ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ မဲစာရင်းကပ်ထားမှုများ ကွင်းဆင်းစစ်ဆေး
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ မဲစာရင်းကပ်ထားမှုများ ကွင်းဆင်းစစ်ဆေး
===================
နေပြည်တော်၊ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၃ ရက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးလှဆွေနှင့်အတူ လိုက်ပါ၍ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကပ်ထားသည့် မဲစာရင်းများကို ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်ရှိ ကျည်တောင်၊ သာယာကုန်း၊ စည်ပင်ကြီး၊ ရေဇင်း၊ ပြည်စံအောင်၊ ကျောက်ချက်နှင့် ခေတ်အေးကျေးရွာများသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ယင်းကျေးရွာများရှိ မဲစာရင်း ကပ်ထားမှု အခြေအနေများကို အနီးကပ် စစ်ဆေးကြည့်ရှုခဲ့ပြီးနောက် လိုအပ်သည့်အချက်အလက်များ ရှိပါက သတ်မှတ်ပုံစံများဖြင့် အချိန်မီ ပြန်လည်ဖြည့်တင်း တင်ပြနိုင်ရေးအတွက် ဒေသခံပါတီတာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
လာမည့်ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်ရေး လုပ်ငန်းစဉ်များကို ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အလေးထားဆောင်ရွက်နေသည့် အခြေအနေကို ယခုကွင်းဆင်းစစ်ဆေးမှုက ထင်ရှားစေသည်။