ဂုတ်ထိပ်တံတားကို သံပေါင်သစ် ပြန်လည်တပ်ဆင်နေ

ဂုတ်ထိပ်တံတားကို သံပေါင်သစ် ပြန်လည်တပ်ဆင်နေ

===================

ဂုတ်ထိပ်တံတားကို ပြန်လည်တည်ဆောက်မှုများ ပြုလုပ်နေပြီး သံပေါင်သစ် ပြန်လည် တပ်ဆင်နေကြောင်း သိရပါတယ်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ကလည်း ပြင်ဦးလွင်၊ နောင်ချို၊ ဂုတ်ထိပ်ဘူတာများနှင့် ဂုတ်ထိပ်တံတား သံပေါင်ပျက်စီးမှု ပြန်လည်ပြုပြင်နေမှုအခြေအနေ၊ နောင်ပိန်နှင့် ကျောက်မဲ ဘူတာများသို့ သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

သံပေါင်သစ် ပြန်လည်တပ်ဆင်နေတဲ့ ဂုတ်ထိပ်တံတားက သမိုင်းအမွေအနှစ်တံတားဖြစ်၍ မူလလက်ရာ ဒီဇိုင်းအတိုင်းဖြစ်အောင် စနစ်တကျဂရုစိုက်၍ ဆောင်ရွက်သွားရန် မှာကြားတိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကိုလိုနီခေတ် ရှေးဟောင်းအမွေအနှစ် ကမ္ဘာကျော်ဂုတ်ထိပ်တံတားက ဩဂုတ်လ ၂၄ ရက် မနက်ပိုင်းမှာ မိုင်းဖောက်ခွဲဖျက်ဆီးခံခဲ့ရတာ ဖြစ်ဖြစ်တယ်လို့ သိရပါတယ်။

၁၈၉၉ ခုနှစ်၌ တည်ဆောက်ပြီး ၁၉၀၀ ခုနှစ်တွင် ပြီးစီးခဲ့ကာ ၁၉၀၃ ခုနှစ်ရောက်မှ စတင်အသုံးပြုခဲ့ပြီး ဂုတ်တွင်းဒေသကြီးရှိ ပေ ၃၀⁠၀ ကျော် မတ်စောက်တဲ့ လျှိုကြီးနှစ်ဘက်ကို ဖြတ်ကျော်တည်ဆောက်ထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။