မြန်မာယူ-၁၇အမျိုးသမီးအသင်း မကာအိုအသင်းကို ၇ဂိုးပြတ်ဖြင့် အနိုင်ရ

မြန်မာယူ-၁၇အမျိုးသမီးအသင်း မကာအိုအသင်းကို ၇ဂိုးပြတ်ဖြင့် အနိုင်ရ

==================

အာရှယူ-၁၇အမျိုးသမီးဘောလုံးပြိုင်ပွဲခြေစစ်ပွဲစဉ်အဖြစ် မြန်မာယူ-၁၇အမျိုးသမီးအသင်းနဲ့ မကာအိုယူ-၁၇အမျိုးသမီးအသင်းတို့ အောက်တိုဘာ၁၅ရက် ညနေပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းက ၇ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရသွားပါတယ်။

မြန်မာယူ-၁၇အမျိုးသမီးအသင်းအတွက် ဂိုးတွေကို ပွဲကစားချိန်၂မိနစ်၊ မိနစ်၆၀နဲ့ ၆၃မိနစ်တွေမှာ ရှင်းသန့်ဖြူစင်ပြုံးက ဟက်ထရစ်သွင်းယူပေးခဲ့ပြီး ပွဲကစားချိန် ၁၉မိနစ်နဲ့ ၄၅မိနစ်မှာ ပင်မြင့်ယံက နှစ်ဂိုး၊ ပွဲကစားချိန် ၄၂မိနစ်မှာ L Lဆိုင်းဟွယ်နန်းနဲ့ ပထမပိုင်းအပြီး နာကျင်အချိန်ပို၂မိနစ်မှာ ခိုင်ဇင်မြင့်တို့က တစ်ဂိုးစီသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာ အခုပွဲစဉ်မှာ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် အောက်တိုဘာ၁၇ရက်မှာကစားမဲ့ အင်ဒိုနီးရှားအသင်းနဲ့ ပွဲစဉ်မှာ အနိမ့်ဆုံးသရေရလဒ်ရရုံနဲ့ ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။
ဓာတ်ပုံ-MFF