ဆံပင်မညှပ်ရသေးတဲ့ မန်ယူနိုက်တက် ပရိသတ်ကို ဒါလော့ အားပေးစကားဆို

ဆံပင်မညှပ်ရသေးတဲ့ မန်ယူနိုက်တက် ပရိသတ်ကို ဒါလော့ အားပေးစကားဆို

================

မန်ယူနိုက်တက်နောက်ခံလူ ဒါလော့က လီဗာပူးလ်ကို အနိုင်ရပြီးနောက် ဆံပင်မညှပ်ရသေးတဲ့ အသင်းပရိသတ်ကို အားပေးစကားဆိုခဲ့ပါတယ်။

မန်ယူနိုက်တက်ပရိသတ် ဖရန့်ခ်အီလတ်ဆိုသူဟာ ပြီးခဲ့တဲ့နှစ်က သူ့အသင်း ငါးပွဲဆက် အနိုင်မရမချင်း ဆံပင်မညှပ်ဘူးလို ကြုံးဝါးခဲ့တာပါ။

အခုနှစ် ဇန်နဝါရီလမှာ မန်ယူနိုက်တက်အသင်း ပြိုင်ပွဲစုံ သုံးပွဲဆက် အနိုင်ရလို အီလတ်အဖို မျှော်လင့်ချက်ရှိလာခဲ့ပေမဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့အတွေ့မှာ အဆုံးသတ်ခဲ့ရပါတယ်။

လီဗာပူးလ်နဲ့ပွဲအပြီး ဒါလော့က ”ကြည့်ရတာပေါ့၊ ကျွန်တော်တို သူ့ကို ဆံပင်ညှပ်စေဖို မျှော်လင့်ချက် ပေးနိုင်ပါတယ်”လို DAZN ကို ပြောခဲ့ပါတယ်။

မန်ယူနိုက်တက် TikTok အကောင့်ကလည်း အီလတ်ရဲ့ ဗီဒီယိုဖိုင်တစ်ခုကို ”ကျွန်တော်တိုမှာ အားတက်စရာ နောက်ဆုံးအခြေအနေတစ်ခု ရှိခဲ့ပါတယ်”လို တုံပြန်ခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ နည်းပြ အာမိုရင်မ်လက်ထက်မှာ အခုမှ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်နှစ်ပွဲဆက် အနိုင်ရခဲ့ပါတယ်။ #Eleven