ငြိမ်းချမ်းရေးစာချုပ်ချုပ်ရန် ဂျပန်၏ဆန္ဒရှိမှု ရုရှားနိုင်ငံကကြိုဆို

ငြိမ်းချမ်းရေးစာချုပ်ချုပ်ရန် ဂျပန်၏ဆန္ဒရှိမှု ရုရှားနိုင်ငံကကြိုဆို
=================
ရုရှားနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုသွားရန် ဂျပန်နိုင်ငံ၏ဆန္ဒရှိမှုကို ရုရှားနိုင်ငံကကြိုဆိုကြောင်း သမ္မတရုံးကထုတ် ပြန်ထားသည်။
ဂျပန်နိုင်ငံဝန်ကြီးချုပ်အသစ် ဆာနာအီတာကာအီချီ က ရုရှားနိုင်ငံနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ရေးသည် ၎င်းအစိုးရအဖွဲ့၏ နိုင်ငံခြားရေးမူဝါဒတွင် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေကြောင်း ပြောပြီးနောက် ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ က ယခုကဲ့သို့ ကြိုဆိုကြောင်း ပြောခြင်းဖြစ်သည်။
ရုရှားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားပြီးနောက်ပိုင်းမှစ၍ ယခုအချိန်အထိ ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခြင်းမရှိသေးကြောင်း၊ အထူးသဖြင့် ၁၉၄၅ ခုနှစ်တွင် ဆိုဗီယက် ပြည်ထောင်စုအပိုင် ဖြစ်လာသည့် ကူရေးကျွန်းစုတောင်ပိုင်းစွန်းရှိ ကျွန်းလေးကျွန်းပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားနေခြင်း ကြောင့်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူကပြောသည်။
တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံသည်လည်း ဂျပန်နိုင်ငံနှင့် ငြိမ်းချမ်းရေးသဘောတူစာချုပ် လက်မှတ် ထိုးမှုကို ထောက်ခံကြောင်း၊ သို့သော် အနောက်နိုင်ငံများက ရုရှားနိုင်ငံအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများတွင် ဂျပန်နိုင်ငံကလည်း ပူးပေါင်းပါဝင်နေကြောင်း ဒီမီထရီပက်စကော့ က ပြောထားသည်ဟုသိရသည်။




