အောင်လံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဗဟိုတွဲဘက်အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်ချစ် ပြလို့အခြေစိုက် ကျောက်ဆည်ကျေးရွာ ပြည်သူများနှင့်တွေ့ဆုံ


အောင်လံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဗဟိုတွဲဘက်အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်ချစ် ပြလို့အခြေစိုက် ကျောက်ဆည်ကျေးရွာ ပြည်သူများနှင့်တွေ့ဆုံ
နိုဝင်ဘာ(၂)ရက်
ယနေ့နံနက် ၉နာရီတွင် အောင်လံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဗဟိုတွဲဘက်အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်ချစ် ၊မကှေးတိုငျးဒေသကြီးတိုင်းပါတီကော်မတီဝင် ဦးအောင်ချိန် ၊ အောင်လံခရိုင်ပါတီဥက္ကဌ ဦးစန်းလွင်နှင့်ခရိုင်၊မြို့နယ်ပါတီကော်မတီဝင်များသည် မကွေးတိုင်းဒေသကြီး ၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ပြလို့အခြေစိုက် ကျောက်ဆည်ကျေးရွာ တွင်မဲဆွယ်စည်းရုံးတွေ့ဆုံပွဲကျင်းပခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်အောင်ချစ် မှ မိမိတို့ပြည်ခိုင်ဖြိုးပါတီ၏ ပညာရေးကဏ္ဍ၊အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍ၊ တောင်သူလယ်သမားနှင့် မွေးမြူရေးကဏ္ဍ၊ စက်မှု့သီးနှံကဏ္ဍ နှင့်သက်ဆိုင်သောပါတီ၏မူဝါဒများ၊ရွေးကောက်ပွဲကြေငြာစာတမ်းများအားရှင်းလင်းပြောကြားခဲ့ပြီး “မိမိတို့ရပ်ရွာအကျိုးအတွက်အစွမ်းကုန်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပေးသောကတိကိုလည်းတည်စေရမည်”ဟု ပြောကြားခဲ့ပါသည်။
တိုင်းကော်မတီဝင် တိုင်းဒေသကြီးလွှတ်တော်(PR)ကိုယ်စားလှယ်လောင်း ဦးအောင်ချိန်မှ အောင်လံမြို့နယ်အတွက် လက်ရှိထက် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၊ ပါတီ၏ ရွေးကောက်ပွဲ ဆိုင်ရာ မူဝါဒများ အားရှင်းလင်းပြောကြားခဲ့ပါသည်။
အောင်လံခရိုင်ပါတီဥက္ကဌ တိုင်းဒေသကြီးလွှတ်တော်(FPTP)ကိုယ်စားလှယ်လောင်း ဦးစန်းလွင်မှ ကျောက်ဆည်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်အစွမ်းကုန်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်သူလူထု၏အကျိုးစီးပွားအား တိုးတက်မြင့်မားအောင် ဆောင်ရွက်နိုင်စွမ်းရှိသော မိမိတို့၏ပါတီအား မဲပေးကြရန်နှင့် မဲပေးပုံနည်းစနစ်များကို တက်ရောက်လာသူများကိုရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများနှင့်အပြန်အလှန်ဆွေးနွေးပြီး နေ့လည် ၁၂ နာရီတွင် တွေ့ဆုံပွဲပြီးဆုံးခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ကျောက်ဆည်ကျေးရွာ နေ ပြည်သူ (၁၅၀)ဦး တက်ရောက်ခဲ့ပါသည်။




