ညစ်ညမ်းလေထုကိုရှူရှိုက်ခြင်းက ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေ

ညစ်ညမ်းလေထုကိုရှူရှိုက်ခြင်းက ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေ

လေထုညစ်ညမ်းမှုဟာ လူသားတွေကို သာမက ပတ်ဝန်းကျင်ကိုပါ တော်တော်လေးဒုက္ခပေးပါတယ်။ လူသားတွေမှာဆိုရင် နာတာရှည်ကျန်းမာရေး ပြဿနာတွေဖြစ်မယ်။   ပတ်ဝန်းကျင်မှာဆိုရင် ဂေဟစနစ်ကို ပျက်စီးစေမယ်။ ပြောရရင် လေထုညစ်ညမ်းမှုဆိုတာ ဘယ်နေရာမှာမှ အကျိုးမရှိတဲ့အရာပါ။

အခုလည်း သုတေသနပညာရှင်များက ညစ်ညမ်းနေတဲ့လေထုကို ရှူရှိုက်ရခြင်းဟာ      ပါကင်ဆန်ရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်ဆိုပြီး တွေ့ရှိချက်တစ်ခုထုတ်ပြန်လာပါတယ်။ အထူးသဖြင့် စက်ရုံတွေမှာ ချွတ်ဆေးအဖြစ် အသုံးပြုကြလေ့ရှိတဲ့ trichloroethylene (TCE) ပါဝင်နေတဲ့လေထုကို အချိန်ကာလတစ်ခု ကြာမြင့်တဲ့အထိ ရှူရှိုက်နေရခြင်းက ပါကင်ဆန်ရောဂါဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်တက်လာစေတယ်လို့    အမေရိကန်အာရုံကြောဆေးပညာဆိုင်ရာ     အကယ်ဒမီထုတ် ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။

အမေရိကန်လိုနိုင်ငံမျိုးမှာ အဲဒီဓာတုပစ္စည်းအသုံးပြုမှုကို တချို့နေရာတွေမှာ ကန့်သတ်တားမြစ်ထားပေမယ့် အသုံးပြုမှုတွေ ရှိနေဆဲဖြစ်တဲ့အပြင် လေထု၊ ရေထု၊ မြေထုကိုပါ ညစ်ညမ်းမှုတွေ ဖြစ်စေဆဲ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

Ref: IE

#myawady