ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ေဇယ်ာသီရိၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးခင္ရီ ပါတီဝင္မ်ားႏွင့္ေတြ႕ဆုံ

ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ေဇယ်ာသီရိၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးခင္ရီ ပါတီဝင္မ်ားႏွင့္ေတြ႕ဆုံ
===============
ေအာက္တိုဘာ ၂၉၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ေနျပည္ေတာ္ ေဇယ်ာသီရိၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးခင္ရီသည္ ယေန႔နံနက္ပိုင္းတြင္ ေဇယ်ာသီရိၿမိဳ႕နယ္ပါတီ႐ုံးခန္းမတြင္ျပဳလုပ္ေသာ ပါတီဝင္မ်ားႏွင့္ေတြဆုံပြဲအခမ္းအနားသို႔ ျပည္ေထာင္စုနယ္ေျမပါတီဥကၠ႒ ဦးလွေဆြႏွင့္အတူ တက္ေရာက္ခဲ့ပါသည္။

ေတြ႕ဆုံပြဲကို ပါတီဥကၠ႒ႏွင့္ တက္ေရာက္လာသူအားလုံးမွ ႏိုင္ငံေတာ္အလံအေလးျပဳ၍ ႏိုင္ငံေတာ္သီခ်င္းသီဆိုဖြင့္လွစ္ၿပီး ပါတီဥကၠ႒က ႏိုင္ငံတစ္ႏိုင္ငံတြင္ ေ႐ြးေကာက္ပြဲတစ္ခု၏ အေရးႀကီးမႈ၊ ဆႏၵမဲမပ်က္မကြက္ေပးေရး တိုက္တြန္းၾကရန္၊ မဲဆြယ္ကာလတြင္ ေဆာင္ရန္ေရွာင္ရန္အခ်က္မ်ားအား ေလးစားလိုက္နာကာ မိမိပါတီေအာင္ႏိုင္ေရးအတြက္ စည္း႐ုံးၾကရန္ မွာၾကားခဲ့ပါသည္။

ထို႔ေနာက္တက္ေရာက္လာေသာ ပါတီဝင္မ်ားက ၎တို႔သိရွိလိုေသာ အခ်က္မ်ားႏွင့္ ေ႐ြးေကာက္ပြဲဆိုင္ရာအခ်က္အလက္မ်ားအား ေမးျမန္းရာ ပါတီဥကၠ႒မွ ျပန္လည္ရွင္းလင္းေဆြးေႏြးခဲ့ပါသည္။ ၎ေနာက္ ေတြ႕ဆုံပြဲအခမ္းအနားအား ဇာတိမာန္သီခ်င္း သံၿပိဳင္သီဆို၍ ႐ုတ္သိမ္းခဲ့ၾကပါသည္။

=========================

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီ ပါတီဝင်များနှင့်တွေ့ဆုံ
===============
အောက်တိုဘာ ၂၉၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီသည် ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်ပါတီရုံးခန်းမတွင်ပြုလုပ်သော ပါတီဝင်များနှင့်တွေဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးလှဆွေနှင့်အတူ တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံပွဲကို ပါတီဥက္ကဋ္ဌနှင့် တက်ရောက်လာသူအားလုံးမှ နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး ပါတီဥက္ကဋ္ဌက နိုင်ငံတစ်နိုင်ငံတွင် ရွေးကောက်ပွဲတစ်ခု၏ အရေးကြီးမှု၊ ဆန္ဒမဲမပျက်မကွက်ပေးရေး တိုက်တွန်းကြရန်၊ မဲဆွယ်ကာလတွင် ဆောင်ရန်ရှောင်ရန်အချက်များအား လေးစားလိုက်နာကာ မိမိပါတီအောင်နိုင်ရေးအတွက် စည်းရုံးကြရန် မှာကြားခဲ့ပါသည်။

ထို့နောက်တက်ရောက်လာသော ပါတီဝင်များက ၎င်းတို့သိရှိလိုသော အချက်များနှင့် ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များအား မေးမြန်းရာ ပါတီဥက္ကဋ္ဌမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် တွေ့ဆုံပွဲအခမ်းအနားအား ဇာတိမာန်သီချင်း သံပြိုင်သီဆို၍ ရုတ်သိမ်းခဲ့ကြပါသည်။