ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မိသားစု ရေးဆင်းကျေးရွာလုံးဆိုင်ရာ သာသနာ့ဗိမာန် ပြန်လည်တည်ဆောက်ရန် မတည်အလှူငွေများလှူဒါန်း
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မိသားစု ရေးဆင်းကျေးရွာလုံးဆိုင်ရာ သာသနာ့ဗိမာန် ပြန်လည်တည်ဆောက်ရန် မတည်အလှူငွေများလှူဒါန်း
=====================================
အောက်တိုဘာ ၁၃၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရေးဆင်းကျေးရွာသို့ သွားရောက်ပြီး မန္တလေးငလျင်ကြီး၏ လှုပ်ခတ်မှုဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ရေးဆင်းကျေးရွာလုံးဆိုင်ရာ သာသနာ့ဗိမ္မာန် ပြန်လည်တည်ဆောက်ရန်အတွက် မတည်အလှူငွေများ လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ သာသနာ့ဗိမ္မာန်အတွက် မိမိတို့ မိသားစုမှ မတည်အလှူရှင်အဖြစ် လှူဒါန်းပါကြောင်း၊ အလှူရှင်အသီးသီးမှလည်း ပါဝင်လှူဒါန်းကြသည်ဟု ကြားသိရသည့်အတွက် သာဓုအနုမောဒနာခေါ်ဆိုရပါကြောင်း၊ ယခုလို စုပေါင်းလှူဒါန်းကြသည့်အတွက် ဤသာသနာ့ဗိမ္မာန်ကြီး အမြန်ဆုံးပြန်လည် တညျဆောကျနိုငျမှာွဖဈသည့ျအတှကျ များစွာဝမ်းသာရကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် သာသနာ့ဗိမ္မာန်ကြီးပြန်လည်တည်ဆောက်ရန် အချက်အလက်များနှင့် ဆောင်ရွက်ရန်လုပ်ငန်းများအား သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြပါသည်။
၎င်းနောက် သာသနာ့ဗိမ္မာန်ပြန်လည်တည်ဆောက်ရန် ပါတီဥက္ကဋ္ဌ ဦးခင်ရီ မိသားစုမှ မတည်အလှူငွေနှင့် အလှူရှင်အသီးသီးမှ အလှူငွေများအား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံခဲ့ပြီး အလှူငွေပေးအပ်ပွဲအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။