ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ေအာင္ႏိုင္ေရးဆိုင္းဘုတ္တင္ မဂၤလာအခမ္းအနား က်င္းပျပဳလုပ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ေအာင္ႏိုင္ေရးဆိုင္းဘုတ္တင္ မဂၤလာအခမ္းအနား က်င္းပျပဳလုပ္
===================
ေအာက္တိုဘာ ၂၈၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ေအာင္ႏိုင္ေရးဆိုင္းဘုတ္တင္ မဂၤလာအခမ္းအနားကို ၂၈-၁၀-၂၀၂၅ ရက္ေန႔ နံနက္ ၈ နာရီအခ်ိန္တြင္ ေနျပည္ေတာ္ရွိ ပါတီဌာနခ်ဳပ္တြင္ က်င္းပျပဳလုပ္ရာ ပါတီဥကၠ႒ ဦးခင္ရီႏွင့္ ဒုတိယဥကၠ႒မ်ား၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ပါတီကိုယ္စားျပဳဝင္ေရာက္ယွဥ္ၿပိင္ၾကမည့္ ကိုယ္စားလွယ္ေလာင္းမ်ား၊ ျပည္ေထာင္စုနယ္ေျမ ၿမိဳ႕နယ္(၈)ၿမိဳ႕နယ္မွ ပါတီဝင္မ်ား၊ ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ား၊ ပါတီဌာနခ်ဳပ္ ဦးစီး႐ုံးအဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္မ်ား၊ ပါတီဝန္းရံသူမ်ား စုစုေပါင္း အင္အား (၅၀၀၀)ဦးေက်ာ္ တက္ေရာက္ၾကပါသည္။

အခမ္းအနားကို ပါတီဥကၠ႒မွ ေအာင္ႏိုင္ေရးမဂၤလာမိန႔္ခြန္အား ေျပာၾကားရာ “ဒီမိုကေရစီနစ္ကို ေဖာ္ေဆာင္ရာမွာ ေ႐ြးေကာက္ပြဲဆိုတာ မျဖစ္မေနျဖတ္သန္းရမယ့္ မွတ္တိုင္တစ္ခု ျဖစ္ပါတယ္။ ဒီေ႐ြးေကာက္ပြဲႀကီးကို လြတ္လပ္၊ မွ်တ၊ ပြင့္လင္းျမင္သာတဲ့ ေ႐ြးေကာက္ပြဲျဖစ္ဖို႔အတြက္ ႏိုင္ငံေတာ္က တာဝန္ရွိအဖြဲ႕အစည္းအသီးသီးက ႏိုင္ငံတကာ အသိသက္ေသေတြရဲ႕ ေရွ႕ေမွာက္မွာ ေဆာင္႐ြက္သြားမွာျဖစ္လို႔ ဒီေ႐ြးေကာက္ပြဲက ေပၚထြက္လာမယ့္ ရလဒ္ဟာလည္း တရားဝင္မႈ ရွိေစမွာ ျဖစ္ပါတယ္။ ၂၀၂၅ခုႏွစ္၊ ေအာက္တိုဘာလ ၂၈ ရက္ေန႔ မနက္(၆ ၀၀)နာရီကစၿပီး ၂၀၂၅ခုႏွစ္၊ ဒီဇင္ဘာလ ၂၆ ရက္ေန႔ ည(၁၂ ၀၀)နာရီအထိ အခ်ိန္ကာလဟာ တရားဝင္ မဲဆြယ္စည္း႐ုံးခြင့္ ျပဳထားတဲ့ ကာလျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ပါတီဟာ ဥပေဒကို ေလးစားလိုက္နာၿပီး စည္းစနစ္ေဘာင္အတြင္းက သိကၡာရွိစြာ ရပ္တည္ေဆာင္႐ြက္ေနတဲ့ အဖြဲ႕အစည္းျဖစ္တာေၾကာင့္ မဲဆြယ္စည္း႐ုံးခြင့္ ကာလအတြင္းမွာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ခ်မွတ္ထားတဲ့ ဥပေဒ၊ နည္းဥပေဒ၊ အမိန႔္ၫႊန္ၾကားခ်က္၊ ေဆာင္ရန္ / ေရွာင္ရန္ေတြကို တိက်စြာ လိုက္နာၿပီး မဲဆြယ္စည္း႐ုံးေရးလုပ္ငန္းေတြကို ေဆာင္႐ြက္သြားရမွာျဖစ္ပါတယ္။” ဟု ေျပာၾကားခဲ့ပါသည္။

