ONE Friday Fights 130 ပြိုင်ပွဲ တွင်မြန်မာပိုက်တာနှစ်ဦး၏ တွဲဆိုင်း များ ပါဝင်လာမည်
ONE Friday Fights 130 ပြိုင်ပွဲ တွင်မြန်မာပိုက်တာနှစ်ဦး၏ တွဲဆိုင်း များ ပါဝင်လာမည်
==================
အောက်တိုဘာ ၂၄ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပ မည့် ONE Friday Fights 130 ပြိုင်ပွဲ တွင်မြန်မာပိုက်တာနှစ်ဦး၏ တွဲဆိုင်း များ ပါဝင်လာမည်ဖြစ်သည်။
ONE Friday Fights ပြိုင်ပွဲများ တွင် ပွဲပေါင်းများစွာထိုးသတ်နေ သည့် ဆွန်ရက်၊ ပထမဆုံးပွဲထွက်ခွင့် ရမည့် ဆလိုင်းထန်ဦးရှိန်တို့၏ တွဲဆိုင်းများ ပါဝင်လာမည်ဖြစ်သည်။ ဆွန်ရက်သည် ထိုင်းဖိုက်တာ ယာမင်ဆီရာချိုင်နှင့် ယှဉ်ပြိုင်ရ မည်ဖြစ်ပြီး ဆလိုင်းထန်ဦးရှိန်မှာမူ ထိုင်းဖိုက်တာ ဆွန်ချိုင်းမြိုင်နှင့်
ထိုးသတ်ရမည်ဖြစ်သည်။ ဆွန်ရက် သည် ONE နှင့် လက်တွဲပြီးနောက် ၁၄ ပွဲမြောက် ထိုးသတ်ရခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၁၃ ပွဲတွင် ခုနစ်ပွဲနိုင်၊ ခြောက်ပွဲရှုံးနိမ့်ထားသည်။ ဆရာချိုင် မှာမူ ONE နှင့် သုံးပွဲထိုးသတ်ထားရာ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသည်။
ဆလိုင်းထန်ဦးရှိန် အတွက် ယခုပွဲမှာ ONE နှင့် ပထမဆုံးပွဲဖြစ်ပြီး ဆန်ချိုင်းနိုင်မှာမူ ONE နှင့် ၁၁ ပွဲ မြောက် ထိုးသတ်ခြင်းဖြစ်ကာ ပြီးခဲ့ သည့် ၁၀ ပွဲတွင် ကိုးပွဲအထိ အနိုင်ရ ထားပြီး တစ်ပွဲသာရှုံးနိမ့်ထားသည်