ပူတင်နဲ့ ထရမ့် ဆွေးနွေးပွဲကို ခေတ္တဆိုင်းငံ့ထား

ပူတင်နဲ့ ထရမ့် ဆွေးနွေးပွဲကို ခေတ္တဆိုင်းငံ့ထား

=========================

ယူကရိန်း အပစ်အခတ်ရပ်စဲရေးကို မော်စကိုက ငြင်းဆိုထားတာကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား ထိပ်သီးဆွေးနွေးပွဲကို အောက်တိုဘာ ၂၁ ရက်မှာ ခေတ္တဆိုင်းငံ့ထားခဲ့တယ်လို့ သိရပါတယ်။

ကန် နဲ့ရုရှား နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ “ဆက်သွယ်ပြောဆိုမှု ရှိခဲ့နိုင်ပေမယ့် သမ္မတထရွန့် နဲ့ တွေ့ဆုံဖို့ အစီအစဉ်မရှိဘူးလို့ အိမ်ဖြူတော်ကပြောပါတယ်။

ကန်သမ္မတက တွေ့ဆုံမှုမရှိတော့ဘူးလို့ တစ်ဖက်သတ်ပြောဆိုနေပေမယ့် ရုရှားကတော့ ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်တွေ ဆက်လက်လုပ်ဆောင်နေတယ်လို့  သံတမန်တစ်ဦးက​ ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန်ကို ပေးပို့ခဲ့တဲ့ ပုဂ္ဂလိက ကြေညာချက်တစ်ခုမှာ ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ရုရှားက သူ့ရဲ့ ကာလရှည်ကြာ ရပ်တည်ချက်ကို ထပ်လောင်း ပြောကြားခဲ့တယ်လို့ အမေရိကန်အရာရှိတစ်ချို့က ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက်မှာ Budapest မှာကျင်းပဖို့ရှိနေတဲ့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများအကြား ကြိုတင်ပြင်ဆင်တဲ့အစည်းအဝေးကို နှစ်ဘက်စလုံးက ရွှေ့ဆိုင်းထားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်တိုဘာ 20 ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဖုန်းဖြင့် စကားပြောခဲ့ကြတယ်လို့လည်း သိရပါတယ်။

လာမယ့် ပူတင်နဲ့ ထရွန့် ထိပ်သီးအစည်းအဝေးကျင်းပမယ့် အချိန်ဟာ Alaska မှာ ရရှိခဲ့တဲ့ နားလည်မှုတွေကို အကောင်အထည်ဖော်ခြင်းထက် အရေးကြီးတယ်လို့ ရာရှားက ဆိုပါတယ်။

ထိပ်သီးဆွေးနွေးပွဲအတွက် တိကျတဲ့ရက်စွဲမရှိသေးပဲ “အလေးအနက်ပြင်ဆင်မှု” လိုအပ်ပြီး အချိန်ယူရနိုင်တယ်လို့ ကရင်မလင်က ပြောကြားထားပါတယ်။

သမ္မတတွေရဲ့အကြောင်းကို ကျွန်ုပ်တို့ နားလည်ထားပေမယ့် မပြီးပြတ်သေးတဲ့အရာကို ရွှေ့ဆိုင်းနိုင်မှာမဟုတ်ဘူးလို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ကပြောပါတယ်။