အမေရိကန်သမ္မတဒေါ်နယ်ထရန့် က ရုရှားရဲ့ ရေနံကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့

အမေရိကန်သမ္မတဒေါ်နယ်ထရန့် က ရုရှားရဲ့ ရေနံကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့
====================
ရုရှားနဲ့ယူကရိန်း စစ်ပွဲအဆုံးသတ်ဖို့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေဟာ တိုးတက်မှုမရှိဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အိမ်ဖြူတော်မှာပြောကြားပြီး နောက်ပိုင်းမှာ ရုရှားအပေါ် ပထမဆုံးအကြိမ်အဖြစ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ပိတ်ဆို့အရေးယူမှုဟာ ရုရှားရဲ့ အကြီးဆုံးရေနံကုမ္ပဏီနှစ်ခုဖြစ်တဲ့ Lukoil နဲ့ Rosneft ကို အဓိကအရေးယူတာ ဖြစ်တယ်လို့ ပြောဆိုထားသလို “ယနေ့လုပ်ဆောင်မှုတွေဟာ ရုရှားရဲ့စွမ်းအင်ကဏ္ဍအပေါ် ဖိအားတွေ တိုးမြင့်လာစေပြီး သူတို့ရဲ့စစ်တပ်အတွက် အားနည်းစေပြီး ကရင်မလင်ရဲ့ စွမ်းဆောင်ရည်ကို လျော့ကျစေပါလိမ့်မယ် ကျွန်တော်တို့ရဲ့ မဟာမိတ်တွေဟာလည်း ပူးပေါင်းပြီး ဒီပိတ်ဆို့မှုတွေကို လိုက်နာဖို့ ကျွန်ုပ်တို့ တိုက်တွန်းပါတယ် ” လို့လည်း Bessent က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
Rosneft လုပ်ငန်းစုဟာ ဓာတ်ငွေ့ကုမ္ပဏီ Gazprom တစ်ခုတည်းရဲ့ဝင်ငွေအရ ရုရှားရဲ့ ဒုတိယအကြီးဆုံးလုပ်ငန်းစုဖြစ်နေတာပါ။
မကြာသေးမီနှစ်တွေအတွင်း ပိတ်ဆို့အရေးယူမှုတွေနဲ့ ရေနံစျေးနှုန်းတွေ ကျဆင်းမှုကြောင့် ဝင်ငွေပြင်းထန်စွာ ထိခိုက်နစ်နာခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် 68 ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တယ်လို့ ရိုက်တာသတင်းဌာကဖော်ပြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း EUဟာ ရုရှာကုမ္ပဏီတွေအတွက် “ကမ္ဘာ့စျေးကွက်တွေမှ နေရာမရှိ” လို့ ကြေညာခဲ့ပြီး ယူကရိန်းစစ်ပွဲအတွက် ရုရှားကို ငွေကြေးထောက်ပံ့မှုမှ ရပ်တန့်စေဖို့ EUက လုပ်ဆောင်မှာဖြစ်တယ်လို့ ပြောကြားခဲ့တာရှိပါတယ်။
ဟန်ဂေရီနိုင်ငံမှာ ပူတင်နဲ့ ထရန့်တို့တွေ့ဆုံမှုပြတ်ပျယ်ပြီးနောက် အမေရိကန်နိုင်ငံဘက်က အခုလို အရေးယူပိတ်ဆို့တာတွေ လုပ်ဆောင်လာတာဖြစ်ပြီး ယူကရိန်းနိုင်ငံကို ထပ်မံထိုးစစ်ဆင်နေပါက ရုရှားကို ထပ်မံအရေးယူဖို့ ပြင်ဆင်ထားတယ်လို့လည်း အမေရိကန်ဘဏ္ဍာရေးဌာနက ပြောကြားထားပါတယ်။




