Xiaomi သမိုင်းမှာ အရောင်းသွက်ဆုံး စီးရီးဖြစ်လာတဲ့ Xiaomi 17
Xiaomi သမိုင်းမှာ အရောင်းသွက်ဆုံး စီးရီးဖြစ်လာတဲ့ Xiaomi 17
=======================
Xiaomi 17 စီးရီးက ကုမ္ပဏီအတွက် စံချိန်တင် အရောင်းသွက်နေပါတယ်။
Xiaomi 17 ထွက်ပြီး တစ်ပတ်လောက်အကြာမှာ ကုမ္ပဏီဥက္ကဌ လုဝေပင်းက ရောင်းအား ၁ သန်းကျော်သွားပြီလို့ ကြေညာပါတယ်။ တရုတ်ဈေးကွက်မှာ Xiaomi 17 စီးရီး မော်ဒယ် ၃ မျိုး ဝင်ပြီး တစ်ပတ်အတွင်း ရောင်းအားပါ။
ဒီစံချိန်က အရင် Xiaomi မျိုးဆက်တွေရဲ့ စံချိန်တွေကို ချိုးဖျက်သွားတာပါ။ Xiaomi 17 စီးရီးမှာ Mi 11 Ultra စတိုင် ကျောဘက် screen ဒီဇိုင်းဆန်းသုံးတဲ့ Pro lineup က တော်တော် လူကြိုက်များသွားပါတယ်။ Pro Max တစ်မျိုးတင် ရောင်းအားရဲ့ တစ်ဝက်ကျော်လောက် ရှိတယ်လို့ ဆိုပါတယ်။
ကြိတ်ကြိတ်တိုး ရောင်းနေရလို့ ကုမ္ပဏီကလည်း ဖုန်းတွေ အလျင်မှီအောင် တိုးထုတ်လုပ်နေရတယ်လို့ ပြောပါတယ်။ Xiaomi 17 lineup က Android flagship တွေထဲမှာ ဦးဦးဖျားဖျား Snapdragon 8 Elite Gen 5 SoC သုံးသွားတဲ့ မော်ဒယ်တွေပါ။ ကင်မရာကောင်း ၊ ဘက်ထရီကြီး ၊ performance မြင့်တဲ့ ဆန်းဆန်းဆန်းပြားပြား ဖုန်းတွေပါပဲ။
global ဈေးကွက်ထဲလည်း ဝင်ဖို့တော့ ရှိပါတယ်။ global မှာတော့ တရုတ်မှာ နာမည်ကြီးနေတဲ့ pro lineup တွေ မဝင်သေးဘဲ Xiaomi 17 ဘဲ စဝင်မယ်လို့ သတင်းကြားနေပါတယ်။ ကမ္ဘာ့ဈေးကွက်ထဲ ဘယ်နေ့ဖြန့်မလဲဆိုတာတော့ သတင်းထွက်မလာသေးပါဘူး။
#DuwunTech