ထို႔ေနာက္ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကေသာ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိမ္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးတို႔မွ ပါတီေအာင္ႏိုင္ေရးဆိုင္းဘုတ္အား ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ၾကပါသည္။ ၎ေနာက္ ပန္းပြားအဖြဲ႕ သမီးငယ္ေလးမ်ားက ပန္းပြားအကအလွမ်ား ကျပေဖ်ာ္ေျဖရာ ပါတီဥကၠ႒မွ ဆုေငြမ်ား အသီးသီးခ်ီးျမႇင့္ခဲ့ၿပီး ပါတီေအာင္ႏိုင္ေရးဆိုင္းဘုတ္တင္ မဂၤလာအခမ္းအနား ေအာင္ျမင္စြာ ၿပီးေျမာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေးဆိုင်းဘုတ်တင် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
===================
အောက်တိုဘာ ၂၈၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေးဆိုင်းဘုတ်တင် မင်္ဂလာအခမ်းအနားကို ၂၈-၁၀-၂၀၂၅ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် ကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိင်ကြမည့် ကိုယ်စားလှယ်လောင်းများ၊ ပြည်ထောင်စုနယ်မြေ မြို့နယ်(၈)မြို့နယ်မှ ပါတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပါတီဌာနချုပ် ဦးစီးရုံးအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပါတီဝန်းရံသူများ စုစုပေါင်း အင်အား (၅၀၀၀)ဦးကျော် တက်ရောက်ကြပါသည်။

အခမ်းအနားကို ပါတီဥက္ကဋ္ဌမှ အောင်နိုင်ရေးမင်္ဂလာမိန့်ခွန်အား ပြောကြားရာ “ဒီမိုကရေစီနစ်ကို ဖော်ဆောင်ရာမှာ ရွေးကောက်ပွဲဆိုတာ မဖြစ်မနေဖြတ်သန်းရမယ့် မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကြီးကို လွတ်လပ်၊ မျှတ၊ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် နိုင်ငံတော်က တာဝန်ရှိအဖွဲ့အစည်းအသီးသီးက နိုင်ငံတကာ အသိသက်သေတွေရဲ့ ရှေ့မှောက်မှာ ဆောင်ရွက်သွားမှာဖြစ်လို့ ဒီရွေးကောက်ပွဲက ပေါ်ထွက်လာမယ့် ရလဒ်ဟာလည်း တရားဝင်မှု ရှိစေမှာ ဖြစ်ပါတယ်။ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ မနက်(၆ ၀၀)နာရီကစပြီး ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ ည(၁၂ ၀၀)နာရီအထိ အချိန်ကာလဟာ တရားဝင် မဲဆွယ်စည်းရုံးခွင့် ပြုထားတဲ့ ကာလဖြစ်ပါတယ်။ ကျွန်တော်တို့ ပါတီဟာ ဥပဒေကို လေးစားလိုက်နာပြီး စည်းစနစ်ဘောင်အတွင်းက သိက္ခာရှိစွာ ရပ်တည်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် မဲဆွယ်စည်းရုံးခွင့် ကာလအတွင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ ဆောင်ရန် / ရှောင်ရန်တွေကို တိကျစွာ လိုက်နာပြီး မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိမ်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးတို့မှ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပါသည်။ ၎င်းနောက် ပန်းပွားအဖွဲ့ သမီးငယ်လေးများက ပန်းပွားအကအလှများ ကပြဖျော်ဖြေရာ ပါတီဥက္ကဋ္ဌမှ ဆုငွေများ အသီးသီးချီးမြှင့်ခဲ့ပြီး ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင် မင်္ဂလာအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။