၾကည္ညိဳသူ ၃ သန္းေက်ာ္ရွိၿပီလို႔ သိရပါတယ္။
ေန႔စဥ္လာေရာက္ဖူးေမွ်ာ္သူမ်ားျပားခဲ့တာေၾကာင့္ ႏိုဝင္ဘာ ၄ ရက္(တန္ေဆာင္မုန္းလျပည့္ေန႔မွာ လူဦးေရ ၃ သန္းျပည့္ခဲ့တာျဖစ္ၿပီး ဒီေန႔အထိလာေရာက္ဖူးေမွ်ာ္သူေတြနဲ႔ပါဆိုရင္ ၃ သန္းေက်ာ္ၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။

မႏၲေလးတိုင္း၊ သာစည္ၿမိဳ႕နယ္၊ မေ႐ြး႐ြာဘုန္းေတာ္ႀကီးေက်ာင္းတိုက္က ဆရာေတာ္ ဘဒၵႏၲ ကုေဝရ သက္ေတာ္(၃၉)ႏွစ္၊ ဝါေတာ္(၁၉)ဝါဟာ (၃)သန္းျပည့္ ေျမာက္တဲ့ ဘုရားဖူးသူအျဖစ္မွတ္တမ္းဝင္ခဲ့တယ္လို႔လည္း သိရပါတယ္။
မွတ္တမ္းဝင္ဆရာေတာ္ကို ဘုရားေဂါပကအဖြဲ႕က ဉာဏ္ ေတာ္(၉)လက္မအျမင့္ရွိ စက်င္ေက်ာက္နဲ႔ထုဆစ္ထားတဲ့ မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးပုံေတာ္တူ ဆင္းတုေတာ္တစ္ဆူ၊ မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး မွန္ေပါင္သြင္းဓာတ္ပုံတစ္ပုံ၊ မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးနဲ႔ သာသနိကအေဆာက္အဦမ်ားဆိုင္ရာသမိုင္းေၾကာင္းပါဝင္သည့္ CD တစ္ခ်ပ္၊ ပါဠိ၊ ႐ိုမန္ အကၡရာႏွစ္မ်ိဳးတို႔ျဖင့္ျပဳစုထားေသာ ဆ႒သဂၤါယနာမူ ပိဋကတ္ပါဠိေတာ္(၅၃)က်မ္း (၄၀)အုပ္တစ္စုံတို႔ကို ဓမၼလက္ေဆာင္အျဖစ္ဆက္ကပ္လႉဒါန္းခဲ့တယ္လို႔လည္း သိရပါတယ္။

“ေနျပည္ေတာ္ကိုအလည္လာရင္ ဦးဇင္းကဒီဘုရားႀကီးကိုေရာက္ျဖစ္တယ္။ ဘာလို႔လာတာလဲဆိုရင္ ဘုရားႀကီးကိုဖူးလိုက္ရတာနဲ႔ အလိုလိုကို စိတ္ခ်မ္းသာတယ္။ ပီတိေတြျဖစ္တယ္။ ဒါေၾကာင့္မို႔ ဦးဇင္းက ေနျပည္ေတာ္လာတိုင္းလာတိုင္းလည္း ဒီဘုရားႀကီးကို ဖူးျဖစ္ပါတယ္”လို႔ ဆရာေတာ္ ဘဒၵႏၲ ကုေဝရ ကမိန္႔ၾကားေတာ္မူခဲ့ပါတယ္။


မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုလာရောက်ဖူးမျှော်သူ ၃ သန်းကျော်ရှိ
======================
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်မှာ တည်ထားပူဇော်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြှော်ကြည်ညိုသူ ၃ သန်းကျော်ရှိပြီလို့ သိရပါတယ်။
နေ့စဥ်လာရောက်ဖူးမျှော်သူများပြားခဲ့တာကြောင့် နိုဝင်ဘာ ၄ ရက်(တန်ဆောင်မုန်းလပြည့်နေ့မှာ လူဦးရေ ၃ သန်းပြည့်ခဲ့တာဖြစ်ပြီး ဒီနေ့အထိလာရောက်ဖူးမျှော်သူတွေနဲ့ပါဆိုရင် ၃ သန်းကျော်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ မရွေးရွာဘုန်းတော်ကြီးကျောင်းတိုက်က ဆရာတော် ဘဒ္ဒန္တ ကုဝေရ သက်တော်(၃၉)နှစ်၊ ဝါတော်(၁၉)ဝါဟာ (၃)သန်းပြည့် မြောက်တဲ့ ဘုရားဖူးသူအဖြစ်မှတ်တမ်းဝင်ခဲ့တယ်လို့လည်း သိရပါတယ်။
မှတ်တမ်းဝင်ဆရာတော်ကို ဘုရားဂေါပကအဖွဲ့က ဉာဏ် တော်(၉)လက်မအမြင့်ရှိ စကျင်ကျောက်နဲ့ထုဆစ်ထားတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပုံတော်တူ ဆင်းတုတော်တစ်ဆူ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မှန်ပေါင်သွင်းဓာတ်ပုံတစ်ပုံ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနဲ့ သာသနိကအဆောက်အဦများဆိုင်ရာသမိုင်းကြောင်းပါဝင်သည့် CD တစ်ချပ်၊ ပါဠိ၊ ရိုမန် အက္ခရာနှစ်မျိုးတို့ဖြင့်ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ပါဠိတော်(၅၃)ကျမ်း (၄၀)အုပ်တစ်စုံတို့ကို ဓမ္မလက်ဆောင်အဖြစ်ဆက်ကပ်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

“နေပြည်တော်ကိုအလည်လာရင် ဦးဇင်းကဒီဘုရားကြီးကိုရောက်ဖြစ်တယ်။ ဘာလို့လာတာလဲဆိုရင် ဘုရားကြီးကိုဖူးလိုက်ရတာနဲ့ အလိုလိုကို စိတ်ချမ်းသာတယ်။ ပီတိတွေဖြစ်တယ်။ ဒါကြောင့်မို့ ဦးဇင်းက နေပြည်တော်လာတိုင်းလာတိုင်းလည်း ဒီဘုရားကြီးကို ဖူးဖြစ်ပါတယ်”လို့ ဆရာတော် ဘဒ္ဒန္တ ကုဝေရ ကမိန့်ကြားတော်မူခဲ့ပါတယ်။