ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ မှ ဂုဏ်ထူးရကျောင်းသား/သူ များ ဆုချီးမြှင့်ခြင်းနှင့် ပါတီဝင်များတွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ မှ ဂုဏ်ထူးရကျောင်းသား/သူ များ ဆုချီးမြှင့်ခြင်းနှင့် ပါတီဝင်များတွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်
++++++++++++++++++++++++++++++++++++++++++++
၂၃ အောက်တိုဘာ (နေပြည်တော်)

နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရီမြို့နယ် အတွင်းမှ တက္ကသိုလ်ဝင်တန်း(G-12)ကို ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ထူးချွန်ကျောင်းသား/သူ များကို ဂုဏ်ပြုဆုများချီးမြှင့်ခြင်း နှင့် ပါတီဝင်များတွေ့ဆုံခြင်း အခမ်းအနားကို တက်ရောက်၍ အားပေးဂုဏ်ပြုစကားများပြောကြားခဲ့သည်။

နေ့လည်(၁:၄၅)တွင် ဒက္ခိဏသီရိမြို့နယ် ပါတီရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အခမ်းအနားအစီစဥ် နှစ်ရပ်ဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အခမ်းအနားတွင် ဒုတိယဥက္ကဌမှ
“အနာဂတ်နိုင်ငံတော်သည် လူငယ်များအပေါ်တွင် မူတည်ကြောင်း ထို့ကြောင့် ထူးချွန်ထက်မြတ်ပြီး ရိုးသားကြိုးစားကြသည့် လူတော်လူကောင်းဖြစ်သည့် လူငယ်များအတွက်အလွန်ဝမ်းမြောက်ဂုဏ်ယူကြောင်း” ဦးစွာ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အတွင်းမှ တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် (၄)ဘာသာဂုဏ်ထူးရှင် ၂ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၅)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၉)ဦး နှင့် (၁)ဘာသာဂုဏ်ထူးရှင် (၁၄)ဦး တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများနှင့်အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဂုဏ်ထူးရကျောင်းသား/သူများ ကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်ပြီး အခမ်းအနားဒုတိယပိုင်းအဖြစ် ပါတီဝင်များနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ပြီး ပါတီလုပ်ငန်းစဥ်များကိုဆွေးနွေးညှိနှိုင်းခဲ့ကာ နေ့လည် (၃:၃၀)တွင် တွေ့ဆုံမှုပြီးဆုံးခဲ့သည်။