
=================
၂၉.၁၁.၂၀၂၅



အတွေးမှန် အရွေးမှန် အပေးမှန်ဖို့ အတွက် ဆန္ဒမဲကို မမေ့လျော့မပေါ့ဆဘဲ ပြည်ခိုင်ဖြိုးပါတီကို မဲပေးကြဖို့ ဦးသောင်းအေးပြော
=================
၂၉.၁၁.၂၀၂၅

ပြည်ခိုင်ဖြိုးပါတီဟာ နိုင်ငံတာဝန်ကိုထိထိရောက်ရောက် ထမ်းဆောင်ဖိုအတွက် အရည်အချင်းတွေကိုကြည်ပြီးတော့ သေချာ စမ်းစစ်ပြီးရွေးချယ်ထားတာကြောင့် ယုံကြည်စိတ်ချစွာ ဆန္ဒမဲပေးနိုင်တယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက ပျော်ဘွယ်မြို့နယ်မဲဆွယ်စည်းရုံးရေးဆောင်ရွက်ချိန်မှာ အထက်ပါအတိုင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။
“အတွေးမှန်အရွေးမှန်ဖို့လိုတယ် ကိုယ့်တိုင်းပြည်ကိုယ့်နိုင်ငံ ကိုယ့်ဒေသအကျိုး ကို တစ်ကယ်လုပ်ဆောင်နိုင်မယ့် စေတနာသဒ္ဒါပြည့်ဝတဲ့ အတွေ့အကြုံရင့်ကျက်တဲ့ စိတ်ထားမြင့်မြတ်တဲ့ ဒီလိုပုဂ္ဂိုလ်မဲပေးပါ” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်အေးကပြောပါတယ်။
ဦးသောင်းအေးကပဲ အဆိုပါပုဂ္ဂိုလ်တွေဘယ်ပါတီမှာရှိတယ် ဆိုတာ သိတဲ့အတိုင်း အတွေးမှန် အသိမှန် အရွေးမှန် အပေးမှန်ကြပါလို့ ဆက်ပြောပါတယ်။