မြောက်ကိုရီးယားက စစ်ရေးပြအခမ်းအနားကြီးကျင်းပ တိုက်ချင်းပစ်ဒုံးကျည်အသစ်ကို ထုတ်ဖော်ပြသ
မြောက်ကိုရီးယားက စစ်ရေးပြအခမ်းအနားကြီးကျင်းပ တိုက်ချင်းပစ်ဒုံးကျည်အသစ်ကို ထုတ်ဖော်ပြသ
====================
မြောက်ကိုရီးယားနိုင်ငံက အောက်တိုဘာလ ၁၀ ရက် ညပိုင်းတွင် ကြီးကျယ်ခမ်းနားသော စစ်ရေးပြ အခမ်းအနားကြီးတစ်ရပ်ကို ကျင်းပပြီး စစ်ရေးပြအခမ်းအနားသို့ တက်ရောက်လာသော နိုင်ငံတကာမှ ခေါင်းဆောင်များရှေ့မှောက်၌ နောက်ဆုံးထုတ်လုပ်ထားသည့် တိုက်ချင်းပစ်ဒုံးကျည် အမျိုးအစားအသစ်ကို ထုတ်ဖော်ပြသလိုက်သည်ဟု မြောက်ကိုရီးယားအစိုးရ၏ KCNA သတင်းဌာနက အောက်တိုဘာလ ၁၁ ရက်တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံ၏ အာဏာရအလုပ်သမားပါတီတည်ထောင်မှု နှစ်(၈၀)ပြည့်အထိမ်းအမှတ်အဖြစ် ထိုစစ်ရေးပြအခမ်းအနားကို ကျင်းပခြင်းဖြစ်ပြီး ယင်းအခမ်းအနားသို့ တရုတ်နိုင်ငံဝန်ကြီးချုပ် လီကျန်း၊ ရုရှားနိုင်ငံ၏ လုံခြုံရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒီမီထရီမက်ဗီဒက်၊ ဗီယက်နမ်ကွန်မြူနစ်ပါတီခေါင်းဆောင် တိုလမ်း နှင့် အခြားနိုင်ငံများစွာမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့သည်။
ယခုစစ်ရေးပြအခမ်းအနား၌ ထုတ်ဖော်ပြသလိုက်သော တိုက်ချင်းပစ်ဒုံးကျည်က Hwasong-20 အမျိုးအစား တိုက်ချင်းပစ် အမြင့်ပျံဒုံးကျည်ဖြစ်ကြောင်း၊ ၎င်းသည် နိုင်ငံ၏ အခိုင်မာဆုံးသော နျူကလီးယား မဟာဗျူဟာ လက်နက်စနစ်ဖြစ်ကြောင်း KCNA သတင်းဌာနကဖော်ပြထားသည်။
ယင်းဒုံးကျည်သည် အမေရိကန် ပြည်မကြီးရှိ မည်သည့်နေရာတွင်မဆို ရှိသည့်ပစ်မှတ်များကို တိကျမှုရှိစွာ ထိမှန်အောင်ပစ်ခတ် နိုင်စွမ်းရှိကြောင်း သိရသည်။