
===============-=========
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့် စစ်ကိုင်းခရိုင်၊ မြို့နယ်ပါတီတာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံခဲ့
===============-=========
စစ်ကိုင်း အောက်တိုဘာ ၂၅
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့်သည်အောက်တိုဘာ(၂၅)ရက်၊ နေ့လည်ပိုင်း၌စစ်ကိုင်းတိုင်းဒေသကြီး၊၊စစ်ကိုင်းခရိုင်ပါတီရုံးသို့ရောက်ရှိခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဥ်များဆောင်ရွက်နေကြသည့်ခရိုင်၊မြို့နယ်ကော်မတီဝင်များ၊ရုံး ဝန်ထမ်းများ၊ ပါတီဝင်များနှင့်တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအပေါ်လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးအားပေးစကားပြောကြားခဲ့ပါသည်။ ထို့နောက်ခန်းမပြင်ဆင်ထားရှိမှုနှင့်ဆိုင်းဘုတ် ပြင်ဆင်ထားရှိမှုများကြည့်ရှုခဲ့ပါသည်။




