ဂါဇာငြိမ်းချမ်းရေးသဘောတူညီချက် ပထမအဆင့်ကို ကမ္ဘာ့ခေါင်းဆောင်ပါဝင်လက်မှတ်ရေးထိုး
ဂါဇာငြိမ်းချမ်းရေးသဘောတူညီချက် ပထမအဆင့်ကို ကမ္ဘာ့ခေါင်းဆောင်ပါဝင်လက်မှတ်ရေးထိုး
=================
ဂါဇာအရေးထိပ်သီးညီလာခံကို အောက် တိုဘာလ ၁၃ ရက်တွင် အီဂျစ်နိုင်ငံရှိ ရှမ် အယ်ရှိတ်မြို့၌ကျင်းပပြီး တက်ရောက်လာသည့် ကမ္ဘာ့ခေါင်းဆောင်များက ဂါဇာငြိမ်းချမ်းရေးသဘောတူစာချုပ် ပထမအဆင့်ကို လက်မှတ် ရေးထိုးလိုက်ကြောင်း သိရသည်။
ထိုထိပ်သီးညီလာခံကို အီဂျစ်သမ္မတ အယ်စီစီနှင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်တို့က သဘာပတိအဖြစ်ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ကျော်မှခေါင်းဆောင်များသာမက ဒေသတွင်းနှင့်နိုင်ငံတကာအဖွဲ့အစည်းအကြီး အကဲများတက်ရောက်သည်။
အဆိုပါစာချုပ်တွင်ပါဝင်လက်မှတ်ထိုး သည့်သူများအနေဖြင့် ဒေသတွင်း၌ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့်မျှဝေသော ချမ်းသာကြွယ်ဝရေးဆိုသည့် မျှော်မှန်းချက် အတိုင်းဆက်လက်လိုက်ပါဆောင်ရွက်သွား ရန် ကတိပြုထားသည်။
ဂါဇာပဋိပက္ခသည် လူသားတို့၏သမိုင်းကြောင်းတွင် အလွန်နာကျင်ဖွယ်ကောင်းလှသော စာမျက်နှာတစ်ခု ဖြစ်ကြောင်း၊ ထိုစာမျက်နှာကို ယခုအခါပိတ်သိမ်းလိုက်နိုင်ပြီဖြစ်ကြောင်းနှင့် အစ္စရေး-ပါလက်စတိုင်းအရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံတည်ရှိမှုအဖြေအတွက် မူဘောင်တစ်ခုကိုချမှတ်လိုက်နိုင်ကြောင်း အီဂျစ်သမ္မတက ပြောသည်။
ထို့ပြင် ယခုအချိန်အခါသည် အရှေ့အလယ်ပိုင်းဒေသအတွက် နေ့ထူးနေ့မြတ်ကြီးတစ်ခုဖြစ်ကြောင်း ထရမ့် က ပြောထားသည်ဟု AGC သတင်းဌာနဖော်ပြချက်အရ သိရသည်။