FIFA ASEAN Cup ပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနို ပြော

FIFA ASEAN Cup ပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနို ပြော

=======================

ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ်(ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနို က FIFA ASEAN Cup ပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုသည် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများအတွက် FIFA ASEAN Cup ပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း    ASEAN Summit     သို့ တက်ရောက်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

(၇၇)ကြိမ်မြောက် ASEAN Summit ကို မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့၌ အောက်တိုဘာလ ၂၆ ရက် မှ ၂၈ ရက်အထိ ကျင်းပခဲ့ပြီး ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို တက်ရောက်ခဲ့ကာ ၎င်းက ဖီဖာနှင့်အာဆီယံတို့ကြား ဆက်လက်ပူးပေါင်းလက်တွဲဆောင်ရွက်ရန်   ငါးနှစ် သက်တမ်းရှိ  နားလည်မှုစာချွန်လွှာကို  လက်မှတ် ရေးထိုးခဲ့သည်။

ထို့ပြင်   အဆိုပါအခမ်းအနား၌   အင်ဖန်တီနိုက အရှေ့တောင်အာရှဒေသအတွင်း  ယခုထက်  ဘောလုံး လောက ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် FIFA ASEAN Cup ပြိုင်ပွဲကို   ကျင်းပမည်ဟု ကတိပြုပြောကြား သည့်အပြင်  မိမိတို့အနေဖြင့်  အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများနှင့်   ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက “ဖီဖာနှင့်အာဆီယံကြား သဘောတူညီမှုအသစ်တွေရရှိခဲ့ပါတယ်။ ဒါတွေက ဘောလုံးမှာ  ကွဲပြားခြားနားစွာကူညီပေးနိုင်ပါလိမ့် မယ်။  နောက်ပြီး  အရှေ့တောင်အာရှဒေသတွင်းက ကလေးငယ်တွေ၊ လူငယ်လူရွယ်တွေအတွက် မျှော် လင့်ချက်အသစ်တွေဖြစ်လာမှာပါ။   ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုက အရှေ့တောင်အာရှဒေသတွင်းဘောလုံးအရွေ့ကို ပိုပြီးတွန်းအားဖြစ်စေပါလိမ့် မယ်။ ဒါ့ပြင် နိုင်ငံတကာနဲ့ ချိတ်ဆက်မှုတွေ၊ ကျန်းမာ ရေးနဲ့လူမှုဘဝတွေကိုလည်း  အထောက်အကူအများ ကြီးဖြစ်စေမှာပါ”ဟု ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက အာဆီယံအပေါ် ကူညီပံ့ပိုးမှုအနေ ဖြင့် FIFA ASEAN Cup ပြိုင်ပွဲကို  ကျင်းပမည်ဖြစ် ကြောင်း၊ အဆိုပါပြိုင်ပွဲသည်အရှေ့တောင်အာရှ ဒေသအတွင်းဂုဏ်သိက္ခာကြီးမားသည့်ပြိုင်ပွဲ ဖြစ်လာမည်ဖြစ်ကြောင်း၊ FIFA ASEAN Cup ပြိုင်ပွဲ ကြောင့်    အရှေ့တောင်အာရှဒေသတွင်းက    နိုင်ငံ လက်ရွေးစင်အသင်းများ၏ ဘောလုံးအဆင့်အတန်း သည်လည်းများစွာတိုးတက်လာလိမ့်မည်ဖြစ် ကြောင်း ဆက်လက်ပြောကြားသည်။

သို့သော် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုအနေဖြင့် FIFA ASEAN Cup  ပြိုင်ပွဲကျင်းပမည့်ကာလနှင့် နေရာတို့ကို ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

Ref; Goal.com